ယူနိုက်တက်ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသင်းပြောင်းဖို့ သတင်းထွက်ပေါ်လာတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ လာလီဂါအင်အားကြီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်တို့က အပြိုင်ဆက်သွယ်ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ စပါးကို ၁-၆ ဂိုးနဲ့အရေးနိမ့်ခဲ့တုန်းက ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရလို့ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။


ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ရောက်လာတာဖြစ်ပေမယ့် အခုတော့ လာလီဂါအင်အားကြီးကလပ်တွေရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်နေတာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ဟာ ၂၀၂၁ နွေရာသီအတွင်း တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ခင် ဖာနန်ဒက်စ်ရဲ့အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


ဖာနန်ဒက်စ်ဟာ စပို့တင်းကနေ ပေါင် ၄၇ သန်းနဲ့ ရောက်လာပြီးနောက် ခြေစွမ်းပြဂိုးမြူးနေပြီး ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၂ ဂိုးသွင်းယူထားပြီး ဒီရာသီမှာလည်း ၂ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပါးနဲ့ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားနဲ့ အချင်းများခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ရပါတယ်။


”အဲဒီကိစ္စနဲ့ပတ်သက်လု့ိ ပြောနေတာတွေအများကြီးပါပဲ။ ကျွန်တော်ဟာ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာအမှန်ပါ။ ဒီပွဲက ပြီးဆုံးလုနီးပါးဖြစ်သွားပြီလို့ နည်းပြက ရှင်းပြသလို နောက်ကစားရမယ့်ပွဲတွေကလည်း အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။ ကျွန်တော် မကျေနပ်ပေမယ့် အသင်းကို ဘယ်အရာကမှ ထိခိုက်နစ်နာစေနိုင်တာမရှိဘူးလို့ ပြန်ပြောခဲ့ပါတယ်”လို့ ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏိုက္တက္ေရာက္ၿပီး တစ္ႏွစ္မျပည့္ခင္မွာပဲ အသင္းေျပာင္းဖို႔ သတင္းထြက္ေပၚလာတဲ့ ဖာနန္ဒက္စ္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ လာလီဂါအင္အားႀကီးကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔က အၿပိဳင္ဆက္သြယ္ခ်ဥ္းကပ္ေနတယ္လို႔ သိရပါတယ္။ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေပၚတူဂီလက္ေ႐ြးစင္ ဖာနန္ဒက္စ္ဟာ စပါးကို ၁-၆ ဂိုးနဲ႔အေရးနိမ့္ခဲ့တုန္းက ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံခဲ့ရလို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ သိရပါတယ္။
ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကမွ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကို ေရာက္လာတာျဖစ္ေပမယ့္ အခုေတာ့ လာလီဂါအင္အားႀကီးကလပ္ေတြရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္ေနတာျဖစ္ပါတယ္။ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ဟာ ၂၀၂၁ ေႏြရာသီအတြင္း တရားဝင္ကမ္းလွမ္းမႈမျပဳလုပ္ခင္ ဖာနန္ဒက္စ္ရဲ႕အေနအထားကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
ဖာနန္ဒက္စ္ဟာ စပို႔တင္းကေန ေပါင္ ၄၇ သန္းနဲ႔ ေရာက္လာၿပီးေနာက္ ေျခစြမ္းျပဂိုးျမဴးေနၿပီး ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ရာမွာ အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္ စုစုေပါင္း ၁၂ ဂိုးသြင္းယူထားၿပီး ဒီရာသီမွာလည္း ၂ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ စပါးနဲ႔ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားနဲ႔ အခ်င္းမ်ားခဲ့တယ္ဆိုတဲ့သတင္းေတြကို ျငင္းဆန္ခဲ့ရပါတယ္။
”အဲဒီကိစၥနဲ႔ပတ္သက္လု႔ိ ေျပာေနတာေတြအမ်ားႀကီးပါပဲ။ ကြၽန္ေတာ္ဟာ ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့ရတာအမွန္ပါ။ ဒီပြဲက ၿပီးဆုံးလုနီးပါးျဖစ္သြားၿပီလို႔ နည္းျပက ရွင္းျပသလို ေနာက္ကစားရမယ့္ပြဲေတြကလည္း အမ်ားႀကီးက်န္ေသးတယ္လို႔ ဆိုပါတယ္။ ကြၽန္ေတာ္ မေက်နပ္ေပမယ့္ အသင္းကို ဘယ္အရာကမွ ထိခိုက္နစ္နာေစႏိုင္တာမရွိဘူးလို႔ ျပန္ေျပာခဲ့ပါတယ္”လို႔ ဖာနန္ဒက္စ္က ေျပာခဲ့ပါတယ္။