မန်ယူမှာ ၈ လကစားပြီး ဖာနန်ဒက်စ် ထွက်ခွာသွားတော့မှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အတွင်းသတင်းတွေအရ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနဲ့မပြေလည်တဲ့ သတင်းတွေထွက်လာတဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာ နန်ဒက်စ်ကို စပိန်ထိပ်သီး ၂ သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ပြင်ဆင် နေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကမှ မန်ယူကိုရောက်လာပြီး ၈ လပဲရှိသေးတဲ့ ဖာ နန်ဒက်စ်ဟာ အသင်းမှာ အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

စပါးနဲ့ပွဲက လူစားလဲတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ကစားသမားတစ်ယောက် လူစားလဲရပြီဆိုရင် အကျိုးအကြောင်းအများကြီးရှိပါတယ်။ တကယ် လို့ ကျွန်တော် လူစားလဲတိုင်းသာ ဘာကြောင့်လို့လိုက်ရှင်းပြနေမယ်ဆိုရင် ဒါဟာ မှန် ကန်တဲ့ကိစ္စလို့တော့မထင်ပါဘူး။ ဖာနန်ဒက်စ်ကိစ္စမှာတော့ ကျွန်တော် သူ့ကိုရှင်းပြခဲ့သလို သူကလည်း လက်ခံခဲ့ပါတယ်။ ဘာပြဿနာမှမရှိပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက အသင်းကထွက်မယ့်သတင်းတွေထွက်ပေါ်နေတဲ့ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီးတော့လည်း လက်ကျန်စာချုပ်သက်တမ်း၂နှစ်ရှိသေးတဲ့အတွက် ဘာမှ ပြောလို့မရသေးတဲ့အကြောင်း ပြောကြားသွားခဲ့ပြီး “သူဟာ ကျွန်တော်တို့ရဲ့ကစားသ မားအဖြစ်ရှိနေဆဲဖြစ်ပြီး နောက်ထပ် ၂ နှစ် သူ့ရဲ့အကောင်းဆုံးပုံစံတွေကို မန်ယူအ သင်းအတွက် ဆက်ပြသွားနိုင်မယ်လို့ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာကိုလည်း ရီးရဲလ်ကလိုက်နေပြီး အခု ဖာနန်ဒက်စ်ပါ သတင်းထွက်လာတဲ့အတွက် မန်ယူအနေနဲ့ သူတို့ရဲ့ကစားသမားကောင်းတွေကို ထိန်းသိမ်းနိုင်ဖို့ တစ်ခုခုလုပ်ရတော့ မှာပါ။ ဖာနန်ဒက်စ်ရဲ့လစာက တစ်ပတ်ပေါင်တစ်သိန်းပဲရှိပြီး တစ်ပတ် ပေါင် ၃ သိန်းနီးပါးရနေတဲ့ ပေါ့ဂ်ဘာထက် ၂ ဆ နီးပါးနည်းတဲ့အတွက် ဖာနန်ဒက်စ်ရဲ့အပြောင်း အရွှေ့က ဖြစ်မလာဘူးလို့မပြောနိုင်ပါဘူး။

အခုချိန်မှာတော့ အမြဲလှုပ်ခတ်နေကျ ပေါ့ဂ် ဘာရဲ့ ရီးရဲလ်ဇာတ်လမ်းအပြင် ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ကိစ္စပါ လှုပ်ခတ်လာတာ ကြောင့် မန်ယူအသင်းရဲ့အနေအထားကတော့ နည်းပြဆိုးလ်ရှားအပါအဝင် ကစားသ မားတွေရဲ့အပြောင်းအရွှေ့ကိုပါ မြင်တွေ့ရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





