၂ ဂိုးသွင်းခဲ့တဲ့ စီရော်နယ်ဒိုကို လူစားလဲခဲ့တဲ့အပေါ် ပီယာလိုကာကွယ်ပြောကြား

February 3, 2021 Zayar Phyo Han 0

အင်တာမီလန်နဲ့ ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့မှာ စီရော်နယ်ဒိုကို လူစားလဲခဲ့တာနဲ့ပတ်သက်လို့ ဂျူဗင်တပ်နည်းပြပီယာလိုက ကာကွယ်ပြောကြားလိုက်ပါတယ်။ အင်တာမီလန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းရခဲ့ဲတဲ့ ၂ ဂိုးစလုံးကိုသွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံရတာနဲ့ပတ်သက်လို့ မကျေနပ်တဲ့ပုံစံကို တွေ့ခဲ့ရပါတယ်။ အဲဒီဆုံးဖြတ်ချက်အတွက် ပီယာလိုဟာ ပွဲအပြီးမှာ မေးခွန်းထုတ်ခံခဲ့ရပြီး လာမယ့်သောကြာမှာ ၃၆ နှစ်ပြည့်မယ့် သူ့အသင်းကြယ်ပွင့်ကို […]

ကန်တိုနာရဲ့မန်ယူသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ရဲ့တုံ့ပြန်မှု

February 3, 2021 Zayar Phyo Han 0

အသင်းဂန္ထဝင်တစ်ဦးဖြစ်သူ ကန်တိုနာရဲ့မန်ယူအတွက်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဟာ စပါယ်ရှယ်အခိုက်အတန့်တစ်ခုဖြစ်ကြောင်း တိုက်စစ်မှုးရက်ရှ်ဖို့ဒ်က ဝန်ခံလိုက်ပါတယ်။ ဆောက်သမ်တန်ကို ၉ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ စံချိန်တင်နိုင်ပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် အနိုင်ဂိုးတစ်ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးခဲ့တာပါ။ အဲဒါကြောင့် မန်ယူအတွက် သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၈၃ ဂိုးရှိသွားခဲ့ပြီး ကန်တိုနာရဲ့စံချိန်ဖြစ်တဲ့ ၈၂ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ”ကန်တိုနာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့လို့ […]

ဝုဗ်နဲ့သရေပွဲမှာ ဒီရာသီဘောလုံးပေးပို့မှု စံချိန်တင်ခဲ့တဲ့ ချဲလ်ဆီး

January 28, 2021 Zayar Phyo Han 0

သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးနည်းပြဘဝဟာ စံချိန်တင်ဘောလုံးပေးပို့စွမ်းဆောင်မှုနဲ့ စတင်နိုင်ခဲ့ပေမယ့် ဝုဗ်နဲ့ဂိုးမရှိသေရပွဲမှာ အခွင့်အရေးဖန်တီးမှုတော့ မည်မည်ရရ မရှိခဲ့ပါဘူး။ တူချယ်ရဲ့ပွဲဦးထွက်ဖြစ်တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးဟာ ဘောလုံးနဲ့ပတ်သက်လို့ စိုးမိုးနိုင်ခဲ့ပြီး စုစုပေါင်း ၈၂၀ ကြိမ်နဲ့ ဘောလုံးပေးပို့မှု စံချိန်တင်ဖြစ်ခဲ့ကာ ဒီရာသီပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ အများဆုံးဖြစ်ခဲ့တာပါ။ ချဲလ်ဆီးဟာ အဲဒီပွဲရဲ့ပထမပိုင်းမှာဆိုရင် ဘောလုံးပေးပို့မှုစုစုပေါင်း ၄၃၃ ကြိမ်ရှိခဲ့ပြီး ၂၀၀၃-၀၄ […]

