ယူနိုက်တက်တိုက်စစ်ကို အပြောင်းအလဲဖြစ်စေခဲ့သူ မာတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့က ပွဲအစ ၂ မိနစ်မှာ လုခ်ရှောရဲ့ Own Goal ကြောင့် နယူးကာဆယ်ကို ဦးဆောင်ဂိုးစပေးခဲ့ရတော့ ယူနိုက်တက်ပရိသတ်တွေအပေါ် စပါးနဲ့ပွဲကအရိပ်မဲကြီးတစ်ကျော့ပြန်ကျလာပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို အရင်ပွဲတွေကနဲ့ မတူတဲ့ ကွဲပြားမှု ရှိစေတဲ့ကစားသမားရှိခဲ့ပါတယ်။ သူကတော့ ဝါရင့်ကွင်းလယ်လူ မာတာပါ။

မာတာဟာ နယူးကာဆယ်ကို ၄-၁ ဂိုးနဲ့ ယူနိုက်တက်အနိုင်ရတဲ့ပွဲမတိုင်ခင် ဒီရာသီ ပရီးမီးယားလိဂ် ၃ပွဲမှာ ပွဲချိန် ၁ မိနစ်မှ ကစားခွင့်မရခဲ့ပါဘူး။ တကယ်တော့ အသက် ၃၂နှစ်အရွယ်ရှိလာပြီဖြစ်တဲ့မာတာဟာ ဖေဖော်ဝါရီလနောက် ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲအရပ်ရပ်မှာ တစ်ပွဲမှ ပွဲထွက်စာရင်းထဲမပါခဲ့ပါဘူး။ နယူးကာဆယ်နဲ့ပွဲကမှ ပထမဆုံးအကြိမ် ပွဲထွက်စာရင်းထဲ ပါဝင်ခဲ့တာပါ။

နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းပေးသူတွေထဲ မာတာမပါပေမယ့် အသင်းတိုက်စစ်က သူ့အပေါ်များစွာ မူတည်ခဲ့ပါတယ်။ မာတာဟာ ဂရင်းဝုဒ်မပါနိုင်တဲ့ ညာခြမ်းမှာ ထွက်ကစားခဲ့ရပြီး အသက်အရွယ်အရ မြန်နှုန်းနဲ့ကစားအားမှာ အကောင်းဆုံးမဟုတ်ပေမယ့် သူ့အတွေ့အကြုံနဲ့ ဘောလုံးအမြင်ရှိမှုက ပွဲကို အဆုံးအဖြတ်ဖြစ်သွားစေပါတယ်။

တိုက်စစ်မှာ နေရလွှတ်ရတိုင်း တိကျတဲ့ဘောလုံးပေးပို့မှုတွေလုပ်ပေးနိုင်သလို ညာနောက်ခံလူ ဘစ်ဆာကာအတွက် နေရာလွှတ်တွေရအောင်လည်း ဖန်တီးပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဘစ်ဆာကာ ဟာတိုက်စစ်ကို လိုက်ပါရာမှာအားနည်းလေ့ရှိပေမယ့် မာတာနဲ့တွဲကစားရာမှာတော့ Overlapလုပ်ပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ကောင်းကောင်းချိတ်ဆက်ကစားသွားပါတယ်။တစ်ပွဲလုံးမှာ ဖာနန်ဒက်စ်နဲ့ ဘစ်ဆာကာတို့ ဘောလုံးအပေးယူလုပ်ခဲ့တာစုစုပေါင်း ၃၁ကြိမ်ရှိပါတယ်။

ပွဲချိန် ၁၉မိနစ်မှာ သူတို့နှစ်ယောက်တွဲလုံးကနေ ဂိုးတစ်ဂိုးရခဲ့သေးပေမယ့် VARကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

နောက်တစ်ချက်က မာတာရဲ့ ပံ့ပိုးမှုကြောင့် ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ပျောက်ဆုံးနေတဲ့ ခြေစွမ်းကောင်းတွေကို ကောင်းကောင်းပြန်ရခဲ့ပါတယ်။ နည်းစနစ်ပိုင်းအရ မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကို များစွာ ပံ့ပိုးနိုင်ခဲ့တဲ့ မာတာဟာ နယူးကာဆယ်ကို နိုင်ခဲ့ရာမှာ များစွာအရေးပါခဲ့ပါတယ်။ ယူနိုက်တက်ကလည်း သူတို့ရဲ့အကောင်းဆုံး တိုက်စစ်စွမ်းဆောင်ရည်ကို စနေနေ့ပွဲမှာ ပြနိုင်ခဲ့ပါတယ်။ စုစုပေါင်းဂိုးကန်သွင်းမှု ၂၈ကြိမ်ရခဲ့ပြီး ဂိုးပေါက်တည့်တာ ၁၄ ကြိမ်ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာတောင်မှ ယူနိုက်တက်ဟာ တစ်ပွဲအတွင်း ဒီလောက်အထိ ဂိုးပေါက်တည့်တဲ့ကန်ချက်မရှိခဲ့ပါဘူး။

