စမစ်ရိုတစ်ယောက် အစောပိုင်းပွဲတွေတုန်းက ဘာကြောင့်မပါရသလဲဆိုတာကို အာတီတာရှင်းပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက စမစ်ရိုတစ်ယောက် အစောပိုင်းပွဲစဉ်တွေတုန်းက မပါဝင်တာဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကြောင့်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာကာ ၊ မာတီနယ်လီတို့နည်းတူ စမစ်ရိုကလည်း ဒီရာသီအာဆင်နယ်အသင်းရဲ့နောက်ပိုင်းနိုင်ပွဲတွေနဲ့အတူ တောက်ပလာခဲ့တဲ့ကစားသမားလေးဖြစ်ပါတယ်။

စမစ်ရိုဟာ ချဲလ်ဆီး ၊ ဘရိုက်တန် ၊ ဝက်စ်ဘရွန်းစတဲ့အသင်း ၃ သင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း အသက် ၂၀ အရွယ်ကစားသမားလေးရဲ့ခြေစွမ်းကို သဘောကျနေပြီး နောက်ပိုင်းပွဲတွေမှာလည်း အသုံးပြုဖို့ တောင်းဆိုခဲ့သလို အစောပိုင်းတုန်းက နေရာမပေးခဲ့တဲ့ အာတီတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

အာတီတာကတော့ စမစ်ရို စီနီယာအသင်းမှာနေရာမပေးတာဟာ ဒဏ်ရာအခြေအနေတွေကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ “သူ(စမစ်ရို)က အသင်းအတွက် အရမ်းကို အလုပ်ကြိုးစားပေးတဲ့ကောင်လေးပါ။ ဒီနှစ်မှာ သူ့ဒဏ်ရာအခြေအနေက တော်တော်ဆိုးပါတယ်။ ကျွန်တော်တို့နဲ့လည်း ကောင်းကောင်းမလေ့ကျင့်ရပါဘူး။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ကျွန်တော်တို့နဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာပါ။ သူ့မှာထိပ်တန်းအရည်းအချင်းတွေရှိနေပါတယ်။ သူ့ရဲ့ခြေစွမ်းမျိုးကို ကျွန်တော်တို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာက “ပထမနေ့မှာ စလေ့ကျင့်ကတည်းက ကျွန်တော်သူ့ကိုအရမ်းကြိုက်ခဲ့ပါတယ်။ ကွင်းလယ်နေရာမှာလည်း သူကအကောင်းဆုံးအံဝင်အောင် ကစားနိုင်ပါတယ်။

တကယ့်ကို ထင်မှတ်မထားနိုင်လောက်အောင် အရမ်းကောင်းလွန်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စမစ္ရိုတစ္ေယာက္ အေစာပိုင္းပြဲေတြတုန္းက ဘာေၾကာင့္မပါရသလဲဆိုတာကို အာတီတာရွင္းျပီ

အာဆင္နယ္အသင္းနည္းျပ အာတီတာက စမစ္ရိုတစ္ေယာက္ အေစာပိုင္းပြဲစဥ္ေတြတုန္းက မပါ၀င္တာဟာ သူ႕ရဲ႕ဒဏ္ရာအေျခအေနေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားလို္က္ပါတယ္။ ဆာကာ ၊ မာတီနယ္လီတို႔နည္းတူ စမစ္ရိုကလည္း ဒီရာသီအာဆင္နယ္အသင္းရဲ႕ေနာက္ပိုင္းႏိုင္ပြဲေတြနဲ႔အတူ ေတာက္ပလာခဲ့တဲ့ကစားသမားေလးျဖစ္ပါတယ္။ စမစ္ရိုဟာ ခ်ဲလ္ဆီး ၊ ဘရိုက္တန္ ၊ ၀က္စ္ဘရြန္းစတဲ့အသင္း ၃ သင္းကိုအႏိုင္ရရွိခဲ့တဲ့ပြဲေတြမွာ ေျခစြမ္းေကာင္းတစ္ရပ္ျပသႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကလည္း အသက္ ၂၀ အရြယ္ကစားသမားေလးရဲ႕ေျခစြမ္းကို သေဘာက်ေနျပီး ေနာက္ပိုင္းပြဲေတြမွာလည္း အသံုးျပဳဖို႔ ေတာင္းဆိုခဲ့သလို အေစာပိုင္းတုန္းက ေနရာမေပးခဲ့တဲ့ အာတီတာကိုလည္း ေမးခြန္းထုတ္ေနၾကပါတယ္။ အာတီတာကေတာ့ စမစ္ရိုို စီနီယာအသင္းမွာေနရာမေပးတာဟာ ဒဏ္ရာအေျခအေနေတြေၾကာင့္ျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။ “သူ(စမစ္ရို)က အသင္းအတြက္ အရမ္းကို အလုပ္ၾကိဳးစားေပးတဲ့ေကာင္ေလးပါ။ ဒီႏွစ္မွာ သူ႕ဒဏ္ရာအေျခအေနက ေတာ္ေတာ္ဆိုးပါတယ္။ ကြ်န္ေတာ္တို႔နဲ႔လည္း ေကာင္းေကာင္းမေလ့က်င့္ရပါဘူး။

လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ကမွ ကြ်န္ေတာ္တို႔နဲ႔ ျပန္လည္ပူးေပါင္းႏိုင္ခဲ့တာပါ။ သူ႕မွာထိပ္တန္းအရည္းအခ်င္းေတြရွိေနပါတယ္။ သူ႕ရဲ႕ေျခစြမ္းမ်ိဳးကို ကြ်န္ေတာ္တို႔ လိုအပ္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ ဆက္လက္ျပီး အာတီတာက “ပထမေန႔မွာ စေလ့က်င့္ကတည္းက ကြ်န္ေတာ္သူ႕ကိုအရမ္းၾကိဳက္ခဲ့ပါတယ္။ ကြင္းလယ္ေနရာမွာလည္း သူကအေကာင္းဆံုးအံ၀င္ေအာင္ ကစားႏိုင္ပါတယ္။ တကယ့္ကို ထင္မွတ္မထားႏိုင္ေလာက္ေအာင္ အရမ္းေကာင္းလြန္းေနပါတယ္”လိုု႔ ေျပာၾကားခဲ့ပါတယ္။