ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ ဘယ်သူတွေဖြစ်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းအတွက် ဂါရတ်ဘေးလ် ပွဲထွက်ပါဝင်ကစားဖို့ရှိတယ်လို့ မော်ရင်ဟိုက ပြောကြားလိုက်ပြီးတဲ့နောက်မှာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်အတွဲက ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားမှုမြင့်တက်လာပါတယ်။

စပါးရဲ့ ဘေးလ်၊ ကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့ တိုက်စစ်အတွဲနဲ့အတူ မန်ယူမှာ ဂရင်းဝုဒ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ မန် စီးတီးမှာ စတာလင်း၊ အဂူရို၊ ဒီဘရူနီ၊ လီဗာပူးမှာ မာနေး၊ ဖာမီနို၊ ဆာလက်၊

လက်စတာမှာ ဘားနတ်၊ ဗာဒီ၊ ပီရက်ဇ်၊ အဲဗာတန်မှာ ရိုဒရီဂွက်ဇ်၊ ကယ်လ်ဗက်လီဝင်၊ ရစ်ချာလီဆန်၊ ချဲလ်ဆီးမှာ ဟာဗက်ဇ်၊ အေဘရာဟမ်၊ တီမိုဝါနာနဲ့ အာဆင်နယ်မှာ ဝီလျံ၊ အူဘာမီယန်၊ လာကာဇက်တီတို့ တိုက်စစ် ၃ ယောက်အတွဲအသင်းမှာ အ ကောင်းဆုံး ဘယ်အတွဲဖြစ်မလဲ ပြောရခက်ပါတယ်။

ဒီရာသီမှရောက်လာတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဂါရတ်ဘေးလ်၊ တီမိုဝါနာ၊ ဟာဗက်ဇ်တို့လို မျက်နှာသစ်ကစားသမားတွေရဲ့ အသင်းသစ်မှာ တိုက်စစ်အတွဲဖော်အသစ်တွေနဲ့ကစားရမယ့်အချိန်မှာ မနှစ်ကရှိခဲ့ပြီးသားတိုက်စစ်အတွဲဖြစ်တဲ့ မန်ယူက မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ၃ ယောက်အတွဲနဲ့ မန်စီးတီးက စတာလင်း၊ အဂူရို၊ ဒီဘရူနီအတွဲအပြင် လီဗာပူးက မာနေး၊ ဖာမီနို၊ ဆာလက် တိုက်စစ်အတွဲကတော့ တစ်ပန်းသာနိုင်မလား စောင့်ကြည့်ရမှာပါ။

မနှစ်က ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လီဗာပူး ၃ ယောက်တိုက်စစ်အတွဲကတော့ အကောင်းဆုံးစံချိန်တင်ထားနိုင်ခဲ့ပါတယ်။ သူတို့ ၃ ယောက်ဟာ ဂိုးဖန်တီးမှုအကြိမ် ၁၉၉ ကြိမ်ရှိခဲ့ပြီး စပါးက ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ၂ ယောက်က ၉၂ ကြိမ် ရှိပါ တယ်။ ဒီနှစ်မှာတော့ ဂါရတ်ဘေးလ် ပါလာခဲ့ပြီး စပါးရဲ့ဂိုးဖန်တီးမှုအကြိမ်အရေအတွက် က မြင့်တက်လာဖို့ရှိနေပါတယ်။ လီဗာပူးက ၃ ယောက်ပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ဟာ ၈၁ ဂိုးရှိပြီး အကောင်းဆုံးပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လကစပြီး တစ်ဦး ချင်း ဂိုးဖန်တီးမှုအများဆုံးမှာ ဆွန်ဟောင်မင်(၅၄ကြိမ်)ထက် ပိုများတဲ့ကစားသမား ၅ ဦးပဲရှိပါတယ်။ ထိပ်ဆုံးကတော့ ဒီဘရူနီဖြစ်ပြီး မန်စီးတီးအတွက် ၂၂၂ ကြိမ် ဖန်တီးပေး ထားတာပါ။ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေက ဂိုးသွင်းနှုန်းတွေမြင့်မား နေကြပြီး ဂိုးအပေါ်တွေဖြစ်တာများသလို တိုက်စစ်အတွဲတွေကလည်း အသီးသီးခြေစွမ်း ပြနေကြတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲက ဘယ်သူတွေ ဖြစ်မလဲဆိုတာ ရာသီကုန်မှ အဖြေပေါ်ဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲ ဘယ္သူေတြျဖစ္မလဲ

