ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၅၀နဲ့ ဂျူဗင်တပ်စ် ခေါ်ဖို့ ကြိုးစားလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးနဲ့ နောက်တက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး တို့ကို အလဲအလှယ်လုပ်မယ့် ဂျူဗင်တပ်စ်အသင်းရဲ့ အစီအစဉ်ကြောင့် မီဒီယာတွေအကြားမှာ တော်တော်လေး လှုပ်ခတ်သွားပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ဘာပေးကို ပေါင်သန်း ၃၅၀ ပေးခေါ်ပြီး ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့တစ်ရပ်ကို ဖော်ဆောင်မယ်လို့ တက်တိုစပေါ့ပ်သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပေါင်သန်း ၃၅၀ကို ငွေသားသက်သက်ပေးမှာမဟုတ်ဘဲ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုကို အလိုက်ပေးကစားသမားအဖြစ် ဂျူဗင်တပ်စ် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဘာပေး ဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ထားပေမယ့် နောက်ထပ်စာချုပ်သက်တမ်းတိုးဖို့ လက်မခံသေးတာ ကြောင့် မဝေးလှတဲ့အနာဂတ်အတွင်း ပြင်သစ်နိုင်ငံပြင်ပကို ထွက်ကစားဖွယ်ရှိနေပါတယ်။ တကယ်လို့ ပီအက်စ်ဂျီအသင်း အနေနဲ့ စာချုပ်သစ်ချုပ်ဖို့ ဘာပေးကို အခုရာသီမကုန်ခင် မစည်းရုံးနိုင်ခဲ့ပါက လက်ရှိတန်ကြေးထက်များစွာလျှော့ပြီးမှ ထုတ်ရောင်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရမှာသေချာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကလည်း ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး သူ့ရဲ့အသက်အရွယ်အရရော သူ့ချစ်သူရဲ့ဖက်ရှင်လုပ်ငန်းတွေကြောင့်ပါ ပဲရစ်မြို့ အခြေစိုက် ပီအက်စ်ဂျီအသင်းကိုစိတ်ဝင်စားနေပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုရော ဘာပေးကိုပါ လစာအမြောက်အမြားတစ်ပြိုင်တည်းမပေးနိုင်တာကြောင့် ထိပ်တန်းကစားသမား ၂ဦးကို အလဲအလှယ်လုပ်ဖို့ စီစဉ်ရတာလို့ တက်တိုစပေါ့ပ်သတင်းစာက ဆိုပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ တစ်ပတ်လစာပေါင် ၅၄၀၀၀၀ရှိပြီး ဘာပေးကတော့ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လစာပေါင် ၄၀၀၀၀၀ ကျော်ရနေပါတယ်။ ကစားသမားလစာရော ပြောင်းရွှေ့ကြေးအရပါ အင်မတန်တန်ကြေးကြီးလွန်းတဲ့ အပြောင်းအရွှေ့တစ်ရပ်ဖြစ်နေပေမယ့် အေးဂျင့် ဂျော့မန်ဒက်စ်လို ပုဂ္ဂိုလ်ကြောင့် ဒီအပြောင်းအရွှေ့က မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ယုံကြည်ရပါတယ်။

ဂျော့မန်ဒက်စ်ဟာ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒိုနဲ့တောင် တွေ့ဆုံဆွေးနွေးပြီး အပြောင်းအရွှေ့ကိစ္စကို စကားစပြောနေကြကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၃၅၀နဲ႔ ဂ်ဴဗင္တပ္စ္ ေခၚဖို႔ ႀကိဳးစားလာ

