“Ballon d’Or ဆုပဏာမစာရင်းမှာ မန်ဒီ ဘာကြောင့်မပါဝင်ခဲ့လဲဆိုတာ တစ်ယောက်ယောက် ရှင်းပြကြပါ…

ချယ်လ်ဆီးအသင်းဂိုးသမားမန်ဒီဟာ ဘရန့်ဖို့ဒ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့

ပွဲမှာ ကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးရဲ့လက်စွမ်းမျိုးနဲ့ကာကွယ်မှုတွေအကြိမ်ကြိမ်

ပြုလုပ်ခဲ့ပြီး ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ကစားသမားတစ်ဦး

Ballon d’Or ဆုအတွက် ပဏာမ(၃၀)စာရင်းမှာမပါဝင်ခဲ့တာကြောင့် အသင်းဖော်

ရူဒီဂါတစ်ယောက် မကျေမနပ်ဖြစ်နေပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မန်ဒီဟာ ပြိုင်ဘက်

အသင်းရဲ့အပိုင်ဂိုးသွင်းချက်(၇)ကြိမ်လောက်ကို လက်နဲ့ရော၊ ခြေထောက်နဲ့အပြင်

နောက်ဆုံးမျက်နှာနဲ့ပါ အစွမ်းပြကာကွယ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၃၈)ပွဲကစားပြီ

ချိန်မှာ Clean Sheets ပွဲပေါင်း(၂၀)အထိရယူနိုင်ခဲ့တာကြောင့် ပီတာချက်(၂၆ပွဲ)၊

ရေနာ(၃၂ပွဲ)၊ အယ်လစ်ဆင်(၃၆ပွဲ)၊ ရိုင်ကာရိုးလ်(၃ရပွဲ)တို့ပြီးရင် ပွဲအနည်းဆုံးနဲ့

Clean Sheets ပွဲ(၂၀)ရယူခဲ့သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၀၊ စက်တင်

ဘာလတုန်းက ရန်းစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပေါင်(၂၂)သန်းနဲ့

ပြောင်းရွှေ့ခဲ့သူမန်ဒီဟာ ဂိုးသမားကယ်ပါကို အရန်ခုံရောက်သွားအောင်

လက်စွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်

ဖလားဆွတ်ခူးနိုင်အောင် အဓိကလက်စွမ်းပြခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ မန်ဒီက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး

အကြိမ်အဖြစ် ချယ်လ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်(၅)ပွဲဆက်

ဂိုးမပေးရတဲ့စံချိန်ရယူပေးခဲ့သလို ပြိုင်ပွဲတစ်လျှောက် Clean Sheets

(၉)ပွဲအထိရယူခဲ့ပြီး နာမည်ကျော်ဂိုးသမားတွေဖြစ်တဲ့ ကာနီဇာရက်စ်

(၂၀၀၀-၀၁)၊ နာဗတ်စ်(၂၀၁၅-၁၆)တို့နဲ့အတူ တစ်ရာသီအတွင်း ချန်ပီယံ

လိဂ် Clean Sheets ပွဲအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဒီလို

လက်စွမ်းကောင်းတွေပြသခဲ့ပေမယ့် မန်ဒီဟာ အခုနှစ် Ballon d’Or ဆု

အတွက် ပဏာမကစားသမား(၃၀)စာရင်းမှာ အံ့အားသင့်စရာကောင်း

လောက်အောင် ချန်လှပ်ခံခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ပွဲပြီးမှာ

ရူဒီဂါက”Ballon d’Or ဆုပဏာမစာရင်းမှာ မန်ဒီ ဘာကြောင့်မပါဝင်ခဲ့လဲဆိုတာ

တစ်ယောက်ယောက် င့ါကို ရှင်းပြကြပါဦး . .မန်ဒီရဲ့ လက်စွမ်းကတော့

အံ့မခန်းပါပဲ”လို့ သူ့ Twitter မှာရေးသားခဲ့တာပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ

Man Of the Match ဆုကို မန်ဒီ ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အဲဒီအတွက်

အသင်းဖော်ဘန်ချီဝဲလ်က “မန်ဒီရဲ့ကာကွယ်မှုတွေက မယုံနိုင်လောက်စရာပါပဲ။

သူရဲ့လက်စွမ်းကို လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော်တို့နေ့တိုင်းမြင်တွေ့

