အီတလီအားကစားဝန်ကြီး စွပ်စွဲတဲ့အတိုင်း မဟုတ်ဘူးလို့ စီရော်နယ်ဒို ဒဲ့ပြန်ရှင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူအီးအက်ဖ်အေနေးရှင်းလိဂ်သွားကစားနေတုန်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ စီရော်နယ်ဒိုဟာ အီတလီကို ကိုဗစ်စည်းမျဉ်းစည်းကမ်းအပေါ်ချိုးဖောက်ပြီး ပြန်လာခဲ့ တယ်လို့ ပြောကြားခဲ့တဲ့ အီတလီအားကစားဝန်ကြီး ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး စီရော် နယ်ဒိုက မှန်ကန်ခြင်းမရှိကြောင်း ပြန်လည်တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ တူရင်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွာရန်တင်းဝင်ဖို့ပြန် ရောက်လာခဲ့တာဖြစ်ပြီး ဒီကိစ္စအတွက် အထူးသီးသန့် ဆေးရုံလေယာဉ်နဲ့ ပြန်လာခဲ့တာ ဖြစ်ပြီး အီတလီကျန်းမာရေးအာဏာပိုင်တွေဘက်ကိုလည်း လိုအပ်တဲ့အကြောင်းကြားမှု အားလုံး ခွင့်ပြုချက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းကလည်း စီ ရော်နယ်ဒိုအတွက် လိုအပ်တဲ့ကိစ္စရပ်အားလုံးကို စည်းမျဉ်း စည်းကမ်းတွေအတိုင်း လုပ် ပေးခဲ့တာပါလို့ တရားဝင်ပြောကြားထားပြီးသားပါ။

စီရော်နယ်ဒိုက “ကျွန်တော့်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ပါဘူး။ ကျွန်တော် နာမည်မ ပြောချင်တဲ့တာဝန်ရှိတဲ့သူတစ်ယောက်က ကျွန်တော်ဟာ ကိုဗစ်စည်းမျဉ်းစည်းကမ်း တွေကိုချိုးဖောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ လိမ်ညာမှုသက်သက်ပါပဲ။ ကျွန်တော့်အိမ်မှာ ကွာရန်တင်းဆက်ဝင်သွားမှာဖြစ်ပြီး ကျွန်တော့်မိသားစုနဲ့ ကလေး တွေက အထပ်တစ်ထပ်မှာ သက်သက်နေတာပါ။ ဒီပုံစံအတိုင်း အနည်းဆုံး နောက် ၁၀ ရက်လောက်အထိ နေသွားဖို့ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အီတလီကျန်းမာ ရေးဝန်ကြီး ဗစ်ဆင်ဇိုစပါဒါဖိုရာက စီရော်နယ်ဒိုအနေနဲ့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာ ဖို့ ပျက်ကွက်ခဲ့တယ်လို့ သူ ထင်မြင်မိကြောင်း လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့တာပါ။ အခုတော့ စီရော်နယ်ဒိုက ပြန်လည်တုံ့ပြန်ရှင်းလင်းခဲ့ပါပြီ။ ဂျူဗင်တပ်အသင်းမှာ စီရော် နယ်ဒိုလိုပဲ အမေရိကန်ကွင်းလယ်ကစားသမား မက်ကီနီလည်း ကိုဗစ်ပေါ့စတစ်တွေ့ရှိခဲ့ ပါတယ်။ အခုချိန်မှာတော့ သူတို့ ၂ ယောက်စလုံးဟာ ကွာရန်တင်းဝင်နေရပြီး နောက် တစ်ကြိမ်စမ်းသပ်မှုတွေမှာ ရှင်းလင်းသွားတော့မှ အသင်းနဲ့အတူ လေ့ကျင့်ရေးပူးပေါင်း ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ ဒိုင်နမိုကိဗ်နဲ့ပွဲကို အောက်တိုဘာ ၂၀ မှာ ကစားဖို့ရှိနေပြီး စီရော်နယ်ဒိုအနေနဲ့ အနည်းဆုံး အောက်တိုဘာ ၂၁ ရက်မှ ကွာ ရန်တင်းရက်ပြည့်မှာဖြစ်တဲ့အတွက် လွဲချော်ဖို့ရှိနေပြီး ဘာစီလိုနာနဲ့ပွဲကို မလွဲချော်ဖို့အ တွက် ကစားသမားကိုယ်တိုင်ရော ဂျူဗင်တပ်အသင်းဘက်ကပါ အလိုရှိနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အီတလီအားကစား၀န္ႀကီး စြပ္စြဲတဲ့အတိုင္း မဟုတ္ဘူးလို႔ စီေရာ္နယ္ဒို ဒဲ့ျပန္ရွင္း