စပါးအသင္းအတြက္ ဂါရတ္ေဘးလ္ ပြဲထြက္ပါဝင္ကစားဖို႔ရွိတယ္လို႔ ေမာ္ရင္ဟိုက ေျပာၾကားလိုက္ၿပီးတဲ့ေနာက္မွာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္အတြဲက ဘယ္သူေတြျဖစ္မလဲဆိုတာ စိတ္ဝင္စားမႈျမင့္တက္လာပါတယ္။ စပါးရဲ႕ ေဘးလ္၊ ကိန္း၊ ဆြန္ေဟာင္မင္တို႔ရဲ႕ တိုက္စစ္အတြဲနဲ႔အတူ မန္ယူမွာ ဂရင္းဝုဒ္၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ မန္ စီးတီးမွာ စတာလင္း၊ အဂူ႐ို၊ ဒီဘ႐ူနီ၊ လီဗာပူးမွာ မာေနး၊ ဖာမီႏို၊ ဆာလက္၊

လက္စတာမွာ ဘားနတ္၊ ဗာဒီ၊ ပီရက္ဇ္၊ အဲဗာတန္မွာ ႐ိုဒရီဂြက္ဇ္၊ ကယ္လ္ဗက္လီဝင္၊ ရစ္ခ်ာလီဆန္၊ ခ်ဲလ္ဆီးမွာ ဟာဗက္ဇ္၊ ေအဘရာဟမ္၊ တီမိုဝါနာနဲ႔ အာဆင္နယ္မွာ ဝီလ်ံ၊ အူဘာမီယန္၊ လာကာဇက္တီတို႔ တိုက္စစ္ ၃ ေယာက္အတြဲအသင္းမွာ အ ေကာင္းဆုံး ဘယ္အတြဲျဖစ္မလဲ ေျပာရခက္ပါတယ္။

ဒီရာသီမွေရာက္လာတဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္၊ ဂါရတ္ေဘးလ္၊ တီမိုဝါနာ၊ ဟာဗက္ဇ္တို႔လို မ်က္ႏွာသစ္ကစားသမားေတြရဲ႕ အသင္းသစ္မွာ တိုက္စစ္အတြဲေဖာ္အသစ္ေတြနဲ႔ကစားရမယ့္အခ်ိန္မွာ မႏွစ္ကရွိခဲ့ၿပီးသားတိုက္စစ္အတြဲျဖစ္တဲ့ မန္ယူက မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔ ၃ ေယာက္အတြဲနဲ႔ မန္စီးတီးက စတာလင္း၊ အဂူ႐ို၊ ဒီဘ႐ူနီအတြဲအျပင္ လီဗာပူးက မာ ေနး၊ ဖာမီႏို၊ ဆာလက္ တိုက္စစ္အတြဲကေတာ့ တစ္ပန္းသာႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

မႏွစ္က ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ လီဗာပူး ၃ ေယာက္တိုက္စစ္အတြဲကေတာ့ အေကာင္းဆုံးစံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။ သူတို႔ ၃ ေယာက္ဟာ ဂိုးဖန္တီးမႈအႀကိမ္ ၁၉၉ ႀကိမ္ရွိခဲ့ၿပီး စပါးက ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ၂ ေယာက္က ၉၂ ႀကိမ္ ရွိပါ တယ္။ ဒီႏွစ္မွာေတာ့ ဂါရတ္ေဘးလ္ ပါလာခဲ့ၿပီး စပါးရဲ႕ဂိုးဖန္တီးမႈအႀကိမ္အေရအတြက္ က ျမင့္တက္လာဖို႔ရွိေနပါတယ္။ လီဗာပူးက ၃ ေယာက္ေပါင္း ပရီးမီးယားလိဂ္သြင္းဂိုး ဟာ ၈၁ ဂိုးရွိၿပီး အေကာင္းဆုံးပါပဲ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၉ ၾသဂုတ္လကစၿပီး တစ္ဦး ခ်င္း ဂိုးဖန္တီးမႈအမ်ားဆုံးမွာ ဆြန္ေဟာင္မင္(၅၄ႀကိမ္)ထက္ ပိုမ်ားတဲ့ကစားသမား ၅ ဦးပဲရွိပါတယ္။ ထိပ္ဆုံးကေတာ့ ဒီဘ႐ူနီျဖစ္ၿပီး မန္စီးတီးအတြက္ ၂၂၂ ႀကိမ္ ဖန္တီးေပး ထားတာပါ။ ဒီႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြက ဂိုးသြင္းႏႈန္းေတြျမင့္မား ေနၾကၿပီး ဂိုးအေပၚေတြျဖစ္တာမ်ားသလို တိုက္စစ္အတြဲေတြကလည္း အသီးသီးေျခစြမ္း ျပေနၾကတာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲက ဘယ္သူေတြ ျဖစ္မလဲဆိုတာ ရာသီကုန္မွ အေျဖေပၚဖို႔ရွိပါတယ္။