ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဘယ်သူတွေပါပြီး ဘယ်သူတွေလွဲမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ဖို့ရှိပြီး နိုင်ငံတကာပွဲစဉ်တွေကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ကစားသမားတွေ၊ ပြန်ပါလာမယ့်ကစားသမားတွေနဲ့ လွဲချော်မယ့် ကစားသမားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

မန်စီးတီး

အင်္ဂလန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဒီဘရူနီဟာ မန်စီးတီးရဲ့ပွဲစဉ် ၃ ပွဲကို လွဲချော်ဖို့ရှိနေပါ တယ်။ ဒါပေမဲ့ ဂွါဒီယိုလာအတွက် သတင်းကောင်းကတော့ ကာလရှည်နားနေရတဲ့ တိုက်စစ်မှူး အဂူရို ပြန်ပါလာမယ့်အကြောင်းပါပဲ။

လက်စတာ

လက်စတာတိုက်စစ်မှူး ဗာဒီဟာ သူ့ရဲ့တံကောက်ကြောဒဏ်ရာကို စကင်ဖတ်စစ်ဆေး ရမှာဖြစ်တဲ့အတွက် တနင်္ဂနွေနေ့မှာကစားမယ့် ဗီလာနဲ့ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

ချဲလ်ဆီး

ချဲလ်ဆီးအသင်းမှာ ဂိုးသမားမန်ဒီက ဒဏ်ရာပြဿနာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို လွဲချော်ဖို့ရှိပြီး ကီပါနဲ့ ကာဘယ်လီရိုတို့ ၂ ယောက်ထဲက တစ်ယောက် ဖမ်းဖို့ရှိပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ ဇီရက်ချ်လည်း ပါဝင်ကစားဖို့ရှိနေပြီး နောက်တန်းမှာတော့ သီယာဂိုဆေးလ်ဗား ပါဝင်နိုင်မှာမဟုတ်ပါဘူး။

လီဗာပူး

အဲဗာတန်နဲ့ကစားမယ့် မာဆေးဆိုဒ်ဒါဘီအတွက် အယ်ကန်တာရာနဲ့ မာနေးတို့ ၂ ဦး စလုံး လီဗာပူးအတွက် ပြန်ပါလာဖို့ရှိပါတယ်။ သူတို့ ၂ ယောက်ဟာ ကိုဗစ်ပေါ့စတစ် ပြဿနာကြောင့် အနားယူနေခဲ့ရတာပါ။

မန်ယူ

တိုက်စစ်မှူးသစ် ကာဗာနီက နယူးကာဆယ်နဲ့ပွဲကို ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ ခြေစွမ်းကျ ဆင်းနေတဲ့ နောက်ခံလူ မက်ဂွီရီကိုလည်း နည်းပြဆိုးလ်ရှားက အနားပေးဖို့ ၅၀-၅၀ ရှိ နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ဘယ္သူေတြပါၿပီး ဘယ္သူေတြလြဲမလဲ

ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ဖို႔ရွိၿပီး ႏုိင္ငံတကာပြဲစဥ္ေတြေၾကာင့္ ထိခိုက္ဒဏ္ရာရခဲ့တဲ့ကစားသမားေတြ၊ ျပန္ပါလာမယ့္ကစားသမားေတြနဲ႔ လြဲေခ်ာ္မယ့္ ကစားသမားေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

မန္စီးတီး

အဂၤလန္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဒီဘရူနီဟာ မန္စီးတီးရဲ႕ပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါ တယ္။ ဒါေပမဲ့ ဂြါဒီယိုလာအတြက္ သတင္းေကာင္းကေတာ့ ကာလရွည္နားေနရတဲ့ တုိက္စစ္မွဴး အဂူရို ျပန္ပါလာမယ့္အေၾကာင္းပါပဲ။

လက္စတာ

လက္စတာတိုက္စစ္မွဴး ဗာဒီဟာ သူ႕ရဲ႕တံေကာက္ေၾကာဒဏ္ရာကို စကင္ဖတ္စစ္ေဆး ရမွာျဖစ္တဲ့အတြက္ တနဂၤေႏြေန႔မွာကစားမယ့္ ဗီလာနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းမွာ ဂိုးသမားမန္ဒီက ဒဏ္ရာျပႆနာေၾကာင့္ ေဆာက္သမ္တန္နဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရွိၿပီး ကီပါနဲ႔ ကာဘယ္လီရိုတို႔ ၂ ေယာက္ထဲက တစ္ေယာက္ ဖမ္းဖို႔ရွိပါတယ္။ ဒါ့အျပင္ ကြင္းလယ္မွာ ဇီရက္ခ်္လည္း ပါ၀င္ကစားဖို႔ရွိေနၿပီး ေနာက္တန္းမွာေတာ့ သီယာဂိုေဆးလ္ဗား ပါ၀င္ႏိုင္မွာမဟုတ္ပါဘူး။

လီဗာပူး

အဲဗာတန္နဲ႔ကစားမယ့္ မာေဆးဆိုဒ္ဒါဘီအတြက္ အယ္ကန္တာရာနဲ႔ မာေနးတို႔ ၂ ဦး စလံုး လီဗာပူးအတြက္ ျပန္ပါလာဖို႔ရွိပါတယ္။ သူတို႔ ၂ ေယာက္ဟာ ကိုဗစ္ေပါ့စတစ္ ျပႆနာေၾကာင့္ အနားယူေနခဲ့ရတာပါ။

မန္ယူ

တုိက္စစ္မွဴးသစ္ ကာဗာနီက နယူးကာဆယ္နဲ႔ပြဲကို ပါ၀င္ႏိုင္ဦးမွာမဟုတ္ဘဲ ေျခစြမ္းက် ဆင္းေနတဲ့ ေနာက္ခံလူ မက္ဂီြရီကိုလည္း နည္းျပဆိုးလ္ရွားက အနားေပးဖို႔ ၅၀-၅၀ ရွိ ေနပါတယ္။