အီတလီနဲ့ပွဲမှာ ဒီဘရိုင်းကို ထည့်သုံးခဲ့လို့ မာတီနက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စီးတီးပရိသတ်တွေ တောင်းဆို

July 3, 2021 AuthorP 0

မန်စီးတီးအသင်းပရိသတ်တွေဟာ အီတလီကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ဒီဘရိုင်းကို ထည့်သုံးခဲ့ခြင်းအတွက် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကို ပြင်းထန်စွာဝေဖန်နေပြီး တချို့ကဆို သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့အထိပါ တောင်းဆိုနေပါတယ်။ ဒီဘရိုင်းဟာ ပေါ်တူဂီကိုအနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ အီတလီနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဦးစားပေးကစားသမားအဖြစ် ပါဝင်လာပြီး […]

ပွဲကစားဖို့မရှိတော့တဲ့ စီရော်နယ်ဒိုပဲ ရွှေဖိနပ်ဆုရမလား…သူ့ကိုကျော်တက်မယ့်သူပေါ်လာမလား…

June 30, 2021 AuthorP 0

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပေမယ့် အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ ဂိုးသွင်းဖြစ်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့် ရောက်လာတဲ့အချိန်မှာ စီရော်နယ်ဒိုက ၅ဂိုးနဲ့ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အနီးကပ်ဆုံးပြိုင်ဘက်ကို ၁ဂိုးအသာရနေပါတယ်။ စီရော်နယ်ဒိုဟာ ဘယ်လ်ဂျီယံကို ၁-၀ ဂီုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယခုပြိုင်ပွဲတစ်လျှောက် တစ်ပွဲတည်းသောဂိုးပေါက်ပျောက်မှုနဲ့ […]

ရွှေဘောလုံးဆုဆန်ခါတင်စာရင်းဝင်သင့်သူအဖြစ် ချဲလ်ဆီးကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အင်ဆစ်ဂ်နီ

June 28, 2021 AuthorP 0

နာပိုလီတောင်ပံတိုက်စစ်မှူး လော်ရန်ဇိုအစ်ဆစ်ဂ်နီက ချဲလ်ဆီးကြယ်ပွင့် ဂျော်ဂျင်ညိုအနေနဲ့ ၂၀၂၁ ရွှေဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်သင့်တယ်လု့ိထောက်ခံပါတယ်။ ဂျော်ဂျင်ညိုဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အီတလီနဲ့အတူ ခြေစွမ်းပြနေပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ နာပိုလီကွင်းလယ်လူဟောင်း ဂျော်ဂျင်ညိုဟာ အီတလီအသင်းရဲ့ပွဲတိုင်းမှာ ပါဝင်ကစားထားပြီး အသင်းကလည်း […]

ဂျာမနီက ယူရိုမှာ အလွယ်ဆုံးပြိုင်ဘက်နဲ့ လာတွေ့နေတာပဲလို့ အက်ဖင်ဘတ် သုံးသပ်

June 28, 2021 AuthorP 0

အင်္ဂါနေ့၊ ဝင်ဘလေကွင်းမှာ ကစားမယ့် ၁၆သင်းအဆင့်ပွဲစဉ်မတိုင်ခင် ဂျာမနီအနေနဲ့ ယူရို ၂၀၂၀ မှာ အလွယ်ကူဆုံးပြိုင်ဘက်နဲ့ လာတွေ့နေတာပဲလို့ ဂျာမနီဂန္ထဝင် အက်ဖင်ဘတ်က သုံးသပ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်ကစားသမားဟောင်းကြီးက ဂျာမနီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အားလုံးရဲ့အထင်သေးလျှော့တွက်ခြင်း ခံနေရတယ်လို့ ပြောပါတယ်။ ဂျာမနီဟာ အုပ်စုအဖွင့်ပွဲမှာ ပြင်သစ်ကို […]

ဗိုလ်လုပွဲရောက်မှ အင်္ဂလန်အသည်းကွဲလိမ့်မယ်လို့ စူပါကွန်ပြူတာ ဟောကိန်းထုတ်

June 26, 2021 AuthorP 0

စူပါကွန်ပြူတာက အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၀ မှာ ဖိုင်နယ်အထိ တက်ရောက်နိုင်ပေမယ့် ဝင်ဘလေမှာ ကမ္ဘာ့ချန်ပီယံပြင်သစ်ကို အရေးနိမ့်ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အင်္ဂလန်ဟာ အုပ်စုတွင်းမှာ ၂ပွဲနိုင်၊ ၁ပွဲသရေ၊ အုပ်စုပထမအဖြစ် ၁၆သင်းအဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ၁၆သင်းအဆင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ပြိုင်ဘက်ဟောင်း ဂျာမနီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး bettingexpert […]

ပြိုင်ပွဲကြီးရောက်ရင် ကျရှုံးလေ့ရှိတဲ့အင်္ဂလန်က ဂျာမနီရဲ့အကြီးမားဆုံးပြိုင်ဘက်မဟုတ်ဘူးလို့ ဟာမန်း ပြော

