မော်ရင်ဟိုက နယူးကာဆယ်နည်းပြရာထူးကိုရယူသွားမည်မဟုတ်ကြောင်း ပြောကြား

October 18, 2021 author ps 0

ဟိုဆေးမော်ရင်ဟိုကနယူးကာဆယ်နှင့်သူ့အကြားတွင် ဆက်နွယ်မှုများ ရှိနေပေမယ့်လည်းနယူးကာဆယ်နည်းပြရာထူးကို ရယူသွားမည် မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။ နယူးကာဆယ်အသင်းကို စတိဗ်ဘရုစ်ကိုင်တွယ်နေဆဲဖြစ်ပေမယ့် အသင်းပိုင်ရှင်သစ်များဟာများမကြာမီအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။ နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်နည်းပြများစွာ ပါဝင်နေပြီးမော်ရင်ဟိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့်ပေါ်တူဂီလူမျိုးနည်းပြကရိုးမားအတွက်သာအပြည့်အဝ အာရုံစိုက်နေပြီးနယူးကာဆယ်ကိုကိုင်တွယ်မှာမဟုတ်ကြောင်းဆိုလာပါတယ်။ မော်ရင်ဟိုက “နယူးကာဆယ်နဲ့ပတ်သက်ပြီးကျွန်တော့်မှာများများစားစား ပြောစရာမရှိပါဘူး။ဘာမှမရှိတာပါ။ပြောစရာရှိတာကတော့အလွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းကနယူးကာဆယ်သမိုင်းမှာအရေးအပါဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ဆာဘော်ဘီရော့ဘ်ဆင်နဲ့အလုပ်လုပ်ခဲ့တာပါ။ ဒီတော့ကျွန်တော်နဲ့ ဒီမြို့၊ဒီပရိသတ်တွေအကြားမှာဆက်နွယ်မှုကရှိနေပြီးသားပါ။ ဒီထက်မပိုပါဘူး။အခုဒီမှာ(ရောမ)ပျော်ပါတယ်။ရိုးမားစီမံကိန်းဖရိုင်းကင် စီမံကိန်းအပေါ်ရာနှုန်းပြည့်အာရုံစိုက်နေတယ်”လို့ပြောကြားသွားပါတယ်။ zawgyi မော်ရင်ဟိုက နယူးကာဆယ်နည်းပြရာထူးကိုရယူသွားမည်မဟုတ်ကြောင်း ပြောကြား […]

လက်စတာနဲ့ပွဲစဉ်က တစ်ဦးချင်း ခြေစွမ်းတွေသာမက အသင်းလိုက် ကစားပုံမှာပါ စိတ်ပျက်စရာကောင်းတဲ့ အရာတွေ . . .

October 18, 2021 author ps 0

ကင်းပါဝါ မှာ အိမ်ရှင် လက်စတာ ကို ယူနိုက်တက် တို့ ၄-၂ နဲ့ ရှုံးနိမ့် ခဲ့ပြီး တစ်ဦးချင်း ခြေစွမ်းတွေသာမက အသင်းလိုက် ကစားပုံမှာပါ စိတ်ပျက်စရာ ကောင်းတဲ့ အရာတွေကို မြင်တွေ့ ခဲ့ရ ပါတယ် ။၂၉ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိတဲ့လမ်းကြောင်းဟာ လက်စတာစီးတီးတို့ရဲ့ကင်းပါဝင်မှာ အဆုံးသတ်ခဲ့ပြီးနောက် […]

ဗီတက်စ်ပရိသတ်များ အောင်ပွဲခံနေစဉ် ပွဲကြည့်စင်အစွန်းကျိုးကျတဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်