ယူအီးအက္ဖ္ေအေနးရွင္းလိဂ္သြားကစားေနတုန္း ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အီတလီကို ကိုဗစ္စည္းမ်ဥ္းစည္းကမ္းအေပၚခ်ဳိးေဖာက္ၿပီး ျပန္လာခဲ့ တယ္လို႔ ေျပာၾကားခဲ့တဲ့ အီတလီအားကစား၀န္ႀကီး ေျပာဆိုခဲ့တာနဲ႔ပတ္သက္ၿပီး စီေရာ္ နယ္ဒိုက မွန္ကန္ျခင္းမရွိေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာၾကားသြားခဲ့ပါတယ္။

ဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရတဲ့ ေရာ္နယ္ဒိုဟာ တူရင္မွာရွိတဲ့ သူ႕ရဲ႕ေနအိမ္မွာ ကြာရန္တင္း၀င္ဖို႔ျပန္ ေရာက္လာခဲ့တာျဖစ္ၿပီး ဒီကိစၥအတြက္ အထူးသီးသန္႔ ေဆးရုံေလယာဥ္နဲ႔ ျပန္လာခဲ့တာ ျဖစ္ၿပီး အီတလီက်န္းမာေရးအာဏာပိုင္ေတြဘက္ကိုလည္း လိုအပ္တဲ့အေၾကာင္းၾကားမႈ အားလံုး ခြင့္ျပဳခ်က္ေတာင္းခံခဲ့တယ္လုိ႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းကလည္း စီ ေရာ္နယ္ဒိုအတြက္ လိုအပ္တဲ့ကိစၥရပ္အားလံုးကို စည္းမ်ဥ္း စည္းကမ္းေတြအတုိင္း လုပ္ ေပးခဲ့တာပါလို႔ တရား၀င္ေျပာၾကားထားၿပီးသားပါ။

စီေရာ္နယ္ဒိုက “ကၽြန္ေတာ့္အေနနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို ဘယ္တုန္းကမွ မခ်ဳိးေဖာက္ခဲ့ပါဘူး။ ကၽြန္ေတာ္ နာမည္မ ေျပာခ်င္တဲ့တာ၀န္ရွိတဲ့သူတစ္ေယာက္က ကၽြန္ေတာ္ဟာ ကိုဗစ္စည္းမ်ဥ္းစည္းကမ္း ေတြကိုခ်ဳိးေဖာက္ခဲ့တယ္လုိ႔ ေျပာခဲ့ပါတယ္။ ဒါဟာ လိမ္ညာမႈသက္သက္ပါပဲ။ ကၽြန္ေတာ့္အိမ္မွာ ကြာရန္တင္းဆက္၀င္သြားမွာျဖစ္ၿပီး ကၽြန္ေတာ့္မိသားစုနဲ႔ ကေလး ေတြက အထပ္တစ္ထပ္မွာ သက္သက္ေနတာပါ။ ဒီပုံစံအတိုင္း အနည္းဆံုး ေနာက္ ၁၀ ရက္ေလာက္အထိ ေနသြားဖို႔ရွိပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အီတလီက်န္းမာ ေရး၀န္ႀကီး ဗစ္ဆင္ဇုိစပါဒါဖိုရာက စီေရာ္နယ္ဒိုအေနနဲ႔ ကိုဗစ္စည္းမ်ဥ္းေတြကို လိုက္နာ ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ သူ ထင္ျမင္မိေၾကာင္း လူသိရွင္ၾကား ေ၀ဖန္ေျပာၾကားခဲ့တာပါ။ အခုေတာ့ စီေရာ္နယ္ဒိုက ျပန္လည္တုံ႔ျပန္ရွင္းလင္းခဲ့ပါၿပီ။ ဂ်ဴဗင္တပ္အသင္းမွာ စီေရာ္ နယ္ဒိုလိုပဲ အေမရိကန္ကြင္းလယ္ကစားသမား မက္ကီနီလည္း ကိုဗစ္ေပါ့စတစ္ေတြ႕ရွိခဲ့ ပါတယ္။ အခုခ်ိန္မွာေတာ့ သူတို႔ ၂ ေယာက္စလံုးဟာ ကြာရန္တင္း၀င္ေနရၿပီး ေနာက္ တစ္ႀကိမ္စမ္းသပ္မႈေတြမွာ ရွင္းလင္းသြားေတာ့မွ အသင္းနဲ႔အတူ ေလ့က်င့္ေရးပူးေပါင္း ေဆာင္ရြက္ရမွာလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာ ဒိုင္နမိုကိဗ္နဲ႔ပြဲကို ေအာက္တိုဘာ ၂၀ မွာ ကစားဖို႔ရွိေနၿပီး စီေရာ္နယ္ဒိုအေနနဲ႔ အနည္းဆံုး ေအာက္တိုဘာ ၂၁ ရက္မွ ကြာ ရန္တင္းရက္ျပည့္မွာျဖစ္တဲ့အတြက္ လြဲေခ်ာ္ဖို႔ရွိေနၿပီး ဘာစီလိုနာနဲ႔ပြဲကို မလြဲေခ်ာ္ဖို႔အ တြက္ ကစားသမားကိုယ္တိုင္ေရာ ဂ်ဴဗင္တပ္အသင္းဘက္ကပါ အလုိရွိေနတာပါ။