မာတာဟာ မက်ဂွိုင်းယားရဲ့ ချေပဂိုးတစ်ဂိုးကိုပဲ ဖန်တီးပေးနိုင်ခဲ့ပေမယ့် သူ့ခြေစွမ်းကိုတော့ နည်းပြဆိုးလ်ရှားကိုယ်တိုင် အသိအမှတ်ပြု ချီးကျူးပါတယ်။

“သူဟာ တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့ကစားသမားပါ။ သူ့အရည်အချင်းဘယ်လောက်ရှိသလဲကို အသင်းသားအားလုံးသိကြပါတယ်။ ကစားခွင့်ရဖို့အတွက် အချိန်အကြာကြီးစောင့်ခဲ့ရပါတယ်။သူ့ကိုဘာကြောင့် ကျွန်တော် မသုံးတာလဲဆိုတာနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းတွေအများကြီးမေးမိပါတယ်။ ဒါပေမယ့် အသင်းမှာကစားသမားကောင်းအများကြီးရှိတာကိုလည်း ထည့်တွက်ရပါမယ်”လို့ပြောပါတယ်။

ရှေ့ဆက်ချန်ပီယံလိဂ်ပွဲတွေနဲ့အတူ ယူနိုက်တက်အသင်းအတွက် ပွဲကြီးပွဲကောင်းတွေလာတော့မယ်ဆိုတော့ မာတာကိုပါ တစ်နေရာပေးဖို့ ဆိုးလ်ရှား စဉ်းစားလာရတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္တိုက္စစ္ကို အေျပာင္းအလဲျဖစ္ေစခဲ့သူ မာတာ

စေနေန႔က ပြဲအစ ၂ မိနစ္မွာ လုခ္ေရွာရဲ႕ Own Goal ေၾကာင့္ နယူးကာဆယ္ကို ဦးေဆာင္ဂိုးစေပးခဲ့ရေတာ့ ယူႏိုက္တက္ပရိသတ္ေတြအေပၚ စပါးနဲ႔ပြဲကအရိပ္မဲႀကီးတစ္ေက်ာ့ျပန္က်လာပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ကို အရင္ပြဲေတြကနဲ႔ မတူတဲ့ ကြဲျပားမႈ ရွိေစတဲ့ကစားသမားရွိခဲ့ပါတယ္။ သူကေတာ့ ၀ါရင့္ကြင္းလယ္လူ မာတာပါ။ မာတာဟာ နယူးကာဆယ္ကို ၄-၁ ဂိုးနဲ႔ ယူႏိုက္တက္အႏိုင္ရတဲ့ပြဲမတိုင္ခင္ ဒီရာသီ ပရီးမီးယားလိဂ္ ၃ပြဲမွာ ပြဲခ်ိန္ ၁ မိနစ္မွ ကစားခြင့္မရခဲ့ပါဘူး။ တကယ္ေတာ့ အသက္ ၃၂ႏွစ္အရြယ္ရွိလာၿပီျဖစ္တဲ ့မာတာဟာ ေဖေဖာ္၀ါရီလေနာက္ ပိုင္း မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၿပိဳင္ပြဲအရပ္ရပ္မွာ တစ္ပြဲမွ ပြဲထြက္စာရင္းထဲမပါခဲ့ပါဘူး။ နယူးကာဆယ္နဲ႔ပြဲကမွ ပထမဆံုးအႀကိမ္ ပြဲထြက္စာရင္းထဲ ပါ၀င္ခဲ့တာပါ။

နယူးကာဆယ္နဲ႔ပြဲမွာ ယူႏုိက္တက္အသင္းအတြက္ ဂိုးသြင္းေပးသူေတြထဲ မာတာမပါေပမယ့္ အသင္းတုိက္စစ္က သူ႔အေပၚမ်ားစြာ မူတည္ခဲ့ပါတယ္။ မာတာဟာ ဂရင္း၀ုဒ္မပါႏိုင္တဲ့ ညာျခမ္းမွာ ထြက္ကစားခဲ့ရၿပီး အသက္အရြယ္အရ ျမန္ႏႈန္းနဲ႔ကစားအားမွာ အေကာင္းဆံုးမဟုတ္ေပမယ့္ သူ႔အေတြ႔အႀကံဳနဲ႔ ေဘာလံုးအျမင္ရွိမႈက ပြဲကို အဆံုးအျဖတ္ျဖစ္သြားေစပါတယ္။

