၀က်စ်ဟမ်းကို ၂ ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်းအတွက် မှတ်တမ်းကောင်းတစ်ခု ထပ်တိုးပြီး သူ့အတွက် ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူက ဘယ်သူဖြစ်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအတွက်ကတော့ မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပါတယ်။ သူဟာ စပါးအတွက် ၅ ဂိုးသွင်းပေးထားပြီး ၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ မှတ်တမ်းဟာ ၂၀၁၁-၁၂ ဘောလုံးရာသီတုန်းက ဝိန်းရွန်နီ၊ ၂၀၀၄-၀၅ ဘောလုံးရာသီတုန်းက အွန်နရီတို့ရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ စပါးက ပထမပိုင်း ၁၄ မိနစ်အတွင်း ဆွန်ဟောင်မင် ၁ ဂိုး၊ ဟယ်ရီကိန်း ၂ ဂိုး သွင်းနိုင်ခဲ့ပြီး ၂၀၀၇ တုန်းက ဒါဘီအသင်းကို အမြန်ဆုံး ၃ ဂိုးသွင်းနိုင်တဲ့ စပါးအသင်းရဲ့ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာပါ။

ဒီရာသီမှာ အတွဲညီညီ ခြေစွမ်းပြနေတဲ့ ဟယ်ရီ ကိန်းနဲ့ ဆွန်ဟောင်မင်တို့ ၂ ယောက်ပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးရှိနေပြီး ၁၉၉၂-၉၃ နဲ့ ၁၉၉၄-၉၅ ဘောလုံးရာသီတစ်ရာသီလုံး၂ ယောက်ပေါင်း ၉ ဂိုးရထားခဲ့တဲ့ ရှရင်ဂမ်နဲ့ အန်ဒါတန်တို့ရဲ့သွင်းဂိုးနောက်မှာ ၁ ဂိုးပဲကွာပါတော့တယ်။

ရှရင်ဂမ်နဲ့ အမ်း စထရောင်းဟာ ၁၉၉၅-၉၆ ဘောလုံးရာသီတုန်းကလည်း ၂ ယောက်ပေါင်း ၉ ဂိုး သွင်း နိုင်ခဲ့ဖူးပါတယ်။

ကိန်းနဲ့ ဆွန်ဟောင်မင်တို့က အခုမှ ပရီးမီးယားလိဂ်ရာသီအစပဲရှိသေး တဲ့အတွက် နောက်ထပ်ဂိုးတွေ ထပ်ရဖို့ရှိပြီး စံချိန်သစ်တင်နိုင်ဖို့ သေချာနေပါတယ်။

ဒီလိုမျိုး ဂိုးသွင်းအားကောင်းနေတဲ့ ဟယ်ရီကိန်းက သူ့ရဲ့ကစားသမားဘဝမှာ ရင်ဆိုင် ကျော်ဖြတ်ဖို့ အခက်ဆုံးနောက်ခံလူ ၆ ယောက်ကိုလည်း ပြောကြာသွားခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ နောက်တန်းခံစစ်မှူးအများအပြားကို ကျော်ဖြတ်ဂိုး သွင်းရတာဟာ အဓိကတာဝန်တစ်ရပ်ဖြစ်တဲ့အတိုင်း သူ့အတွက် အခက်ခဲဆုံးနောက် ခံလူကတော့ တယ်ရီဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းက “ကျွန်တော် တယ်ရီနဲ့ ၂ ရာသီ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ သူ့ရဲ့နေရာယူပုံနဲ့ ခန္ဒာကိုယ်ကိုကျော် ဖြတ်ပြီးသွားဖို့ဆိုတာ အတော်ကိုမလွယ်တာပါ။ နောက်တစ်ယောက်ကတော့ ရာမို့စ်ပါ။ ချီရယ်လီနီနဲ့ ဗန်ဒစ်ချ်တို့ကလည်း ကျွန်တော် ကျော်ဖြတ်ဖို့ခက်ခဲတဲ့ နောက်ခံလူတွေပါ ပဲ။ အစွန်တောင်ပံခံစစ်မှူးတွေကိုပြောရမယ်ဆိုရင်တော့ ဘရာဇီးသား ၂ ယောက်ကို ပြ ရမှာပါ။ ညာတောင်ပံအတွက်ကတော့ ကျွန်တော်နဲ့ ရာသီကြိုခြေစမ်းပွဲမှာဆုံခဲ့ဖူးတဲ့ အဲလ်ဗက်စ်ဖြစ်ပြီး ဘယ်နောက်ခံလူဆိုရင်တော့ ရီးရဲလ်က မာဆယ်လိုပါပဲ။ ဘောလုံး ကျွမ်းကျင်မှုကောင်းပြီး တိုက်စစ်လိုက်ပါတာလည်းကောင်းတဲ့ သူတို့ ၂ ယောက်က ခံစစ်မှာလည်း ဟာကွက်မရှိအောင် ကစားနိုင်တဲ့သူတွေပါ” လို့ ပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၀က္စ္ဟမ္းကို ၂ ဂိုးသြင္းခဲ့တဲ့ ဟယ္ရီကိန္းအတြက္ မွတ္တမ္းေကာင္းတစ္ခု ထပ္တိုးၿပီး သူ႕အတြက္ ရင္ဆိုင္ရအခက္ဆံုးေနာက္ခံလူက ဘယ္သူျဖစ္မလဲ