October 18, 2021 author ps 0

မနေ့တုန်းကဒတ်ချ်အဆင့်မြင့်တန်းလိဂ်မှာ ဗီတက်စ်ပရိသတ်များ အောင်ပွဲခံနေစဉ်ပွဲကြည့်စင်အစွန်းကျိုးကျတဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဗီတက်စ်ဆီဟာအဝေးကွင်းမှာ NEC ကို၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကိုပထမပိုင်းမှာ နီကိုလိုင်ဘာဒန်ဖရီဒရစ်ဆင်က သွင်းယူခဲ့ပါတယ်။ ပွဲအပြီးတွင်ဗီတက်စ်ဆီကစားသမားများဟာ Stadion Galfort ရှိ အဝေးကွင်းပရိသတ်များ ပွဲကြည့်စင်သို့ သွားရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်ပရိသတ်များဟာခုန်ပေါက်အောင်ပွဲခံခဲ့ကြမှုနဲ့အတူ ပွဲကြည့်စင်မှာ ကျိုးကျသွားခဲ့ပါတော့တယ်။ ပရိသတ်အမြောက်အမြားတို့အောက်သို့ ပြုတ်ကျမှုဖြစ်ခဲ့ပေမယ့်လည်းကံကောင်းချင်တော့ဘယ်သူမှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်နီမင်ဂျင်မြို့တော်ဝန်ဟူဘတ်ဘရူလ်ကတော့အထက်ပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုမှုပြုလုပ်ထားပါတယ်။ ဘရူလ်က “ဒီအဖြစ်အပျက်ကြောင့်အရမ်းတုန်လှုပ်ခဲ့ရတယ်။ […]

ဂလေဇာမိသားစု “OLE OUT” လို့ အော်နေတဲ့ ပရိသတ်တွေရဲ့ အသံကိုမကြားနိုင်လောက်အောင် နားပင်းနေတာလား?

October 18, 2021 author ps 0

ဖိအားများနှင့်ရင်ဆိုင်နေရတဲ့မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာ အသင်းရဲ့ခြေစွမ်းပိုင်းဆက်တိုက်ဆိုးရွားနေပေမယ့်လည်းအနာဂတ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာတွေးပူရန်မရှိကြောင်းသိရပါတယ်။ မနေ့ညတုန်းကလက်စတာကို၄-၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုနဲ့အတူယူနိုက်တက်ရဲ့အိပ်မက်ဆိုးမှာညတာဆက်ရှည်ခဲ့ရပါတယ်။ ၎င်းတို့ဟာယင်းရှုံးပွဲကြောင့်ထိပ်ဆုံးလေးသင်းစာရင်းမှာဆင်းပေးလိုက်ရပြီး အမှတ်ပေးဖလားအတွက်စိန်ခေါ်နိုင်ရန်တဖြည်းဖြည်းဝေဝါးလာပါတယ်။ ဒါပေမယ့် The Athletic ရဲ့ဖော်ပြချက်အရမန်ယူချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာအိုလီဂန်းနားဆိုးလ်ရှားအပေါ်တွင်အပြည့်အဝယုံကြည်နေကြဆဲဖြစ်ပြီး ရာထူးမှထုတ်ပယ်ရန်လုံးဝမစဉ်းစားသေးကြောင်းသိရပါတယ်။ ဒါတင်မကသေးပါဘူး။မန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားရဲ့လက်အောက်တွင် အသင်းမှာ အနုတ်လက္ခဏာမပြဘဲ အပေါင်းလက္ခဏာပါပြနေတယ်လို့ ယုံကြည်နေပါသေးတယ်။ မန်ယူဘုတ်အဖွဲ့ဝင်များကပရီးမီးယားလိဂ်တွင် သုံးပွဲဆက်ပွဲပျောက်မှုကြောင့်ဆိုးလ်ရှားနှင့် ရေဆွဲထားတဲ့စီမံကိန်းကိုဖျက်ဆီးရန် အစောတလျှင်မဆုံးဖြတ်လိုကြပါဘူး။ ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းက မော်ရင်ဟိုရဲ့နေရာတွင်ယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်မတ်လတွင် အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ […]

နယူးကာဆယ်နဲ့စပါးပွဲ မိနစ်အတော်ကြာရပ်ဆိုင်းခဲ့ရပြီး ရယ်ဂီယွန်နဲ့ဒိုင်ယာတို့ကြောင့် အသက်မဆုံးရှုံးခဲ့တဲ့ ပရိသတ်

October 17, 2021 author ps 0

နယူးကာဆယ်နဲ့စပါးအသင်းတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲကစားနေ တုန်း ပရိသတ်တစ်ဦး ရုတ်တရက်နှလုံးခုန်ရပ်သွားတာကြောင့် ဆေးအဖွဲ့က အလျင်အမြန်ဆေးကုသပေးခဲ့ရပြီး ပွဲကို မိနစ်အတော်ကြာရပ်ဆိုင်းခဲ့ရပါတယ်။ စပါးအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရနေချိန်၊ ပထမပိုင်းပြီးဖို့(၂)မိနစ်လောက်အလိုမှာ နယူးကာဆယ်ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ခြမ်းမှာ ပရိသတ်တစ်ဦး ရုတ်တရက်သတိမေ့သွားတာကြောင့် ပရိသတ်တွေက ဆေးအဖွဲ့ကူညီပေးဖို့ အချက်ပြခဲ့ပြီး အဲဒီအဖြစ်အပျက်ကို သတိထားမိခဲ့တဲ့ စပါးနောက်ခံလူရယ်ဂီ ယွန်က အသင်းဖော်ဒိုင်ယာကို […]