တိုက္စစ္မွာ ေနရလႊတ္ရတိုင္း တိက်တဲ့ေဘာလံုးေပးပို႔မႈေတြလုပ္ေပးႏိုင္သလို ညာေနာက္ခံလူ ဘစ္ဆာကာအတြက္ ေနရာလႊတ္ေတြရေအာင္လည္း ဖန္တီးေပးႏုိင္ပါတယ္။ ပံုမွန္အားျဖင့္ ဘစ္ဆာကာ ဟာတိုက္စစ္ကို လုိက္ပါရာမွာအားနည္းေလ့ရွိေပမယ့္ မာတာနဲ႔တြဲကစားရာမွာေတာ့ Overlapလုပ္ၿပီး ဘရူႏိုဖာနန္ဒက္စ္နဲ႔ ေကာင္းေကာင္းခ်ိတ္ဆက္ကစားသြားပါတယ္။တစ္ပြဲလံုးမွာ ဖာနန္ဒက္စ္နဲ႔ ဘစ္ဆာကာတို႔ ေဘာလံုးအေပးယူလုပ္ခဲ့တာစုစုေပါင္း ၃၁ႀကိမ္ရွိပါတယ္။ ပြဲခ်ိန္ ၁၉မိနစ္မွာ သူတို႔ႏွစ္ေယာက္တြဲလံုးကေန ဂိုးတစ္ဂိုးရခဲ့ေသးေပမယ့္ VARေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ေနာက္တစ္ခ်က္က မာတာရဲ႕ ပံ့ပိုးမႈေၾကာင့္ ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ ေပ်ာက္ဆံုးေနတဲ့ ေျခစြမ္းေကာင္းေတြကို ေကာင္းေကာင္းျပန္ရခဲ့ပါတယ္။ နည္းစနစ္ပိုင္းအရ မန္ခ်က္စတာယူႏုိက္တက္ရဲ႕တိုက္စစ္ကို မ်ားစြာ ပံ့ပိုးႏိုင္ခဲ့တဲ့ မာတာဟာ နယူးကာဆယ္ကို ႏိုင္ခဲ့ရာမွာ မ်ားစြာအေရးပါခဲ့ပါတယ္။ ယူႏိုက္တက္ကလည္း သူတို႔ရဲ႕အေကာင္းဆံုး တိုက္စစ္စြမ္းေဆာင္ရည္ကို စေနေန႔ပြဲမွာ ျပႏိုင္ခဲ့ပါတယ္။ စုစုေပါင္းဂိုးကန္သြင္းမႈ ၂၈ႀကိမ္ရခဲ့ၿပီး ဂိုးေပါက္တည့္တာ ၁၄ ႀကိမ္ရွိပါတယ္။ ၿပီးခဲ့တဲ့တစ္ရာသီလံုးမွာေတာင္မွ ယူႏိုက္တက္ဟာ တစ္ပြဲအတြင္း ဒီေလာက္အထိ ဂိုးေပါက္တည့္တဲ့ကန္ခ်က္မရွိခဲ့ပါဘူး။

မာတာဟာ မက္ဂြိဳင္းယားရဲ႕ ေခ်ပဂိုးတစ္ဂိုးကိုပဲ ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ သူ႔ေျခစြမ္းကိုေတာ့ နည္းျပဆိုးလ္ရွားကိုယ္တိုင္ အသိအမွတ္ျပဳ ခ်ီးက်ဴးပါတယ္။

“သူဟာ တကယ့္ကို ပေရာ္ဖက္ရွင္နယ္ပီသလြန္းတဲ့ကစားသမားပါ။ သူ႔အရည္အခ်င္းဘယ္ေလာက္ရွိသလဲကို အသင္းသားအားလံုးသိၾကပါတယ္။ ကစားခြင့္ရဖို႔အတြက္ အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရပါတယ္။သူ႔ကိုဘာေၾကာင့္ ကၽြန္ေတာ္ မသံုးတာလဲဆိုတာနဲ႔ပတ္သက္လို႔ ကိုယ့္ကိုယ္ကိုလည္း ေမးခြန္းေတြအမ်ားႀကီးေမးမိပါတယ္။ ဒါေပမယ့္ အသင္းမွာကစားသမားေကာင္းအမ်ားႀကီးရွိတာကိုလည္း ထည့္တြက္ရပါမယ္”လို႔ေျပာပါတယ္။

ေရွ႕ဆက္ခ်န္ပီယံလိဂ္ပြဲေတြနဲ႔အတူ ယူႏိုက္တက္အသင္းအတြက္ ပြဲႀကီးပြဲေကာင္းေတြလာေတာ့မယ္ဆိုေတာ့ မာတာကိုပါ တစ္ေနရာေပးဖို႔ ဆိုးလ္ရွား စဥ္းစားလာရေတာ့မွာျဖစ္ပါတယ္။