၉.၅သန်းတန် ရှားပါးဇိမ်ခံကားကို ဝယ်လိုက်တဲ့ စီရော်နယ်ဒို

October 14, 2021 author ps 0

ရော်နယ်ဒိုဟာ၂.၄စက္ကန့်တွင် 0-100km/h အထိစွမ်းဆောင်နှုန်းမြင့်မားတဲ့ Bugatti Centodieci စူပါကားကိုယူရို၉.၅သန်းဖြင့်ဝယ်ယူလိုက်ကြောင်း သိရပါတယ်။အသက် ၃၆နှစ်အရွယ်၊ ပေါ်တူဂီမက်ဂါစတားဟာ ဇိမ်ခံကား များရဲ့ဖန်အကြီးစားဖြစ်ပြီး အလွန်ကောင်းတဲ့ကားစုဆောင်းမှုတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ရော်နယ်ဒိုဟာ Bugatti ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး Chiron ၊ Veyron ၊ La Voiture Noire တို့ကိုဝယ်ယူထားပါတယ်။ La […]

ဘာစီလိုနာအတွက် ဂိုးစသွင်းတဲ့ အဂွဲရိုး

October 14, 2021 author ps 0

ဆာဂျီယိုအဂွဲရိုးဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်တံခါးပိတ် ကစားတဲ့ဘာစီလိုနာအတွက်ပထမဆုံးပွဲစဉ်မှာဂိုးသွင်းနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တာကြောင့်တနင်္ဂနွေ နေ့ပွဲစဉ်မှာပါဝင်လာဖို့ရှိနေပါတယ်။ အသက်၃၃နှစ်ရှိအဂွဲရိုးဟာမနေ့တုန်းကတတိယတန်းကလပ် UE Cornella နှင့် ခြေစမ်းပွဲစဉ်မှာပါဝင်ကစားခဲ့တာဖြစ်ပြီးတစ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါ တယ်။သူဟာလာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့်ဗလင်စီယာနှင့်ပွဲမှာပါဝင် လာနိုင်ပါတယ်။ အဂွဲရိုးဟာပြီးခဲ့တဲ့မေလတုန်းကမန်စီးတီးမှထွက်ခွာကာဘာစီလိုနာသို့အလွတ် ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာကြွက်သားဒဏ်ရာရရှိခဲ့ တာကြောင့်ဘာစီလိုနာအတွက်တစ်ပွဲမျှမကစားခဲ့ရဘဲအနားယူလာခဲ့ရသူလည်း ဖြစ်ပါတယ်။ အဂွဲရိုးဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုဟာထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့် ငါးမှတ်ကွာဟနေမှုကြောင့်ဖိအားများကြုံနေရတဲ့နည်းပြကိုးမန်းအတွက် အားတက်စရာသတင်းတစ်ခုဖြစ်နေပါတယ်။ Zawgyi ဘာစီလိုနာအတွက် ဂိုးစသွင်းတဲ့ အဂွဲရိုး ဆာဂျီယိုအဂွဲရိုးဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်တံခါးပိတ် ကစားတဲ့ဘာစီလိုနာအတွက်ပထမဆုံးပွဲစဉ်မှာဂိုးသွင်းနိုင်ခဲ့ပါတယ်။ […]

ရော်နယ်ဒိုနဲ့ အသင်းဖော်ဖြစ်ရတာကို ဂုဏ်ယူနေတဲ့ ဒါလော့

October 14, 2021 author ps 0

မန်ယူအသင်းရဲ့ ညာနောက်ခံ ကစားသမား ဒါလော့က ကမ္ဘာ့ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နာလ်ဒို နဲ့ အသင်းတစ်သင်းတည်းမှာ တွဲဖက်ကစားခွင့်ရတာဟာ ဂုဏ်ယူစရာကောင်းလွန်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါလော့ဟာ မန်ယူအသင်းမှာသာမက ပေါ်တူဂီ လက်ရွေးစင်အသင်းမှာပါ ရော်နာလ်ဒို နဲ့အတူ အသင်းဖော်တွေအဖြစ် တွဲဖက် ကစားခွင့်ရထားတာဖြစ်ပါတယ်။ ” ရော်နာလ်ဒို […]

ခွဲစိတ်ကုသခဲ့ရလို့ ၁၀ ပတ်ကြာ အနားယူရမယ့် မီလန်ဂိုးသမား

October 14, 2021 author ps 0

အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာလီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာ လက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ ရခြင်းကြောင့် ၁၀ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။ ပြင်သစ်ဂိုးသမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒွန်မာရမ်မာရဲ့နေရာမှာအစားထိုးရန် အေစီမီလန်သို့လိုင်လီမှရောက်လာသူဖြစ်ပါတယ်။ အသက်၂၆နှစ်ရှိဂိုးသမားဟာစီးရီးအေ၇ပွဲကစားထားရာမှာအေစီမီလန်အသင်းကို ရှုံးပွဲမရှိအောင်ကူညီထားကာအီတလီမှာလက်စွမ်းပြနေပါတယ်။ ဒါပေမယ့်သူ့ရဲ့အီတလီတာထွက်ကောင်းမှုကကံဆိုးစွာဘဲအတားအဆီးကြုံလာရ ပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကအန်ဖီးလ်တွင်ကစားခဲ့တဲ့လီဗာပူးနှင့်ချန်ပီယံလိဂ် ပွဲမှာဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ လီဗာပူးကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းမှာသူဟာတံတောင်ဆစ်နာကျင်လာခဲ့ပေမယ့် အေစီမီလန်အတွက်ငါးပွဲဆက်တိုက်ကစားခဲ့ပါတယ်။ယခုအခါမှာတော့သူဟာဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။ သူဟာခြောက်ပတ်ကြာအနားယူပြီးနောက်လေးပတ်အားပြန်လည်နလန်ထူရေးလေ့ကျင့် ခန်းများပြုလုပ်လိုက်ပါတယ်။ အေစီမီလန်ဟာမိုက်မင်ညောင်ရဲ့နေရာမှာယာယီအစားထိုးဖို့အတွက်ဂျူဗင်တပ်နှင့်ရိုးမား ဂိုးသမားဟောင်းအန်တိုနီမီရန်တီကိုခေါ်ယူလိုက်ပါတယ်။ Zawgyi ခွဲစိတ်ကုသခဲ့ရလို့ ၁၀ ပတ်ကြာ အနားယူရမယ့် မီလန်ဂိုးသမား အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာလီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာ […]

ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကြံ့ခိုင်မှု တိုးတက် ကောင်းမွန်နေပါပြီ။ ပွဲ ပြန်ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ် – ရက်ရှ်ဖို့ဒ်

October 14, 2021 author ps 0

မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ စနေနေ့ညမှာ ကစားမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားဖို့ အသင့်ရှိနေပြီလို့သိရပါတယ်။ ပခုံးဒဏ်ရာ ခွဲစိတ်ပြီးနောက် ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ လတ်တလောမှာတော့ အကောင်းဆုံးပုံစံပြန်ရနေပြီး အသင်းလိုက် လေ့ကျင့်ခန်းတွေကို ပူးပေါင်းနေနိုင်ပြီဖြစ်ကာ ဘလက်ဘန်းအသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး […]

အလွတ်ပြောင်းရွှေ့နိုင်မယ့် လင်ဂတ်ကို ကြိုးစားမယ့် ဘာစီလိုနာ၊ အေစီမီလန်

October 14, 2021 author ps 0

လာမယ့်နွေမှာ မန်ယူကနေ အလွတ်ပြောင်းရွှေ့နိုင်မယ့်ကွင်းလယ်လူဂျက်ဆီ လင်ဂတ်အတွက် ဘာစီလိုနာနဲ့အေစီမီလန်တို့ဟာ ရှေ့ဆုံးကနေ တန်းစီနေကြ လိမ့်မယ်လို့ နာမည်ကြီးဗြိတိန်သတင်းစာ Daily Mail က ဖော်ပြလိုက်ပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့လကပဲ မန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး သူ့အနာဂါတ်အတွက် ဆုံးဖြတ်ချက်မချခင် ရွေးချယ်စရာတွေကို ချိန်ဆလုပ် နိုင်ပါတယ်။ ၂၈ နှစ်အရွယ် အဲဒီအင်္ဂလန်ကွင်းလယ်လူဟာ […]

