ဝက်စ်ဟမ်းကို ၃ဂိုးပြတ်နိုင်နေပြီး ချေပဂိုး ၃ဂိုးပြန်ပေးရလို့ မော်ရင်ဟို ပေါက်ကွဲပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲချိန် ၈၁ မိနစ်အထိ ၃ဂိုးပြတ်နဲ့ ဝက်စ်ဟမ်းကို နိုင်နေပြီးမှ ၃ဂိုးပြန်ပေးခဲ့ရတဲ့အပေါ် စပါးနည်းပြမော်ရင်ဟို တစ်ယောက် တော်တော်လေး ဒေါသထွက်နေပါတယ်။ တနင်္ဂနွေနေ့က ဒီ လန်ဒန်ဒါဘီပွဲရလဒ်ကြောင့် စပါးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အနည်းဆုံးပွဲချိန် ၈၁ မိနစ်အထိ ၃ဂိုးပြတ် ပွဲအပြီးမှာ အနိုင်မရတဲ့ ပထမဆုံး အသင်းဖြစ်လာပါတယ်။

တကယ်တော့ စပါးဟာ ဦးဆောင်ဂိုး ၃ဂိုးကို ပွဲချိန် ၁၆ မိနစ်အတွင်းကတည်းက ရခဲ့တာပါ။ သူတို့အသင်းသမိုင်းမှာ ၂၀၀၇ခုနှစ်က ဒါဘီနဲ့ပွဲမှာ ပွဲချိန် ၁၄မိနစ်အတွင်း ၃ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက်ပိုင်း ပရီးယားလိဂ်မှာ ၃ဂိုးပြတ်နဲ့ အစောဆုံးဦးဆောင်နိုင်တဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးဖို့ ၁၀မိနစ်ကျော်လောက်အတွင်း မယုံကြည်နိုင်လောက်အောင် ၃ဂိုးပြန်ပေးခဲ့ရလို့ စပါးအတွက် အိမ်ကွင်းနိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ စပါးနည်းပြမော်ရင်ဟိုက သူ့ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်ဝေဖန်သွားပါတယ်။ “ ကျွန်တော့်ကစားသမားတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ပြိုင်ဘက်ကို လုံးဝအနိုင်ယူနိုင်လောက်တဲ့အထိ မကြံ့ခိုင်သေးပါဘူး။ နောက်ဆုံးစက္ကန့်အတွင်း ကျွန်တော်တို့ဟာ အဖိုးတန် ၂ မှတ်ဆုံးရှုံးခဲ့ပါတယ်”လို့ မော်ရင်ဟိုက ပြောပါတယ်။

ဆက်လက်ပြီး BBCနဲ့ အင်တာဗျူးမှာလည်း မော်ရင်ဟိုက “ကျွန်တော်တို့အသင်းဟာ ဒီထက်မက ပိုကြံ့ခိုင်သင့်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော့်အသင်းကစားပုံက အရမ်းစွန့်စားမှုဆန်ပါတယ်။ပြိုင်ဘက်ကို နေရာလွှတ်တွေအများကြီးပေးခဲ့ပါတယ်။ တကယ်တော့ နေရာလွတ်တွေရရမှာက ကျွန်တော်တို့ပါ”လို့လည်းပြောပါတယ်။

စပါးဟာ နယူးကာဆယ်နဲ့ တစ်ဂိုးစီသရေကျတဲ့အိမ်ကွင်းပွဲစဉ်မှာလည်း ပွဲချိန်နောက်ဆုံးမိနစ်ချေပဂိုးကြောင့် နိုင်ပွဲနဲ့ဝေးခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဝက္စ္ဟမ္းကို ၃ဂိုးျပတ္ႏိုင္ေနၿပီး ေခ်ပဂိုး ၃ဂိုးျပန္ေပးရလို႔ ေမာ္ရင္ဟို ေပါက္ကြဲၿပီ

ပြဲခ်ိန္ ၈၁ မိနစ္အထိ ၃ဂိုးျပတ္နဲ႔ ၀က္စ္ဟမ္းကို ႏိုင္ေနၿပီးမွ ၃ဂိုးျပန္ေပးခဲ့ရတဲ့အေပၚ စပါးနည္းျပေမာ္ရင္ဟို တစ္ေယာက္ ေတာ္ေတာ္ေလး ေဒါသထြက္ေနပါတယ္။ တနဂၤေႏြေန႔က ဒီ လန္ဒန္ဒါဘီပြဲရလဒ္ေၾကာင့္ စပါးဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အနည္းဆံုးပြဲခ်ိန္ ၈၁ မိနစ္အထိ ၃ဂိုးျပတ္ ပြဲအၿပီးမွာ အႏို္င္မရတဲ့ ပထမဆံုး အသင္းျဖစ္လာပါတယ္။

တကယ္ေတာ့ စပါးဟာ ဦးေဆာင္ဂိုး ၃ဂိုးကို ပြဲခ်ိန္ ၁၆ မိနစ္အတြင္းကတည္းက ရခဲ့တာပါ။ သူတို႔အသင္းသမိုင္းမွာ ၂၀၀၇ခုႏွစ္က ဒါဘီနဲ႔ပြဲမွာ ပြဲခ်ိန္ ၁၄မိနစ္အတြင္း ၃ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ပရီးယားလိဂ္မွာ ၃ဂိုးျပတ္နဲ႔ အေစာဆံုးဦးေဆာင္ႏိုင္တဲ့ပြဲျဖစ္ပါတယ္။ ဒါေပမယ့္ ပြဲၿပီးဖို႔ ၁၀မိနစ္ေက်ာ္ေလာက္အတြင္း မယံုၾကည္ႏိုင္ေလာက္ေအာင္ ၃ဂိုးျပန္ေပးခဲ့ရလို႔ စပါးအတြက္ အိမ္ကြင္းႏိုင္ပြဲနဲ႔ ေ၀းခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ စပါးနည္းျပေမာ္ရင္ဟိုက သူ႔ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာကို ေမးခြန္းထုတ္ေ၀ဖန္သြားပါတယ္။ “ ကၽြန္ေတာ့္ကစားသမားေတြဟာ စိတ္ပိုင္းဆိုင္ရာအရ ၿပိဳင္ဘက္ကို လံုး၀အႏုိင္ယူႏိုင္ေလာက္တဲ့အထိ မႀကံ့ခိုင္ေသးပါဘူး။ ေနာက္ဆံုးစကၠန္႔အတြင္း ကၽြန္ေတာ္တို႔ဟာ အဖိုးတန္ ၂ မွတ္ဆံုးရႈံးခဲ့ပါတယ္”လို႔ ေမာ္ရင္ဟိုက ေျပာပါတယ္။

ဆက္လက္ၿပီး BBCနဲ႔ အင္တာဗ်ဴးမွာလည္း ေမာ္ရင္ဟိုက “ကၽြန္ေတာ္တို႔အသင္းဟာ ဒီထက္မက ပိုႀကံ့ခိုင္သင့္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ကၽြန္ေတာ့္အသင္းကစားပံုက အရမ္းစြန္႔စားမႈဆန္ပါတယ္။ၿပိဳင္ဘက္ကို ေနရာလႊတ္ေတြအမ်ားႀကီးေပးခဲ့ပါတယ္။ တကယ္ေတာ့ ေနရာလြတ္ေတြရရမွာက ကၽြန္ေတာ္တို႔ပါ”လို႔လည္းေျပာပါတယ္။

စပါးဟာ နယူးကာဆယ္နဲ႔ တစ္ဂိုးစီသေရက်တဲ့အိမ္ကြင္းပြဲစဥ္မွာလည္း ပြဲခ်ိန္ေနာက္ဆံုးမိနစ္ေခ်ပဂိုးေၾကာင့္ ႏိုင္ပြဲနဲ႔ေ၀းခဲ့ရပါတယ္။