ရှက်ဖီးကိုပေးရတဲ့ ဒုတိယဂိုးနဲ့ပတ်သက်လို့ ညည်းတွားလိုက်တဲ့ ဆိုးလ်ရှား

January 28, 2021 Zayar Phyo Han 0

အိုးလ်ထရက်ဖို့ဒ်က ရှက်ဖီးယူရဲ့ဒုတိယဂိုးမှာ သူ့အသင်းရဲ့ခံစစ်ပိုင်းဟာ ညံ့ဖျင်းခဲ့တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားဟာ ပွင့်ပွင့်လင်းလင်းပဲ အကဲဖြတ်လိုက်ပြီး သူ့အသင်းဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တယ်လို့လည်း ဝန်ခံလိုက်ပါတယ်။ မန်ယူဟာ ဇယားအောက်ဆုံးက အသင်းကို မထင်မှတ်ဘဲ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ မန်စီးတီးဆီက ထိပ်ဆုံးနေရာပြန်ယူနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ရှက်ဖီးယူရဲ့ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင်မက်ဂွိုင်းယားက ပြန်လည်ချေပပေးနိုင်ခဲ့ပေမယ့် နောက် ၁၀ မိနစ်အကြာမှာ […]

လမ်းပတ်ထုတ်ခံရတာကို မကျေပ်ကြောင်းပြသခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေ

January 27, 2021 Zayar Phyo Han 0

လမ်းပတ်အထုတ်ခံရမှုနဲ့ပတ်သက်လို့ ဒေါသထွက်နေကြတဲ့ ချဲလ်ဆီးပရိသတ်တွေဟာ သူတို့ရဲ့မကျေနပ်ချက်ကို ပြသတဲ့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းရဲ့ဂိတ်ပေါက်ဝတစ်ခုမှာ စာတန်းတစ်ခုချိတ်ဆွဲခဲ့ကြကာ မီးခိုးဗုံးတွေလည်း အသုံးပြုခဲ့ပါတယ်။ အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ ချဲလ်ဆီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရကာ သူ့နေရာမှာ ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်နဲ့အစားထိုးထားတာပါ။ နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့မှုနဲ့အတူ အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာရောက်နေတဲ့အတွက် […]

အသင်းရဲ့အစည်းအဝေးတွေမှာ ကာဗာနီကိုကူညီပေးနေရတဲ့ မန်ယူကစားသမား ၄ ယောက်

January 27, 2021 Zayar Phyo Han 0

ပြီးခဲ့တဲ့အပတ်က ကလပ်ရဲ့ဆိုရှယ်မီဒီယာမှာ တိုက်စစ်မှုးကာဗာနီက မန်ယူပရိသတ်တွေဆီကို Message ပေးတော့ စပိန်လိုပြောတဲ့အတွက် အင်္ဂလိပ်စာတန်းထိုးလိုအပ်ခဲ့ပါတယ်။ လာမယ့်လမှာ ၃၄ နှစ်ပြည့်မယ့်ကာဗာနီဟာ ပြီးခဲ့တဲ့အောက်တိုဘာလကမှ မန်ချက်စတာကိုရောက်လာခဲ့တာဖြစ်ပြီး ကိုဗစ်ကြောင့် အင်္ဂလိပ်စကားအတွက် ထိထိရောက်ရောက် မသင်ကြားခဲ့ရပါဘူး။ သူဟာ ပြင်သစ်မှာ ၇ နှစ်ကြာခဲ့တဲ့အတွက် ပီအက်စ်ဂျီပရိသတ်တွေကို နှုတ်ဆက်တော့ ပြင်သစ်လိုကောင်းကောင်းပြောနိုင်ခဲ့ပြီး ပါလာမိုနဲ့နာပိုလီတို့မှာ […]

မီလန်ဒါဘီမှာ ဒေါသတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ မန်ယူအသင်းဖော်ဟောင်းနှစ်ယောက်

January 27, 2021 Zayar Phyo Han 0

ကိုပါအီတာလီယာကွာတားဖိုင်နယ်က မီလန်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အီဘရာဟီမိုဗစ်နဲ့လူကာကူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသတကြီးပြောဆိုမှုတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အဲဒီမန်ယူအသင်းဖော်ဟောင်းနှစ်ယောက်ဟာ ဆန်စီရိုကွင်းက ပထမပိုင်းပြီးခါနီးလေးမှာ တစ်ယောက်နဲ့တစ်ယောက် အချင်းများခဲ့ကြတာပါ။ အပြန်အလှန်ပြောဆိုမှုတွေနဲ့ ခေါင်းချင်းတိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ကို ကွင်းလယ်ဒိုင်ဗလာရီက အဝါကတ်ပြသတိပေးခဲ့ရတာပါ။ ဒါ့အပြင် အသင်းဖော်တွေက ကြားဝင်လူခွဲချိန်မှာလည်း မိုဗစ်က ”မင်းရဲ့စုန်းကဝေအလုပ်သာ သွားလုပ်စမ်းပါ မြည်းလေးရာ”လို့ လှမ်းအော်ခဲ့ပါတယ်။ […]

၁၈ လအကြာမှာပဲ လမ်းပတ်ကို ချဲလ်ဆီးထုတ်ပယ်လိုက်ပြီ

January 25, 2021 Zayar Phyo Han 0

ချဲလ်ဆီးဟာ အသင်းကို ၁၈ လကြာကိုင်တယွ်ခဲ့တဲ့ သူတို့နည်းပြဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ လမ်းပတ်အထုတ်ခံရချိန် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကိုရောက်ရှိနေပြီး နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့တာပါ။ ၄၂ နှစ်အရွယ် လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြဘ၀ နောက်ဆုံးပွဲက ချန်ပီယံရှစ်ကလပ်လူတန်တောင်းကို ၃-၁ […]

ဗန်ဒီဘိခ်ရဲ့မပျော်ရွှင်မှုကို စာနာနားလည်ပေးတဲ့ ဖာနန်ဒက်စ်

January 25, 2021 Zayar Phyo Han 0

ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ကစားခွင့်သိပ်မရလို့ မပျော်ရွှင်နေတဲ့ အသင်းဖော်ဗန်ဒီဘိခ်ရဲ့အဖြစ်ကို အပြည့်အဝစာနာနားလည်နိုင်ကြောင်းဆိုခဲ့ပေမယ့် အဲဒါဟာ အသင်းရဲ့အင်အားတောင့်တင်းမှုကို ပြသရာရောက်ကြောင်း ပြောကြားလိုက်ပါတယ်။ နယ်သာလန်လက်ရွေးစင်ဗန်ဒီဘိခ်ဟာ ဒီရာသီ သူ့ရဲ့၁၀ ပွဲမြောက်ပွဲထွက်မှုအဖြစ် လီဗာပူးကိုအနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ ပါဝင်ခဲ့ရတာပါ။ ဒါပေမဲ့ ဗန်ဒီဘိခ်ဟာ အဲဒီပွဲမှာ အများကြီးခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဘောလုံးထိချက် ၂၃ ကြိမ်သာရှိခဲ့ကာ ပေးပို့ရန်ကြိုးပမ်းမှု ၁၈ ကြိမ်နဲ့ […]

ရက်ရှိဖို့ဒ်ဂိုးသွင်းလိုက်ချိန်မှာ ကလေးတစ်ယောက်လို မြူတူးစွာအောင်ပွဲခံခဲ့တဲ့ ကာဗာနီ

January 25, 2021 Zayar Phyo Han 0

မနေ့ညက လီဗာပူးနဲ့အက်ဖ်အေဖလားပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် ဒုတိယဂိုးသွင်းခဲ့ပေမယ့် အဲဒီဂိုးသွင်းပြီးချိန် ပျော်စရာလိုဖြစ်ခဲ့တဲ့ ကာဗာနီရဲ့အောင်ပွဲခံမှုကသာ ပရိသတ်တွေအတွက် ပိုပြီးသတိထားစရာဖြစ်သွားခဲ့ပါတယ်။ လီဗာပူးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ကာဗာနီဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောကနေ သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးတိုင်ထိထွက်ခဲ့ပြီး အတွေ့အကြုံသိပ်မရှိသေးတဲ့ လီဗာပူးဗဟိုခံစစ်က ဝီလီယံကိုလည်း တစ်ပွဲလုံးမှာ အခက်တွေ့စေခဲ့ပါတယ်။ ဒါပမေဲ့ […]