June 25, 2021 AuthorP 0

အင်္ဂလန်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ပြိုင်ပွဲကြီးတွေရောက်ရင် ကျရှုံးလေ့ရှိလို့ သူတို့နဲ့ရင်ဆိုင်ရတာက ဂျာမနီအတွက် အကြီးမားဆုံးပွဲမဟုတ်ဘူးလို့ ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်းက ပြောပါတယ်။ သူတို့နှစ်သင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ့ ၁၆သင်းအဆင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ရင်ဆိုင်တော့မှာဖြစ်ပြီး အင်္ဂလန်က အိမ်ရှင်အဖြစ် ဧည့်ခံရမှာပါ။ အင်္ဂလန်နဲ့ဂျာမနီတို့ဟာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်လာတာ ၉၁ နှစ်ရှိပြီဖြစ်ကာ […]

ဘောလုံးမျက်လှည့်ဆရာဖြစ်နေဆဲဆိုတာ ရူးလောက်တဲ့ကန်ချက်နဲ့ လက်တွေ့ပြသသွားတဲ့ မိုဒရစ်

June 22, 2021 AuthorP 0

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ စကော့တလန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးချင်းစွမ်းရည်အပြည့်နဲ့ဂိုးသွင်းပြပြီး ဘောလုံးမျက်လှည့်ဆရာတစ်ဦးအဖြစ် ရပ်တည်နေဆဲဆိုတာ သက်သေပြသွားပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုင်တဲ့အသင်း နောက်တစ်ဆင့်တက်မယ့်ပွဲမို့ နှစ်သင်းစလုံး ဖွင့်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာ ၁-၁ ဂိုးသရေကျနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၆၂ မိနစ်မှာတော့ မိုဒရစ်က အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေတဲ့ကန်ချက်နဲ့အတူ ခရိုအေးရှားအတွက် ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။ […]

ပါရာဂွေးနဲ့ပွဲမှာ ပြိုင်ဘက်ကို ပေါင်ကြားထဲကနေ ထည့်ကာ လှည့်စားလိုက်တဲ့ မက်ဆီ

June 22, 2021 AuthorP 0

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ယနေ့မနက်က ပါရာဂွေးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပွဲမှာ ပြိုင်ဘက်ကို ပေါင်ကြားထဲကနေ ထည့်ကာ လှည့်စားသွားပါတယ်။ အာဂျင်တီးနားဟာ အဆိုပါနိုင်ပွဲကြောင့် အုပ်စုပွဲစဉ်ပြီးဆုံးဖို့ ၁ပွဲအလိုမှာပဲ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မက်ဆီဟာ ပရိသတ်တွေ သဘောကျစေတဲ့ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့ပြီး ပြိုင်ဘက်နှစ်ဦးကို အကောင်းဆုံးလှည့်စားသွားပါတယ်။ […]

ဒူးဒဏ်ရာကြောင့် ဟန်ဂေရီနဲ့ အုပ်စုနောက်ဆုံးပွဲကို မူလာ လွဲချော်

June 21, 2021 AuthorP 0

ဂျာမနီအသင်းကွင်းလယ်တိုက်စစ်သမား သောမတ်စ်မူလာဟာ ဟန်ဂေရီနဲ့ကစားရမယ့်အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်သလို ၁၆သင်းအဆင့်မှာလည်း ပါဝင်ဖို့ မသေမချာဖြစ်နေပါတယ်။ အသက် ၃၁နှစ်အရွယ်ရှိ ဘိုင်ယန်အသင်းသား မူလာဟာ ပေါ်တူဂီကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပိုအရောက် ဒူးဒဏ်ရာရသွားခဲ့တာလို့ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။ သူ့ရဲ့ဒဏ်ရာအတိမ်အနက်ကို အတိအကျမသိရသေးပေမယ့် မူလာအနေနဲ့ ဗုဒ္ဓဟူးနေ့မှာကစားရမယ့် အုပ်စုအဆုံးအဖြတ်ပွဲကို လွဲချော်ရဖို့ သေချာနေတယ်လို့ […]

ကြောက်စရာကောင်းလှတဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ စီရော်နယ်ဒိုရဲ့ ဖရီးကစ်မှတ်တမ်း

June 21, 2021 AuthorP 0

စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၀၇ ဂိုးအထိသွင်းယူထားပြီး ယူရိုပြိုင်ပွဲမှာလည်း ၁၂ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ စီရော်နယ်ဒိုဟာ အဲဒီစံချိန်အပြင် တခြားစံချိန်အများအပြားတင်ထားပေမယ့် အဓိကပြိုင်ပွဲကြီးတွေမှာ သူ့ရဲ့ဖရီးကစ်သွင်းဂိုးမှတ်တမ်းကတော့ အတော်လေးဆိုးရွားနေပါတယ်။ စီရော်နယ်ဒိုဟာ ဂျာမနီကို ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ […]