မန်စီးတီးနဲ့ပွဲအပြီး ပြုံးပျော်နေတဲ့ အူဘာမီယန်ကို အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးကို ၁-၀ ဂိုးနဲ့ ရှုံးတဲ့ပွဲအပြီးမှာ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်နဲ့ ပြုံးပျော်ပြီးစကားလက်ဆုံကျခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်ကို အာဆင်နယ်ပရိသတ်တွေက ဒေါသတကြီးနဲ့ ဝေဖန်နေကြပါတယ်။

အူဘာမီယန်နဲ့ ဂန်ဒိုဂန်တို့ဟာ တစ်ချိန်က ဒေါ့တ်မွန်အသင်းမှာ အတူတွဲကစားခဲ့ကြသူတွေဖြစ်ကြပြီး ပွဲသိမ်းခရာမှုတ်ပြီးနောက် သိပ်မကြာခင် နှစ်ယောက်သား ရယ်စရာအကြောင်းအရာတစ်ခုကိုပြောဆိုနေခဲ့ ကြပြီး ကွင်းထဲမှာ ရယ်မောနေခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးက “ဘာကြောင့်မို့ သူအရမ်းပျော်နေတာလဲ၊ ကျွန်တော်တို့ဟာဆိုးရွားလွန်းတဲ့ ကစားပုံနဲ့အတူ ရှုံးပွဲတွေ့ခဲ့တာပါ။ ကစားသမားအားလုံးနီးပါး တစ်ယောက်ကိုမှ တောင်းဆိုစရာမရှိတဲ့အထိ ဆိုးခဲ့တာပါ”လို့ အွန်လိုင်းမှာ ဝေဖန်ခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “အနည်းဆုံးတော့ အဝတ်လဲခန်းသွားရာလမ်းထဲအဝင်လောက်တော့ စောင့်နေသင့်ပါတယ်”လို့ ဆိုပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်အသင်းနဲ့တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲအထိ ရနိုင်တဲ့ စာချုပ်သစ်ကိုချုပ်ဆိုပြီးနောက်ပိုင်း အကောင်းဆုံးဂိုးသွင်းအားကို မပြနိုင်သေးတာကြောင့် ဝေဖန်ခံရနေချိန်မှာ စနေနေ့ကပွဲကဖြစ်ရပ်ကြောင့် ပရိသတ်တွေအကြား ပိုအာရုံစိုက်စရာဖြစ်လာပါတယ်။

မန်စီးတီးနဲ့ပွဲမှာလည်း တစ်ပွဲလုံးနီးပါး ပြိုင်ဘက်ခံစစ်ကို မကျော်ဖြတ်နိုင်ဘဲ လူကျွံဘောအနေအထားကနေ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့အနေအထားကနေကန်ခွင့်ရတာပဲရှိပါတယ်။

ရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ ၁၉၇၄ခုနှစ်ကနေ ၁၉၇၇ခုနှစ်အတွင်း အစ်ဆွစ်ချ်တောင်းကို ၇ပွဲဆက် ရှုံးပြီးနောက်ပိုင်း အင်္ဂလန်အဆင့်မြင့်ဆုံးအမှတ်ပေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးကို ပရီးမီးယားလိဂ် နောက်ဆုံး ၇ကြိမ်တွေ့ဆုံမှုစလုံးမှာ ရှုံးခဲ့ပါတယ်။

ဆက်လက်ပြီး အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့မှာ ရက်ပစ်ဝီယံနဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ပြဲအၿပီး ၿပံဳးေပ်ာ္ေနတဲ့ အူဘာမီယန္ကို အာဆင္နယ္ပရိသတ္ေတြ ေဒါသထြက္ေန

