အယ်ကလက်စီကိုမတိုင်ခင် ၁၇ နှစ်အတွင်း ပထမဆုံးအဖြစ် ရီးရဲလ်နဲ့ ဘာကာ ရှုံးပွဲကြုံ ဇာတ်ပို့ဆွာရက်ဇ်မရှိလို့ ရုပ်လုံးမကြွတော့တဲ့ ဇာတ်လိုက်မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာနေဗျူးမှာ လက်ရှိချန်ပီယံ ရီးရဲလ်က တန်းတက်ကာဒစ်ဇ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မဟာပြိုင်ဘက် ဘာစီလိုနာက ဂီတာဖေးကို ရှုံး နိမ့်သွားခဲ့ပြန်ပါတယ်။ ရှုံးတဲ့ရလဒ်ချင်းကလည်း အတူတူပဲဖြစ်ပြီး စပိန်ဘီလူးကြီး ၂ သင်းစလုံးက ၁-၀ တွေနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီ ၂ သင်းဟာ နူးကမ့်မှာ နောက်တစ်ပတ် စနေမှာ အယ်ကလက်စီကိုပွဲအဖြစ်ကစားရဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၇ နှစ် ၂၀၀၃ ဧပြီမှာတုန်းကလည်း အခုလိုပဲ အယ်ကလက်စီကိုမတိုင်ခင် ဒီ ၂ သင်းဟာ အမှတ်ပေး လိဂ်ပြိုင်ပွဲမှာ တိုက်တိုက်ဆိုင်ဆိုင်ရှုံးပွဲကြုံခဲ့ဖူးပါတယ်။ ရီးရဲလ်ကိုနိုင်သွားတဲ့ ကာဒစ်ဇ် အတွက်ကတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ ပထမဆုံးအဖြစ် ရီးရဲလ်အပေါ် အနိုင်ရခဲ့တာ လည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဂီတာဖေးနဲ့ပွဲမှာ မက်ဆီ၊ ဂရစ်ဇ်မန်းတို့နဲ့ ပွဲထွက်ခဲ့ ပေမယ့် အသာစီးမရခဲ့ပါဘူး။ ဂရစ်ဇ်မန်းရဲ့ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အပိုင် ကန်သွင်းခွင့် လွဲချော်သွားတာကလည်း စိတ်ပျက်စရာပါ။ အံ့အားသင့်စရာကောင်းတာ က ဘာစီလိုနာဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်တဲ့တစ်ကြိမ်သာရှိခဲ့ပြီး ဂီတာဖေးက ထောင့်ကန်ဘော ၇ ကြိမ်ရခဲ့တဲ့အချိန်မှာ ဘာစီလိုနာက ၂ ကြိမ်ပဲရခဲ့ပါတယ်။

ဂရစ်ဇ် မန်းရဲ့လွဲချော်မှုဟာ အက်သလက်တီကိုကိုပြောင်းသွားတဲ့ ဆွာရက်ဇ်ကို သတိရစေခဲ့ပြီး လူပြောစရာဖြစ်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ အခုဆိုရင် အက်သလက်တီကိုအတွက် ၄ ပွဲ မှာ ၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဆဲလ်တာဗီဂိုနဲ့ပွဲမှာလည်း ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘာစီ လိုနာမှာ မက်ဆီက ဇာတ်လိုက်ဆိုရင် ဆွာရက်ဇ်ဟာ ဇာတ်လိုက် ရုပ်လုံးကြွ အောင် ပို့ပေးရတဲ့ ဇာတ်ပို့တစ်ဦးပါပဲ။

ဂီတာဖေးနဲ့ပွဲမှာ နည်းပြကိုးမန်းက ဂီတာဖေး ကစားသမား အလန်အန်ယွန်အပေါ် ပေါက်ကွဲခဲ့ပြီး ပွဲအပြီးမှာ အခုလိုပြောခဲ့ပါတယ်။ ကိုးမန်းက “အလန်ဟာ ကျွန်တော့်ကိုလေးစားမှုမရှိဘဲ စော်ကားပြောဆိုခဲ့တာတွေ ရှိပါ တယ်။ ဒီနေ့ခေတ် မော်ဒန်ဘောလုံးလောကမှာ ဒါမျိုးကို ကျွန်တော် လုံးဝလက်မခံပါ ဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်ဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာ တို့အနေနဲ့ နာရီပိုင်းသာခြားပြီး ဂိုးရလဒ်အတူတူနဲ့ ရှုံးပွဲကြုံရတဲ့အဖြစ်မှာ ဘာစီလိုနာ ပရိသတ်တွေကတော့ ကွင်းထဲမှာ ဇာတ်ပို့မပါဘဲ ရုပ်လုံးမကြွတော့တဲ့ မက်ဆီကိုသာ မြင်တွေ့နေရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အယ္ကလက္စီကိုမတုိင္ခင္ ၁၇ ႏွစ္အတြင္း ပထမဆံုးအျဖစ္ ရီးရဲလ္နဲ႔ ဘာကာ ရႈံးပြဲႀကံဳ
ဇာတ္ပို႔ဆြာရက္ဇ္မရွိလို႔ ရုပ္လံုးမၾကြေတာ့တဲ့ ဇာတ္လိုက္မက္ဆီ

ဘာေနဗ်ဴးမွာ လက္ရွိခ်န္ပီယံ ရီးရဲလ္က တန္းတက္ကာဒစ္ဇ္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္သြားခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ မဟာၿပိဳင္ဘက္ ဘာစီလိုနာက ဂီတာေဖးကို ရႈံး နိမ့္သြားခဲ့ျပန္ပါတယ္။ ရႈံးတဲ့ရလဒ္ခ်င္းကလည္း အတူတူပဲျဖစ္ၿပီး စပိန္ဘီလူးႀကီး ၂ သင္းစလံုးက ၁-၀ ေတြနဲ႔ ရႈံးနိမ့္ခဲ့တာပါ။ ဒီ ၂ သင္းဟာ ႏူးကမ့္မွာ ေနာက္တစ္ပတ္ စေနမွာ အယ္ကလက္စီကိုပြဲအျဖစ္ကစားရဖို႔ ရွိေနပါတယ္။

လြန္ခဲ့တဲ့ ၁၇ ႏွစ္ ၂၀၀၃ ဧၿပီမွာတုန္းကလည္း အခုလိုပဲ အယ္ကလက္စီကိုမတုိင္ခင္ ဒီ ၂ သင္းဟာ အမွတ္ေပး လိဂ္ၿပိဳင္ပြဲမွာ တုိက္တိုက္ဆိုင္ဆိုင္ရႈံးပြဲႀကံဳခဲ့ဖူးပါတယ္။ ရီးရဲလ္ကိုႏိုင္သြားတဲ့ ကာဒစ္ဇ္ အတြက္ကေတာ့ ႏွစ္ေပါင္း ၃၀ နီးပါးမွာ ပထမဆံုးအျဖစ္ ရီးရဲလ္အေပၚ အႏိုင္ရခဲ့တာ လည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ဂီတာေဖးနဲ႔႔ပြဲမွာ မက္ဆီ၊ ဂရစ္ဇ္မန္းတုိ႔နဲ႔ ပြဲထြက္ခဲ့ ေပမယ့္ အသာစီးမရခဲ့ပါဘူး။ ဂရစ္ဇ္မန္းရဲ႕ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕ အပိုင္ ကန္သြင္းခြင့္ လြဲေခ်ာ္သြားတာကလည္း စိတ္ပ်က္စရာပါ။ အံ့အားသင့္စရာေကာင္းတာ က ဘာစီလိုနာဟာ တစ္ပြဲလံုးမွာ ဂိုးေပါက္တည့္တဲ့တစ္ႀကိမ္သာရွိခဲ့ၿပီး ဂီတာေဖးက ေထာင့္ကန္ေဘာ ၇ ႀကိမ္ရခဲ့တဲ့အခ်ိန္မွာ ဘာစီလိုနာက ၂ ႀကိမ္ပဲရခဲ့ပါတယ္။

ဂရစ္ဇ္ မန္းရဲ႕လြဲေခ်ာ္မႈဟာ အက္သလက္တီကိုကိုေျပာင္းသြားတဲ့ ဆြာရက္ဇ္ကို သတိရေစခဲ့ၿပီး လူေျပာစရာျဖစ္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အခုဆုိရင္ အက္သလက္တီကိုအတြက္ ၄ ပြဲ မွာ ၃ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ဆဲလ္တာဗီဂိုနဲ႔ပြဲမွာလည္း ၁ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဘာစီ လိုနာမွာ မက္ဆီက ဇာတ္လိုက္ဆိုရင္ ဆြာရက္ဇ္ဟာ ဇာတ္လိုက္ ရုပ္လံုးၾကြ ေအာင္ ပို႔ေပးရတဲ့ ဇာတ္ပို႔တစ္ဦးပါပဲ။

ဂီတာေဖးနဲ႔ပြဲမွာ နည္းျပကိုးမန္းက ဂီတာေဖး ကစားသမား အလန္အန္ယြန္အေပၚ ေပါက္ကြဲခဲ့ၿပီး ပြဲအၿပီးမွာ အခုလိုေျပာခဲ့ပါတယ္။ ကိုးမန္းက “အလန္ဟာ ကၽြန္ေတာ့္ကိုေလးစားမႈမရွိဘဲ ေစာ္ကားေျပာဆိုခဲ့တာေတြ ရွိပါ တယ္။ ဒီေန႔ေခတ္ ေမာ္ဒန္ေဘာလံုးေလာကမွာ ဒါမ်ဳိးကို ကၽြန္ေတာ္ လံုး၀လက္မခံပါ ဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ျဖစ္ေတာင့္ျဖစ္ခဲကိစၥရပ္ျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာ တို႔အေနနဲ႔ နာရီပိုင္းသာျခားၿပီး ဂိုးရလဒ္အတူတူနဲ႔ ရႈံးပြဲႀကံဳရတဲ့အျဖစ္မွာ ဘာစီလိုနာ ပရိသတ္ေတြကေတာ့ ကြင္းထဲမွာ ဇာတ္ပို႔မပါဘဲ ရုပ္လံုးမၾကြေတာ့တဲ့ မက္ဆီကိုသာ ျမင္ေတြ႕ေနရခဲ့ပါတယ္။