ဆိုးရွားလွန်းတဲ့ ဖျက်ထုတ်ပုံကြောင့် ပစ်ဖို့ဒ်ကို အနီကတ်ပြသင့်တယ်လို့ ပရိသတ်တွေ ဝေဖန်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာနောက်ခံလူ ဗန်ဒိုက်ချ်ကို အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် ဖျက်ထုတ်ပုံကို အင်္ဂလန်ဘောလုံးပရိသတ်တွေရော ကမ္ဘာတစ်ဝှမ်း ရုပ်/သံကနေ ကြည့်ရှုခဲ့ကြသူတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။

ပွဲချိန် ၁၀မိနစ်ဝန်းကျင်မှာ ဗန်ဒိုက်ချ်ရဲ့ တည်ခြေကို ကတ်ကြေးနဲ့ညှပ် လိုက်သလို ခြေစုံပစ်ဝင်လိုက်ဖျက်ထုတ်ပုံကြောင့် ဂျော်ဒန်ပစ်ဖို့ဒ် ဟာ သေချာပေါက် အနီကတ်ပြခံရနိုင်ပေမယ့် ဗန်ဒိုက်ချ် လူကျွံဘောဖြစ်နေလို့သာ ဘာပြစ်ဒဏ်မှ မပေးခဲ့ရတာပါ။

ဒါပေမယ့် ဗန်ဒိုက်ချ်ကတော့ အဲဒီနေရာမှာပဲ လဲကျပြီး အချိန်အနည်းငယ်ကြာတဲ့အထိ ဆေးကုသမှုခံယူခဲ့ရပြီး ဂျိုးဂိုမက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒီ ဒဏ်ရာကြောင့် ဗန်ဒိုက်ချ် အနေနဲ့ ဘယ်လောက်အနားယူရမလဲကို မသိရသေးပေမယ့် ပစ်ဖို့ဒ်ကို အဝါကတ် တောင်မပြခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်ကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒါကြောင့်လည်း ပွဲကြည့်ပရိသတ်တစ်ဦးက “ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ ခြေထောက်ချိုးတာပါ”လို့ အွန်လိုင်းမှာ ပို့စ်တင် ဝေဖန်ခဲ့ပါတယ်။ နောက်ပရိသတ်တစ်ဦးကလည်း “လူကျွံတာ မကျွံတာနောက်ထား၊ ဒေါသထွက်စရာ ကောင်းလွန်းတဲ့ ဖျက်ထုတ်ပုံကြောင့် ပစ်ဖို့ဒ် အနီကတ်ပြသင့်ပါတယ်”လို့ ပြောပါတယ်။

၂ဂိုးစီသရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ပစ်ဖို့ဒ်အတွက် နောက်ထပ် ကံကောင်းသွားတာတစ်ခုက ပွဲပြီးခါနီးမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဟန်ဒါဆန် ကန်သွင်းတဲ့ဘောလုံးကို သူ ကာကွယ်နိုင်သင့်ခဲ့ပေမယ့် မကာကွယ်နိုင်ခဲ့ပါဘူး။

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာဟာ ဂျော်ဒန်ပစ်ဖို့ဒ်ကို အနီကတ်မပြပေမယ့် ပွဲပြီးခါနီးမှာ အယ်လ်ကန်တာရာကို ကြမ်းကြမ်း တမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူး ရီချာလီဆင်ကိုတော့ တိုက်ရိုက်အနီကတ်ပြထုတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးရြားလြန္းတဲ့ ဖ်က္ထုတ္ပံုေၾကာင့္ ပစ္ဖို႔ဒ္ကို အနီကတ္ျပသင့္တယ္လို႔ ပရိသတ္ေတြ ေ၀ဖန္ေန

၂ ဂိုးစီသေရက်ခဲ့တဲ့ မာေဆးဆိုဒ္ဒါဘီပြဲမွာ လီဗာေနာက္ခံလူ ဗန္ဒိုက္ခ်္ကို အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ ဖ်က္ထုတ္ပံုကို အဂၤလန္ေဘာလံုးပရိသတ္ေတြေရာ ကမၻာတစ္၀ွမ္း ရုပ္/သံကေန ၾကည့္ရႈခဲ့ၾကသူေတြကပါ ျပင္းျပင္းထန္ထန္ ေ၀ဖန္ေနပါတယ္။ ပြဲခ်ိန္ ၁၀မိနစ္၀န္းက်င္မွာ ဗန္ဒိုက္ခ်္ရဲ႕ တည္ေျခကို ကတ္ေၾကးနဲ႔ညွပ္ လိုက္သလို ေျခစံုပစ္၀င္လုိက္ဖ်က္ထုတ္ပံုေၾကာင့္ ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ ဟာ ေသခ်ာေပါက္ အနီကတ္ျပခံရႏိုင္ေပမယ့္ ဗန္ဒိုက္ခ်္ လူကၽြံေဘာျဖစ္ေနလို႔သာ ဘာျပစ္ဒဏ္မွ မေပးခဲ့ရတာပါ။

ဒါေပမယ့္ ဗန္ဒိုက္ခ်္ကေတာ့ အဲဒီေနရာမွာပဲ လဲက်ၿပီး အခ်ိ္န္အနည္းငယ္ၾကာတဲ့အထိ ေဆးကုသမႈခံယူခဲ့ရၿပီး ဂ်ိဳးဂိုမက္ဇ္နဲ႔ လူစားလဲခဲ့ရပါတယ္။ ဒီ ဒဏ္ရာေၾကာင့္ ဗန္ဒိုက္ခ်္ အေနနဲ႔ ဘယ္ေလာက္အနားယူရမလဲကို မသိရေသးေပမယ့္ ပစ္ဖို႔ဒ္ကို အ၀ါကတ္ ေတာင္မျပခဲ့တဲ့ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာရဲ႕ဆံုးျဖတ္ခ်က္ကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

ဒါေၾကာင့္လည္း ပြဲၾကည့္ပရိသတ္တစ္ဦးက “ဒါက ရည္ရြယ္ခ်က္ရွိရွိနဲ႔ ေျခေထာက္ခ်ိဳးတာပါ”လို႔ အြန္လိုင္းမွာ ပို႔စ္တင္ ေ၀ဖန္ခဲ့ပါတယ္။ ေနာက္ပရိသတ္တစ္ဦးကလည္း “လူကၽြံတာ မကၽြံတာေနာက္ထား၊ ေဒါသထြက္စရာ ေကာင္းလြန္းတဲ့ ဖ်က္ထုတ္ပံုေၾကာင့္ ပစ္ဖို႔ဒ္ အနီကတ္ျပသင့္ပါတယ္”လို႔ ေျပာပါတယ္။

၂ဂိုးစီသေရက်ခဲ့တဲ့ မာေဆးဆိုဒ္ဒါဘီပြဲမွာ ပစ္ဖို႔ဒ္အတြက္ ေနာက္ထပ္ ကံေကာင္းသြားတာတစ္ခုက ပြဲၿပီးခါနီးမွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕သြင္းဂိုးကို လူကၽြံေဘာအျဖစ္ သတ္မွတ္လိုက္တာျဖစ္ပါတယ္။ ဟန္ဒါဆန္ ကန္သြင္းတဲ့ေဘာလံုးကို သူ ကာကြယ္ႏိုင္သင့္ခဲ့ေပမယ့္ မကာကြယ္ႏိုင္ခဲ့ပါဘူး။

ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာဟာ ေဂ်ာ္ဒန္ပစ္ဖုိ႔ဒ္ကို အနီကတ္မျပေပမယ့္ ပြဲၿပီးခါနီးမွာ အယ္လ္ကန္တာရာကို ၾကမ္းၾကမ္း တမ္းတမ္း ဖ်က္ထုတ္ခဲ့တဲ့ အဲဗာတန္တိုက္စစ္မွဴး ရီခ်ာလီဆင္ကိုေတာ့ တိုက္ရိုက္အနီကတ္ျပထုတ္ခဲ့ပါတယ္။