မန္စီးတီးကို ၁-၀ ဂိုးနဲ႔ ရႈံးတဲ့ပြဲအၿပီးမွာ မန္စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္နဲ႔ ၿပံဳးေပ်ာ္ၿပီးစကားလက္ဆံုက်ခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္ကို အာဆင္နယ္ပရိသတ္ေတြက ေဒါသတႀကီးနဲ႔ ေ၀ဖန္ေနၾကပါတယ္။ အူဘာမီယန္နဲ႔ ဂန္ဒိုဂန္တို႔ဟာ တစ္ခ်ိန္က ေဒါ့တ္မြန္အသင္းမွာ အတူတြဲကစားခဲ့ၾကသူေတြျဖစ္ၾကၿပီး ပြဲသိမ္းခရာမႈတ္ၿပီးေနာက္ သိပ္မၾကာခင္ ႏွစ္ေယာက္သား ရယ္စရာအေၾကာင္းအရာတစ္ခုကိုေျပာဆိုေနခဲ့ ၾကၿပီး ကြင္းထဲမွာ ရယ္ေမာေနခဲ့ၾကပါတယ္။

အာဆင္နယ္ပရိသတ္တစ္ဦးက “ဘာေၾကာင့္မို႔ သူအရမ္းေပ်ာ္ေနတာလဲ၊ ကၽြန္ေတာ္တို႔ဟာဆိုးရြားလြန္းတဲ့ ကစားပံုနဲ႔အတူ ရႈံးပြဲေတြ႔ခဲ့တာပါ။ ကစားသမားအားလံုးနီးပါး တစ္ေယာက္ကိုမွ ေတာင္းဆိုစရာမရွိတဲ့အထိ ဆိုးခဲ့တာပါ”လို႔ အြန္လိုင္းမွာ ေ၀ဖန္ခဲ့ပါတယ္။ ေနာက္တစ္ဦးကလည္း “အနည္းဆံုးေတာ့ အ၀တ္လဲခန္းသြားရာလမ္းထဲအ၀င္ေလာက္ေတာ့ ေစာင့္ေနသင့္ပါတယ္”လို႔ ဆိုပါတယ္။

အူဘာမီယန္ဟာ အာဆင္နယ္အသင္းနဲ႔တစ္ပတ္လစာ ေပါင္သံုးသိန္းခြဲအထိ ရႏိုင္တဲ့ စာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုၿပီးေနာက္ပိုင္း အေကာင္းဆံုးဂိုးသြင္းအားကို မျပႏိုင္ေသးတာေၾကာင့္ ေ၀ဖန္ခံရေနခ်ိန္မွာ စေနေန႔ကပြဲကျဖစ္ရပ္ေၾကာင့္ ပရိသတ္ေတြအၾကား ပိုအာရံုစိုက္စရာျဖစ္လာပါတယ္။ မန္စီးတီးနဲ႔ပြဲမွာလည္း တစ္ပြဲလံုးနီးပါး ၿပိဳင္ဘက္ခံစစ္ကို မေက်ာ္ျဖတ္ႏိုင္ဘဲ လူကၽြံေဘာအေနအထားကေန ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း ေတြ႔တဲ့အေနအထားကေနကန္ခြင့္ရတာပဲရွိပါတယ္။

ရႈံးပြဲေၾကာင့္ အာဆင္နယ္အသင္းဟာ ၁၉၇၄ခုႏွစ္ကေန ၁၉၇၇ခုႏွစ္အတြင္း အစ္ဆြစ္ခ်္ေတာင္းကို ၇ပြဲဆက္ ရႈံးၿပီးေနာက္ပိုင္း အဂၤလန္အဆင့္ျမင့္ဆံုးအမွတ္ေပးၿပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္အျဖစ္ မန္စီးတီးကို ပရီးမီးယားလိဂ္ ေနာက္ဆံုး ၇ႀကိမ္ေတြ႔ဆံုမႈစလံုးမွာ ရႈံးခဲ့ပါတယ္။

ဆက္လက္ၿပီး အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔မွာ ရက္ပစ္၀ီယံနဲ႔ ယူရိုပါလိဂ္အေ၀းကြင္းပြဲစဥ္ကစားရမွာျဖစ္ပါတယ္။