“Ballon d’Or ဆုပဏာမစာရင်းမှာ မန်ဒီ ဘာကြောင့်မပါဝင်ခဲ့လဲဆိုတာ တစ်ယောက်ယောက် ရှင်းပြကြပါ…

October 17, 2021 author ps 0

ချယ်လ်ဆီးအသင်းဂိုးသမားမန်ဒီဟာ ဘရန့်ဖို့ဒ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးရဲ့လက်စွမ်းမျိုးနဲ့ကာကွယ်မှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ကစားသမားတစ်ဦး Ballon d’Or ဆုအတွက် ပဏာမ(၃၀)စာရင်းမှာမပါဝင်ခဲ့တာကြောင့် အသင်းဖော် ရူဒီဂါတစ်ယောက် မကျေမနပ်ဖြစ်နေပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မန်ဒီဟာ ပြိုင်ဘက် အသင်းရဲ့အပိုင်ဂိုးသွင်းချက်(၇)ကြိမ်လောက်ကို လက်နဲ့ရော၊ ခြေထောက်နဲ့အပြင် နောက်ဆုံးမျက်နှာနဲ့ပါ အစွမ်းပြကာကွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၃၈)ပွဲကစားပြီ ချိန်မှာ Clean […]

နာပိုလီ အနိုင်ပြတ်သားမယ့် အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)

October 17, 2021 author ps 0

ကက်ဂလီယာရီ 🆚 ဆမ်ဒိုးရီးယား ဒီရာသီစီးရီးအေမှာ နိုင်ပွဲမရသေးတာဆိုလို့ ကက်ဂလီယာရီပဲကျန်တော့တယ်။ ဒါကြောင့်လည်း ဇယားအောက်ဆုံးရောက်နေတာမဆန်းဘူး။ ဆမ်ဒိုးရီးယား ကလည်းသိပ်တော့မထူးဘဲ နိုင်ပွဲ ၁ပွဲသာရသေးတာပါ။ ဒါကြောင့် ဘော်ဒီ မစဉ်းစားဘဲ ဂိုးပေါင်းကိုဦးစားပေးစေချင်တယ်။ ကက်ဂလီယာရီက အိမ်ကွင်း ၄ပွဲမှာ ၃ပွဲဂိုးသွင်းခဲ့ပြီး ဆမ်ဒိုးရီးယားကလည်း နောက်ဆုံး ၅ပွဲဆက် ဂိုးအပေါ် ကစားထားပါတယ်။ […]

စုတ်ပြတ်နေတဲ့ ယူနိုက်တက်ရဲ့ခြေစွမ်း

October 17, 2021 author ps 0

နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံဆုတွေစိန်ခေါ်နိုင်ဖို့အတွက် သာမာန်ကောင်းတာရဲ့အဆင့်တောင် မရှိဘူးလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အပြင်းအထန်ဝေဖန်ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့စနေညက အဝေးကွင်းမှာ လက်စတာကို ၄-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အသင်းမှာ စုစည်းမှုမရှိဘဲ အလယ်အလတ်အသင်းကောင်း ကိုတောင် ရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ ပြစ်တင်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဂယ်ရီနဗီးလ်က မန်ယူဟာ ပြိုင်ဘက်ကို Pressing […]

နယူးကာဆယ်နည်းပြရာထူးကို ငြင်းပယ်လိုက်တဲ့ ဇီဒန်း

October 17, 2021 author ps 0

ဇီဒန်းဟာနယူးကာဆယ်နည်းပြရာထူးအတွက်ချဉ်းကပ်လာမှုအားအကြောင်း ပြချက်တစ်ခုတည်းဖြင့်ပယ်ချလိုက်ကြောင်းသိရပါတယ်။ ပြင်သစ်လူမျိုးနည်းပြဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားသုံးကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ် မက်ဒရစ်နည်းပြရာထူးမှထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာဆော်ဒီရင်းနှီးမြှပ်နှံသူများလက်ထဲသို့ရောက်ပြီးနောက် နည်းပြစတိဗ်ဘရုစ်ကိုရာထူးမှထုတ်ပယ်ပြီးနည်းပြသစ်ခန့်အပ်ရန်ရှာဖွေနေပါ တယ်။နယူးကာဆယ်ပိုင်ရှင်သစ်ရဲ့နည်းပြသစ်ဆန်ကာတင်စာရင်းတွင်ဇီဒန်း ဟာ မန်စီနီ၊ကွန်တီ၊ဖရန့်လမ်းပတ်၊ဘရန်ဒန်ရော်ဂျာ၊စတီဗင်ဂျရတ်တို့နှင့်အတူ ပါဝင်နေပါတယ်။ ဒါပေမယ့်ပြင်သစ်ဂန္ထဝင်ကစားသမားဇီဒန်းဟာကြွယ်ဝချမ်းသာတဲ့ပိုင်ရှင်သစ်ရဲ့ လက်အောက်တွင်နယူးကာဆယ်ကိုစိတ်ကြိုက်အသင်းတစ်သင်းတည်ဆောက်နိုင် မယ့်အခွင့်အရေးရရှိလာပေမယ့်လည်းရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုတည်းဖြင့် ပင်ငြင်းပယ်ခဲ့ပါတယ်။ The Mirror ရဲ့ဖော်ပြချက်အရဇီဒန်းဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဒီဒီယာ ဒက်ချမ့်ရဲ့ပြင်သစ်လက်ရွေးစင်အသင်းနည်းပြရာထူးကိုရယူရန်ဆန္ဒရှိမှုနဲ့အတူ နယူးကာဆယ်နည်းပြရာထူးအတွက်ချဉ်းကပ်လာမှုကိုပယ်ချလိုက်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဒီဒီယာဒက်ချမ့် ထွက်ခွာပါကဒီဇန်းနှင့်အစားထိုးရန်နံပါတ်တစ်လျာထားကြောင်းတရားဝင် လူသိရှင်ကြားကြေညာထားပြီးသားဖြစ်ပါတယ်။ဒက်ချမ့်နှင့်ပြင်သစ်ဘောလုံးအဖွဲ့ […]

နောက်တစ်ယောက်တွေ့နေပြန်ပြီလား..အိုင်ကာဒီ

October 17, 2021 author ps 0

မော်ဒယ်ဝန်ဒါနာရာဟာခင်ပွန်းသည်မော်ရိုအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာ ဖောက်ပြန်နေတယ်ဆိုပြီးဆိုရှယ်မီဒီယာကနေစွပ်စွဲမှုပြုလုပ်လာပါတယ်။ အသက်၃၃နှစ်ရှိအာဂျင်တီးနားအလှမယ်ဟာ မိသားစုဘဝကို ဖျက်ဆီးနေ တယ်ဆိုပြီး အင်စတာဂရမ်မှာစာရေးတင်ခဲ့ကာ ခင်ပွန်းသည်မော်ရိုအိုင်ကာဒီ ကိုလည်း Unfollowed လုပ်ခဲ့ပါတယ်။ မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ဟာ၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ဖရန်ဆစ္စကာနှင့်အစ္စဘယ်လာအမည်ရှိကလေးနှစ်ဦးထွန်းကားထားပါတယ်။ အိုင်ကာဒီဟာဆမ်ဒိုးရီးယားကစားဖော် မက်ဆီလိုပက်ဇ်ရဲ့နောက်ကွယ်မှာ ကစား ဖော်ရဲ့ဇနီးသည်ဝန်ဒါနာရာနှင့်ခြေပုန်းခုပ်ပြီး နှိုက်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ဒါနာရာဟာ မိသားစုဘဝကိုဖျက်ဆီးနေပြန်ပြီ ရေးသားပို့စ်တင်ခဲ့ပေမယ့် ဘယ်သူဆိုတာကိုအမည်နဲ့အတိအကျရေးသားခဲ့တာမျိုးတော့မရှိပါဘူး။ ဝန်ဒါနာရာဟာယခင်ခင်ပွန်းဟောင် းမက်ဆီလိုပက်ဇ်နှင့်ကလေးသုံးဦးရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ […]