အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် ဖီနာဘာချီကို ပြောင်းဖို့ နီးစပ်လာတဲ့အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ ကျန်ရှိနေသေးတဲ့ လက်ကျန်စာချုပ်သက်တမ်းကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီးဖြစ်ပြီး ဒီတပတ်ထဲမှာပဲ ဖီနာဘာချီအသင်းဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ အပြီးသတ်ပြောင်းရွှေ့သွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂျာမန်စတားဟာ ပြီးခဲ့တဲ့ရာသီကိုရိုနာဗိုင်းရပ်စ်စတင်ကတည်းက အာတီတာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်လူစာရင်းမှာပါ မပါဝင်လာတာဖြစ်ပါတယ်။

အိုဇေးလ်နဲ့ အာဆင်နယ်အသင်းတို့ဟာ ကျန်ရှိနေသေးတဲ့ လက်ကျန်စာချုပ်သက်တမ်းကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီးလို့လည်း သတင်းတွေမှာဖော်ပြလာကြပါတယ်။ အသက် ၃၂ နှစ်သားရဲ့စာချုပ်သက်တမ်းက အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပေမယ့် သတင်းတွေအရ အခုလထဲမှာပဲ စောစီးစွာစာချုပ်ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။

တူရကီကလပ်အသင်းဟာ အစောပိုင်းတုန်းက အိုဇေးလ်ကို အငှားသဘောမျိုးနဲ့ ခေါ်ယူနိုင်ဖို့ရာ စီစဉ်ခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က ကစားသမားရဲ့ လစာငွေ ပေးချေသွားဖို့ ဆန္ဒမရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အိုဇေးလ်ကို မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် နဲ့ တူရကီကလပ် ဖီနာဘာချီတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဖီနာဘာချီကတော့ ဒီစီယူနိုက်တက်ထက် အိုဇေးလ်ကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပေမယ့် အိုဇေးလ်ကိုယ်တိုင်ကတော့ ငယ်စဉ်ကတည်းက အားပေးတဲ့ ဖီနာဘာချီကိုသာ ပြောင်ရွှေ့ကစားဖို့စိတ်အားထက်သန်ခဲ့ပါတယ်။

သူက“ကျွန်တော် ဂျာမနီမှာ ကလေးဘဝကတည်းက ဖီနာဘာချီကိုအားပေးရင်းကြီးပြင်းလာတာပါ။ ဂျာမန်-တူရကီလူမျိုးစပ်တစ်ဦးအနေနဲ့ ဖီနာဘာချီကိုပဲ စိတ်ထဲရှိပါတယ်။ ဖီနာဘာချီက စပိန်မှာဆို ရီးရဲလ်နဲ့ ဆင်တူပါတယ်။ တူရကီမှာ အကြီးဆုံးကလပ်ပါ” လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ရဲ့အေးဂျင့် ဆိုဂတ်ကတော့ မကြာသေးခင်က သူ့ရဲ့ကစားသမားဟာစာချုပ်ကို စောစီးစွာဖျက်သိမ်းမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲရရှိနေပြီး (၂၀၂၁) ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အိုဇေးလ်ဟာ လက်ကျန်စာချုပ်ကုန်ဆုံးတဲ့အထိ အမ်းမရိတ်မြေမှာ ဆက်ကစားခဲ့ပါက အာဆင်နယ်အသင်းဆီကနေ ပေါင် (၇) သန်းလောက် ထပ်မံရရှိသွားဦးမှာဖြစ်ပေမယ့် အိုဇေးလ်ကတော့ အာဆင်နယ်မှာပွဲထွက်ခွင့်မသေချာတော့တာကြောင့် ဖီနာဘာချီကို အခုလထဲမှာပဲ ပြောင်းချင်နေပါတယ်။

ဖီနာဘာချီနဲ့က ဒီလအစောပိုင်းကတည်းက သဘောတူညီမှုရထားခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ အိုဇေးလ် အနေနဲ့ဖီနာဘာချီမှာ ဆေးစစ်မှုခံယူပြီး အပြောင်းအရွှေ့ကို တရားဝင်ကြေညာနိုင်တော့မယ်လို့ သတင်းတွေကရေးသားလာနေကြပါပြီ။ ပွဲစဉ်(၁၇)ပွဲကစားပြီးချိန်မှာ ပြည်တွင်းအမှတ်ပေးဇယားထိပ်ကိုရောက်နေတဲ့ ဖီနာဘာချီအသင်းနဲ့ အိုဇေးလ်သာ လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်မှာ ပျောက်ဆုံးနေတာကြာခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ ကစားဟန်တွေကို ပြန်လည်မြင်တွေ့ရဖို့စောင့်ရမယ့်အချိန်ဟာ သိပ်ကြာတော့မှာမဟုတ်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သေဘာတူညီမႈ ရခဲ့ျပီးေနာက္ ဖီနာဘာခ်ီကို ေျပာင္းဖို႔ နီးစပ္လာတဲ့အိုေဇးလ္