လက္ရွိ ကမၻာ႔အေကာင္းဆံုး ကစားသမားတစ္ဦးနဲ႔ ေနာက္တက္ ကမၻာ႔အေကာင္းဆံုး ကစားသမားတစ္ဦး တို႔ကို အလဲအလွယ္လုပ္မယ့္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အစီအစဥ္ေၾကာင့္ မီဒီယာေတြအၾကားမွာ ေတာ္ေတာ္ေလး လႈပ္ခတ္သြားပါတယ္။ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ လမ္းခြဲဖြယ္ရွိေနတဲ့ ဘာေပးကို ေပါင္သန္း ၃၅၀ ေပးေခၚၿပီး ကမၻာ႔စံခ်ိန္တင္အေျပာင္းအေရႊ႕တစ္ရပ္ကို ေဖာ္ေဆာင္မယ္လို႔ တက္တိုစေပါ့ပ္သတင္းစာက ၾကာသပေတးေန႔မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေပါင္သန္း ၃၅၀ကို ေငြသားသက္သက္ေပးမွာမဟုတ္ဘဲ ေပၚတူဂီ ၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကို အလိုက္ေပးကစားသမားအျဖစ္ ဂ်ဴဗင္တပ္စ္ အသံုးျပဳသြားမယ္လို႔ ဆုိပါတယ္။ ဘာေပး ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၂ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ထားေပမယ့္ ေနာက္ထပ္စာခ်ဳပ္သက္တမ္းတိုးဖို႔ လက္မခံေသးတာ ေၾကာင့္ မေ၀းလွတဲ့အနာဂတ္အတြင္း ျပင္သစ္ႏိုင္ငံျပင္ပကို ထြက္ကစားဖြယ္ရွိေနပါတယ္။ တကယ္လို႔ ပီအက္စ္ဂ်ီအသင္း အေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ဘာေပးကို အခုရာသီမကုန္ခင္ မစည္းရံုးႏိုင္ခဲ့ပါက လက္ရွိတန္ေၾကးထက္မ်ားစြာေလွ်ာ့ၿပီးမွ ထုတ္ေရာင္းရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ရမွာေသခ်ာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၂၀၂၂ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး သူ႔ရဲ႕အသက္အရြယ္အရေရာ သူ႔ခ်စ္သူရဲ႕ဖက္ရွင္လုပ္ငန္းေတြေၾကာင့္ပါ ပဲရစ္ၿမိဳ႕ အေျခစိုက္ ပီအက္စ္ဂ်ီအသင္းကိုစိတ္၀င္စားေနပါတယ္။ ဂ်ဴဗင္တပ္စ္အေနနဲ႔ ခရစၥတီယာႏုိေရာ္နယ္ဒိုကိုေရာ ဘာေပးကိုပါ လစာအေျမာက္အျမားတစ္ၿပိဳင္တည္းမေပးႏိုင္တာေၾကာင့္ ထိပ္တန္းကစားသမား ၂ဦးကို အလဲအလွယ္လုပ္ဖို႔ စီစဥ္ရတာလို႔ တက္တိုစေပါ့ပ္သတင္းစာက ဆိုပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ လက္ရွိ ဂ်ဴဗင္တပ္စ္အသင္းမွာ တစ္ပတ္လစာေပါင္ ၅၄၀၀၀၀ရွိၿပီး ဘာေပးကေတာ့ ပီအက္စ္ဂ်ီအသင္းမွာ တစ္ပတ္လစာေပါင္ ၄၀၀၀၀၀ ေက်ာ္ရေနပါတယ္။ ကစားသမားလစာေရာ ေျပာင္းေရႊ႕ေၾကးအရပါ အင္မတန္တန္ေၾကးႀကီးလြန္းတဲ့ အေျပာင္းအေရႊ႕တစ္ရပ္ျဖစ္ေနေပမယ့္ ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္လို ပုဂၢိဳလ္ေၾကာင့္ ဒီအေျပာင္းအေရႊ႕က မျဖစ္လာႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ ယံုၾကည္ရပါတယ္။ ေဂ်ာ့မန္ဒက္စ္ဟာ ပီအက္စ္ဂ်ီအသင္းအားကစားဒါရိုက္တာ လီယိုနာဒိုနဲ႔ေတာင္ ေတြ႔ဆံုေဆြးေႏြးၿပီး အေျပာင္းအေရႊ႕ကိစၥကို စကားစေျပာေနၾကေၾကာင္း သိရပါတယ္။