ဟာလန်းအား ခေါ်ယူဖို့ ရိုင်အိုလာနဲ့ ဆွေးနွေးမယ့် မန်စီးတီး

October 13, 2021 author ps 0

မန်စီးတီးဟာလာမယ့်ဇန်နဝါရီလတွင်အာလင်းဟာလန်းအားခေါ်ယူရေးအတွက် ပထမဆုံးလှုပ်ရှားမှုအနေဖြင့်စူပါအေးဂျင့်မီနိုရိုင်အိုလာနှင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။ ဟာလန်းဟာလာမယ့်၂၀၂၄ခုနှစ်၊ဇွန်လတွင်မှစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ် ပေမယ့် စာချုပ်အတွင်းတွင် ၂၀၂၂ခုနှစ်၊နွေရာသီမှာပြောင်းရွှေ့ကြေးပေါင် ၆၅သန်းဖြင့်ပြောင်းရွှေ့နိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ အာလင်းဟာလန်းအားခေါ်ယူရန်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ပီအက်စ်ဂျီ၊ မန်ယူ၊ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့ကစိတ်ဝင်စားနေကြပါတယ်။နွေရာသီတုန်းက ချဲလ်ဆီးဟာဟာလန်းအားခေါ်ယူရေးအစွမ်းကုန်လုပ်ဆောင်ခဲ့ပေမယ့်မအောင်မြင်မှုနဲ့ အတူလူကာကူအားခေါ်ယူခဲ့ရပြီးနော်ဝေတိုက်စစ်မှူးအားခေါ်ယူရေးနောက်ဆုတ်သွား ခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမန်စီးတီးကလည်းမြို့ခံပြိုင်ဘက်မန်ယူနှင့်အပြိုင်အာလင်းဟာလန်းအားခေါ် ယူရေးကြိုးပမ်းလာပါတယ်။မန်စီးတီးဟာနွေရာသီတုန်းကအဂွဲရိုးနေရာတွင်အစားထို းရန်ဟယ်ရီကိန်းအားကြိုးပမ်းခဲ့ပေမယ့်စပါးစ်ဥက္ကဌလီဗိုင်းကရောင်းချရန်ငြင်းဆိုမှု ကြောင့်ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရေးအား လာမယ့်နှစ်နွေရာသီအထိရွှေ့ဆိုင်း ခဲ့ရပါတယ်။ ယခုအခါမန်စီးတီးဟာအခြားဥရောပထိပ်သီးများထက်လက်ဦးမှုရယူရေးအတွက် လာမယ့်ဇန်နဝါရီတွင်အာလင်းဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာ၊ဖခင်ဖြစ်သူ အယ်ဖရက်ဟာလန်းတို့နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။ အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူအယ်ဖရက်ဟာလန်းဟာမန်စီးတီးတွင်သုံးနှစ်ကြာ ကစားခဲ့ဖူးရာယင်းအချက်ကသူတို့အတွက်အသာစီးရနေစေတယ်လို့မန်စီးတီးက ယူဆနေရပါတယ်။ […]

ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်လို့ ဆူဆာ ဘာပြောလဲ…

October 13, 2021 author ps 0

ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့ပြီးသူ့ရဲ့ နိုင်ငံအသင်းပွဲတွေမှာ ဟက်ထရစ်ဟာ ၁၀ကြိမ် အထိ ရှိလာခဲ့ပါပြီ။ ဒီသွင်းဂိုးတွေ ကြောင့်လည်း သူဟာ နိုင်ငံအသင်းအတွက် ဟက်ထရစ် အများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ သူဂိုးသွင်းပြီးချိန်မှာလည်း “Siuuuuu” ဆိုတဲ့အောင်ပွဲခံဟန်နဲ့ […]

မန်ယူက ထွက်ခွာဖို့ လိုအပ်နေပြီလား ကာဗာနီ

October 13, 2021 author ps 0

အက်ဒီဆင်ကာဗာနီဟာသူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကိုကယ်တင်နိုင်ဖို့ အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ချက်စတာယူနိုက် တက်မှထွက်ခွာဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာယခုဘောလုံးရာသီတွင်မန်ယူအတွက်ပရီးမီးယားလိဂ် တွင်၁၀၄မိနစ်တည်းသာကစားခွင့်ရရှိထားမှုနဲ့အတူဥရုဂွေးရဲ့နောက်ဆုံးကမ္ဘာ့ ဖလားခြေစစ်ပွဲများတွင်အရန်ခုံတွင်ထိုင်လာရပါတယ်။ ကာဗာနီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုနဲ့အတူမန်ယူတွင်ကစားခွင့်ရရှိရန်အလွန်နည်းပါးလာတာလည်း စ်ပါတယ်။ဒါကြောင့်လည်းဥရုဂွေးလက်ရွေးစင်ဟောင်းဂပ်စ်ပိုယက်က ကာဗာနီအနေဖြင့်အသင်းပြောင်းရန်လိုအပ်နေပြီလို့ပြောကြားလာပါတယ်။ ဆန်းဒါးလန်းနည်းပြဟောင်းက “သူကိုကကံဆိုးတာပါ။ရော်နယ်ဒိုမရောက် လာခင်တုန်းကအဓိကတိုက်စစ်မှူးအဖြစ်ကစားခွင့်ရလာခဲ့တာပါ။ဂျူဗင်တပ်၊ မန်စီးတီးတို့ရဲ့ဆုံးဖြတ်ချက်တွေကကာဗာနီအပေါ်မှာထိခိုက်လာခဲ့တယ်။ ဇန်နဝါရီမှာသူအသင်းပြောင်းဖို့လိုနေပါတယ်။သူ့စိတ်ထဲမယ်ဘယ်လိုရှိမလဲ မသိပါဘူး။အခုအပြင်ကနေ ပြောရမယ်ဆိုရင်သူဟာကလပ်မှာကစားခွင့် မရလို့လက်ရွေးစင်မှာလည်းမိနစ်၉၀ပြည့်မကစားရတော့ပါဘူး”လို့ ပြောကြားသွားပါတယ်။ အသက်၃၄နှစ်ရှိကာဗာနီဟာမန်ယူအတွက်ကစားတဲ့ပထမဆုံးရာသီတွင် ၃၉ပွဲကစားခဲ့ရာမှာ၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာနွေရာသီမှာရော်နယ်ဒိုရောက်လာပြီးနောက်သူ့ရဲ့ကျေ ာနံပါတ်၇ကိုလွဲပြောင်းပေးခဲ့ရသလိုပွဲကစားခွင့်လည်းနည်းပါးလာခဲ့ပါတယ်။ မကြာသေးမီကအင်တာဗျူးတစ်ခုမှာတော့ကာဗာနီကမန်ယူတွင်နေရာရရှိ […]

ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ ဘာဘာတော့ဗ်

October 13, 2021 author ps 0

မန်ယူနှင့်စပါးစ်တိုက်စစ်မှူးဟောင်းဒီမီထရီဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့် သွားခဲ့ပါတယ်။ ကစားသမားဘဝမှအနားယူထားပြီးဖြစ်တဲ့ဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲမှာလက်ရှိဥက္ကဌဘိုရီဆလပ်ဗ်မီဟေး လော့ဗ်ကိုမဲအနည်းငယ်ဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မီဟေးလော့ဗ်ဟာမဲ၂၄၁ဖြင့် ဥက္ကဌရွေးကောက်ပွဲတွင်နိုင်ပွဲရခဲ့တာဖြစ်ပြီးဘာဘာတော့ဗ်က၂၃၀ဖြင့်ရှုံးနိမ့်ခဲ့တာပါ။ ဘာဘာတော့ဗ်ဟာပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်ကြတဲ့စတဲလ်လီယန် ပီထရော့ဗ်နှင့်မာတင်ပီထရော့ဗ်တို့ရဲ့ထောက်ခံချက်များရရှိထားသူဖြစ်ပြီးဥက္ကဌသစ် ဖြစ်လာပါကအပြောင်းအလဲများစွာမျှော်လင့်နေခဲ့သူလည်းဖြစ်ပါတယ်။ ရီးဒင်းဂိုးသမားဟောင်းမီဟေးလော့ဗ်ဟာဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။သူဟာလွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဘူလ်ဂေးရီးယားတွင်အင်္ဂလန်အား၆-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပရိသတ်များက အင်္ဂလန်ကစားသမားများကိုလူမျိုးရေးခွဲခြားမှုအပေါ်တာဝန်ယူတဲ့အနေဖြင့်ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ သူ့နေရာတွင်ယာယီထမ်းဆောင်တဲ့ကာဆာဘော့ဗ်ကလည်းဧပြီလတုန်းကရာထူးမှ နုတ်ထွက်ခဲ့မှုနဲ့အတူရွေးကောက်ပွဲပြန်လည်ကျင်းပလာရာမှာပြန်လည်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Zawgyi ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့တဲ့ ဘာဘာတော့ဗ် မန်ယူနှင့်စပါးစ်တိုက်စစ်မှူးဟောင်းဒီမီထရီဘာဘာတော့ဗ်ဟာဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့် […]