၀က္စ္ဟမ္းနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ အဂၤလန္တိုက္စစ္မွဴး ဟယ္ရီကိန္းအတြက္ကေတာ့ မွတ္တမ္းေကာင္းတစ္ခုရရွိခဲ့ပါတယ္။ သူဟာ စပါးအတြက္ ၅ ဂိုးသြင္းေပးထားၿပီး ၇ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့တဲ့ မွတ္တမ္းဟာ ၂၀၁၁-၁၂ ေဘာလံုးရာသီတုန္းက ၀ိန္းရြန္နီ၊ ၂၀၀၄-၀၅ ေဘာလံုးရာသီတုန္းက အြန္နရီတို႔ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ စပါးက ပထမပိုင္း ၁၄ မိနစ္အတြင္း ဆြန္ေဟာင္မင္ ၁ ဂိုး၊ ဟယ္ရီကိန္း ၂ ဂိုး သြင္းႏိုင္ခဲ့ၿပီး ၂၀၀၇ တုန္းက ဒါဘီအသင္းကို အျမန္ဆံုး ၃ ဂိုးသြင္းႏိုင္တဲ့ စပါးအသင္းရဲ႕ စံခ်ိန္ေဟာင္းကို ခ်ဳိးဖ်က္ႏိုင္ခဲ့တာပါ။ ဒီရာသီမွာ အတြဲညီညီ ေျခစြမ္းျပေနတဲ့ ဟယ္ရီ ကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ၂ ေယာက္ေပါင္း ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးရွိေနၿပီး ၁၉၉၂-၉၃ နဲ႔ ၁၉၉၄-၉၅ ေဘာလံုးရာသီတစ္ရာသီလံုး၂ ေယာက္ေပါင္း ၉ ဂိုးရထားခဲ့တဲ့ ရွရင္ဂမ္နဲ႔ အန္ဒါတန္တို႔ရဲ႕သြင္းဂိုးေနာက္မွာ ၁ ဂိုးပဲကြာပါေတာ့တယ္။

ရွရင္ဂမ္နဲ႔ အမ္း စထေရာင္းဟာ ၁၉၉၅-၉၆ ေဘာလံုးရာသီတုန္းကလည္း ၂ ေယာက္ေပါင္း ၉ ဂိုး သြင္း ႏိုင္ခဲ့ဖူးပါတယ္။ ကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔က အခုမွ ပရီးမီးယားလိဂ္ရာသီအစပဲရွိေသး တဲ့အတြက္ ေနာက္ထပ္ဂိုးေတြ ထပ္ရဖို႔ရွိၿပီး စံခ်ိန္သစ္တင္ႏိုင္ဖို႔ ေသခ်ာေနပါတယ္။

ဒီလုိမ်ဳိး ဂိုးသြင္းအားေကာင္းေနတဲ့ ဟယ္ရီကိန္းက သူ႕ရဲ႕ကစားသမားဘ၀မွာ ရင္ဆုိင္ ေက်ာ္ျဖတ္ဖို႔ အခက္ဆံုးေနာက္ခံလူ ၆ ေယာက္ကိုလည္း ေျပာၾကာသြားခဲ့ပါတယ္။ တုိက္စစ္မွဴးတစ္ေယာက္အေနနဲ႔ ေနာက္တန္းခံစစ္မွဴးအမ်ားအျပားကို ေက်ာ္ျဖတ္ဂိုး သြင္းရတာဟာ အဓိကတာ၀န္တစ္ရပ္ျဖစ္တဲ့အတုိင္း သူ႕အတြက္ အခက္ခဲဆံုးေနာက္ ခံလူကေတာ့ တယ္ရီျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

ဟယ္ရီကိန္းက “ကၽြန္ေတာ္ တယ္ရီနဲ႔ ၂ ရာသီ ရင္ဆိုင္ကစားခဲ့ဖူးပါတယ္။ သူ႕ရဲ႕ေနရာယူပံုနဲ႔ ခႏၵာကိုယ္ကိုေက်ာ္ ျဖတ္ၿပီးသြားဖို႔ဆိုတာ အေတာ္ကိုမလြယ္တာပါ။ ေနာက္တစ္ေယာက္ကေတာ့ ရာမို႔စ္ပါ။ ခ်ီရယ္လီနီနဲ႔ ဗန္ဒစ္ခ်္တို႔ကလည္း ကၽြန္ေတာ္ ေက်ာ္ျဖတ္ဖို႔ခက္ခဲတဲ့ ေနာက္ခံလူေတြပါ ပဲ။ အစြန္ေတာင္ပံခံစစ္မွဴးေတြကိုေျပာရမယ္ဆုိရင္ေတာ့ ဘရာဇီးသား ၂ ေယာက္ကို ျပ ရမွာပါ။ ညာေတာင္ပံအတြက္ကေတာ့ ကၽြန္ေတာ္နဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာဆံုခဲ့ဖူးတဲ့ အဲလ္ဗက္စ္ျဖစ္ၿပီး ဘယ္ေနာက္ခံလူဆုိရင္ေတာ့ ရီးရဲလ္က မာဆယ္လုိပါပဲ။ ေဘာလံုး ကၽြမ္းက်င္မႈေကာင္းၿပီး တိုက္စစ္လိုက္ပါတာလည္းေကာင္းတဲ့ သူတို႔ ၂ ေယာက္က ခံ စစ္မွာလည္း ဟာကြက္မရွိေအာင္ ကစားႏိုင္တဲ့သူေတြပါ” လို႔ ေျပာၾကားသြားပါတယ္။