
မန်ချက်စတာယူနိုက်တက်ကွင်းလုံခြုံရေးများဟာ အတ္တလန္တာနှင့်ချန်ပီယံလိဂ်
အုပ်စုပွဲအပြီးမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီရယူဖို့အတွက်ကွင်းထဲ
အတင်းပြေးဝင်ကာကြိုးပမ်းခဲ့တဲ့ပရိသတ်တစ်ဦးကိုလက်မတင်ကလေးတားဆီးနိုင်ခဲ့ကြပါတယ်။
အသက်၃၆နှစ်ရှိပေါ်တူဂီဂန္ထဝင်ကစားသမားဟာအတ္တလန္တာကို၃-၂ဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲချိန်၈၁မိနစ်မှာခေါင်းအပြင်းတိုက်ပြီးမန်ယူအတွက်
အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။
ယင်းပွဲမှာမန်ယူဟာပထမပိုင်းမှာ၂-ဝဂိုးဖြင့်ဦးဆောင်ခြင်းခံနေခဲ့ရပြီး
ရပ်ရှ်ဖို့ဒ်နှင့်ဟယ်ရီမက်ဂွိုင်းယားတို့ကချေပဂိုးသွင်းခဲ့ကာရော်နယ်ဒိုက
အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲပြီးခရာမှုတ်ပြီးချိန်တွင်ရော်နယ်ဒိုဟာ ကွင်းအတွင်းလှည့်ပတ်ကာ
အောင်ပွဲခံနေခဲ့ပြီးရုပ်သံကင်မရာကလည်း
တောက်လျှောက်လိုက်ရိုက်ကာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒါပေမယ့်ယင်းအချိန်မှာပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့
အတင်းဝင်ရောက်ကာခရစ္စတီယာရော်နယ်ဒိုရှိရာသို့ဦးတည်ပြေးလွှားပြီး
အင်္ကျီတောင်းဆိုမှုလုပ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ယင်းပရိသတ်ဟာ
ရော်နယ်ဒိုဆီသို့ရောက်ပြီးအင်္ကျီစကိုစဆွဲမိတဲ့အချိန်မှာဘဲသူ့နောက်ကိုလိုက်နေတဲ့
ကွင်းလုံခြုံရေးတို့ရဲ့ထိန်းချုပ်ခြင်းခံခဲ့ရပါတယ်။
ရော်နယ်ဒိုဟာယင်းပရိသတ်ရဲ့ အင်္ကျီစဆွဲလိုက်မှုကြောင့်အနည်းငယ်
တုန်လှုပ်သွားခဲ့တာလည်းတွေ့ရပါတယ်။ ရော်နယ်ဒိုဟာအတ္တလန္တာနှင့်
ပွဲမတိုင်မီဗီလာရီးရဲလ်နှင့်ပွဲမှာတုန်းကလည်း နာကျင်အချိန်ပိုမှာ မန်ယူအတွက်
အဖိုးတန်အနိုင်ဂိုးသွင်းယူပြီးဆိုးလ်ရှားရဲ့ ဖိအားများကိုသက်သာစေခဲ့သူဖြစ်ပါတယ်။
zawgyi
ေရာ္နယ္ဒိုရဲ႕အက်ႌရယူဖို႔အတြက္ ကြင္းထဲအတင္းေျပးဝင္ကာ ႀကိဳးပမ္းခဲ့တဲ့ ပရိသတ္တစ္ဦး
မန္ခ်က္စတာယူႏိုက္တက္ကြင္းလုံၿခဳံေရးမ်ားဟာ အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္
အုပ္စုပြဲအၿပီးမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အက်ႌရယူဖို႔အတြက္ကြင္းထဲ
အတင္းေျပးဝင္ကာႀကိဳးပမ္းခဲ့တဲ့ပရိသတ္တစ္ဦးကိုလက္မတင္ကေလးတားဆီးႏိုင္ခဲ့ၾကပါတယ္။
အသက္၃၆ႏွစ္ရွိေပၚတူဂီဂႏၴဝင္ကစားသမားဟာအတၱလႏၲာကို၃-၂ဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၈၁မိနစ္မွာေခါင္းအျပင္းတိုက္ၿပီးမန္ယူအတြက္
အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။
ယင္းပြဲမွာမန္ယူဟာပထမပိုင္းမွာ၂-ဝဂိုးျဖင့္ဦးေဆာင္ျခင္းခံေနခဲ့ရၿပီး
ရပ္ရွ္ဖို႔ဒ္ႏွင့္ဟယ္ရီမက္ဂြိဳင္းယားတို႔ကေခ်ပဂိုးသြင္းခဲ့ကာေရာ္နယ္ဒိုက
အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္ေရာ္နယ္ဒိုဟာ
ကြင္းအတြင္းလွည့္ပတ္ကာေအာင္ပြဲခံေနခဲ့ၿပီး႐ုပ္သံကင္မရာကလည္း
ေတာက္ေလွ်ာက္လိုက္႐ိုက္ကာ ထုတ္လႊင့္ျပသခဲ့ပါတယ္။
ဒါေပမယ့္ယင္းအခ်ိန္မွာပရိသတ္တစ္ဦးဟာကြင္းအတြင္းသို႔
အတင္းဝင္ေရာက္ကာခရစၥတီယာေရာ္နယ္ဒိုရွိရာသို႔ဦးတည္ေျပးလႊားၿပီး
အက်ႌေတာင္းဆိုမႈလုပ္ဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ယင္းပရိသတ္ဟာ
ေရာ္နယ္ဒိုဆီသို႔ေရာက္ၿပီးအက်ႌစကိုစဆြဲမိတဲ့အခ်ိန္မွာဘဲသူ႔ေနာက္ကိုလိုက္ေနတဲ့
ကြင္းလုံၿခဳံေရးတို႔ရဲ႕ထိန္းခ်ဳပ္ျခင္းခံခဲ့ရပါတယ္။ေရာ္နယ္ဒိုဟာယင္းပရိသတ္ရဲ႕
အက်ႌစဆြဲလိုက္မႈေၾကာင့္အနည္းငယ္တုန္လႈပ္သြားခဲ့တာလည္းေတြ႕ရပါတယ္။
ေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲမတိုင္မီဗီလာရီးရဲလ္ႏွင့္ပြဲမွာတုန္းကလည္း
နာက်င္အခ်ိန္ပိုမွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူၿပီးဆိုးလ္ရွားရဲ႕
ဖိအားမ်ားကိုသက္သာေစခဲ့သူျဖစ္ပါတယ္။