သတင္းေတြအရ အာဆင္နယ္ကြင္းလယ္လူ အုိေဇးလ္ဟာ အာဆင္နယ္အသင္းနဲ႔ က်န္ရွိေနေသးတဲ့ လက္က်န္စာခ်ဳပ္သက္တမ္းကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းဖို႔ သေဘာတူလိုက္ၿပီးျဖစ္ၿပီး ဒီတပတ္ထဲမွာပဲ ဖီနာဘာခ်ီအသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕သြားဖို႕ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ ဂ်ာမန္စတားဟာ ျပီးခဲ့တဲ့ရာသီကိုရိုနာဗိုင္းရပ္စ္စတင္ကတည္းက အာတီတာလက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးလာခဲ့ျပီး ဒီရာသီ ပရီးမီးယားလိဂ္ နဲ႔ ယူရုိပါလိဂ္လူစာရင္းမွာပါ မပါ၀င္လာတာျဖစ္ပါတယ္။ အိုေဇးလ္နဲ႕ အာဆင္နယ္အသင္းတို႕ဟာ က်န္ရွိေနေသးတဲ့ လက္က်န္စာခ်ဳပ္သက္တမ္းကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းဖို႔ သေဘာတူလိုက္ၿပီးလို႕လည္း သတင္းေတြမွာေဖာ္ျပလာၾကပါတယ္။ အသက္ ၃၂ ႏွစ္သားရဲ႕စာခ်ဳပ္သက္တမ္းက အခုရာသီအကုန္မွာကုန္ဆံုးမွာျဖစ္ေပမယ့္ သတင္းေတြအရ အခုလထဲမွာပဲ ေစာစီးစြာစာခ်ဳပ္ဖ်က္သိမ္းဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

တူရကီကလပ္အသင္းဟာ အေစာပိုင္းတုန္းက အုိေဇးလ္ကို အငွားသေဘာမ်ိဳးနဲ႔ ေခၚယူႏိုင္ဖို႔ရာ စီစဥ္ခဲ့ေပမယ့္ အာဆင္နယ္အသင္းဘက္က ကစားသမားရဲ႕ လစာေငြ ေပးေခ်သြားဖို႔ ဆႏၵမရွိခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔အတြက္ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္တယ္လို႕လည္း သိရပါတယ္။ အိုေဇးလ္ကို ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္ နဲ႔ တူရကီကလပ္ ဖီနာဘာခ်ီတုိ႔က စိတ္၀င္စားေနၾကတာျဖစ္ပါတယ္။ ဖီနာဘာခ်ီကေတာ့ ဒီစီယူႏိုက္တက္ထက္ အိုေဇးလ္ကိုေခၚယူႏိုင္ဖို႔ ထိပ္ဆံုးက ဦးေဆာင္ေနေပမယ့္ အိုေဇးလ္ကိုယ္တိုင္ကေတာ့ ငယ္စဥ္ကတည္းက အားေပးတဲ့ ဖီနာဘာခ်ီကုိသာ ေျပာင္ေရႊ႕ကစားဖို႕စိတ္အားထက္သန္ခဲ့ပါတယ္။ “ကြ်န္ေတာ္ ဂ်ာမနီမွာ ကေလးဘ၀ကတည္းက ဖီနာဘာခ်ီကိုအားေပးရင္းၾကီးျပင္းလာတာပါ။ ဂ်ာမန္-တူရကီလူမ်ိဳးစပ္တစ္ဦးအေနနဲ႔ ဖီနာဘာခ်ီကိုပဲ စိတ္ထဲရွိပါတယ္။ ဖီနာဘာခ်ီက စပိန္မွာဆုိ ရီးရဲလ္နဲ႔ ဆင္တူပါတယ္။ တူရကီမွာ အၾကီးဆံုးကလပ္ပါ” လုိ႔ အိုေဇးလ္က ေျပာၾကားခဲ့ပါတယ္။

အိုေဇးလ္ရဲ႕ေအးဂ်င့္ ဆိုဂတ္ကေတာ့ မၾကာေသးခင္က သူ႕ရဲ႕ကစားသမားဟာစာခ်ဳပ္ကို ေစာစီးစြာဖ်က္သိမ္းမွာမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။ တပတ္လုပ္ခ ေပါင္ (၃) သိန္းခြဲရရွိေနၿပီး (၂၀၂၁) ခုႏွစ္၊ ဇြန္လ (၃၀) ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အိုေဇးလ္ဟာ လက္က်န္စာခ်ဳပ္ကုန္ဆုံးတဲ့အထိ အမ္းမရိတ္ေျမမွာ ဆက္ကစားခဲ့ပါက အာဆင္နယ္အသင္းဆီကေန ေပါင္ (၇) သန္းေလာက္ ထပ္မံရရွိသြားဦးမွာျဖစ္ေပမယ့္ အုိေဇးလ္ကေတာ့ အာဆင္နယ္မွာပြဲထြက္ခြင့္မေသခ်ာေတာ့တာေၾကာင့္ ဖီနာဘာခ်ီကုိ အခုလထဲမွာပဲ ေျပာင္းခ်င္ေနပါတယ္။

ဖီနာဘာခ်ီနဲ႔က ဒီလအေစာပိုင္းကတည္းက သေဘာတူညီမႈရထားခဲ့တာေၾကာင့္ ဒီရက္ပိုင္းအတြင္းမွာပဲ အိုေဇးလ္ အေနနဲ႔ဖီနာဘာခ်ီမွာ ေဆးစစ္မႈခံယူၿပီး အေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကညာႏိုင္ေတာ့မယ္လို႕ သတင္းေတြကေရးသားလာေနၾကပါၿပီ။ ပြဲစဥ္(၁၇)ပြဲကစားၿပီးခ်ိန္မွာ ျပည္တြင္းအမွတ္ေပးဇယားထိပ္ကိုေရာက္ေနတဲ့ ဖီနာဘာခ်ီအသင္းနဲ႕ အိုေဇးလ္သာ လက္တြဲျဖစ္ခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္မွာ ေပ်ာက္ဆံုးေနတာၾကာခဲ့ၿပီျဖစ္တဲ့ သူ႕ရဲ႕ ကစားဟန္ေတြကို ျပန္လည္ျမင္ေတြ႕ရဖို႕ေစာင့္ရမယ့္အခ်ိန္ဟာ သိပ္ၾကာေတာ့မွာမဟုတ္ပါဘူး။