နေတာဖြစ်ပြီး အခုပွဲမှာ ကျွန်တော်တို့အသင်း နိုင်ပွဲရအောင်စွမ်းဆောင်ခဲ့လို့

သူနဲ့ထိုက်တန်တဲ့ဆုရရှိခဲ့တာပဲဖြစ်ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။

Zawgyi

“Ballon d’Or ဆုပဏာမစာရင္းမွာ မန္ဒီ ဘာေၾကာင့္မပါဝင္ခဲ့လဲဆိုတာ

တစ္ေယာက္ေယာက္ ရွင္းျပၾကပါ…

ခ်ယ္လ္ဆီးအသင္းဂိုးသမားမန္ဒီဟာ ဘရန႔္ဖို႔ဒ္အသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

ပြဲမွာ ကမာၻ႔အဆင့္ဂိုးသမားတစ္ဦးရဲ႕လက္စြမ္းမ်ိဳးနဲ႔ကာကြယ္မႈေတြအႀကိမ္ႀကိမ္

ျပဳလုပ္ခဲ့ၿပီး ဒီလိုစြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ့ကစားသမားတစ္ဦး

Ballon d’Or ဆုအတြက္ ပဏာမ(၃၀)စာရင္းမွာမပါဝင္ခဲ့တာေၾကာင့္ အသင္းေဖာ္

႐ူဒီဂါတစ္ေယာက္ မေက်မနပ္ျဖစ္ေနပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ မန္ဒီဟာ ၿပိဳင္ဘက္

အသင္းရဲ႕အပိုင္ဂိုးသြင္းခ်က္(၇)ႀကိမ္ေလာက္ကို လက္နဲ႔ေရာ၊ ေျခေထာက္နဲ႔အျပင္

ေနာက္ဆုံးမ်က္ႏွာနဲ႔ပါ အစြမ္းျပကာကြယ္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္(၃၈)ပြဲကစားၿပီ

းခ်ိန္မွာ Clean Sheets ပြဲေပါင္း(၂၀)အထိရယူႏိုင္ခဲ့တာေၾကာင့္ ပီတာခ်က္(၂၆ပြဲ)၊

ေရနာ(၃၂ပြဲ)၊ အယ္လစ္ဆင္(၃၆ပြဲ)၊ ႐ိုင္ကာ႐ိုးလ္(၃ရပြဲ)တို႔ၿပီးရင္ ပြဲအနည္းဆုံးနဲ႔

Clean Sheets ပြဲ(၂၀)ရယူခဲ့သူအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ ၂၀၂၀၊ စက္တင္

ဘာလတုန္းက ရန္းစ္အသင္းကေန ခ်ယ္လ္ဆီးအသင္းဆီ ေပါင္(၂၂)သန္းနဲ႔

ေျပာင္းေ႐ႊ႕ခဲ့သူမန္ဒီဟာ ဂိုးသမားကယ္ပါကို အရန္ခုံေရာက္သြားေအာင္

လက္စြမ္းျပႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္း ခ်န္ပီယံလိဂ္

ဖလားဆြတ္ခူးႏိုင္ေအာင္ အဓိကလက္စြမ္းျပခဲ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ မန္ဒီက ဆယ္စုႏွစ္တစ္ခုအတြင္း ပထမဆုံး

အႀကိမ္အျဖစ္ ခ်ယ္လ္ဆီးအသင္းအတြက္ ခ်န္ပီယံလိဂ္(၅)ပြဲဆက္

ဂိုးမေပးရတဲ့စံခ်ိန္ရယူေပးခဲ့သလို ၿပိဳင္ပြဲတစ္ေလွ်ာက္ Clean Sheets

(၉)ပြဲအထိရယူခဲ့ၿပီး နာမည္ေက်ာ္ဂိုးသမားေတြျဖစ္တဲ့ ကာနီဇာရက္စ္

(၂၀၀၀-၀၁)၊ နာဗတ္စ္(၂၀၁၅-၁၆)တို႔နဲ႔အတူ တစ္ရာသီအတြင္း ခ်န္ပီယံ

လိဂ္ Clean Sheets ပြဲအမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ပါတယ္။ ဒီလို

လက္စြမ္းေကာင္းေတြျပသခဲ့ေပမယ့္ မန္ဒီဟာ အခုႏွစ္ Ballon d’Or ဆု

အတြက္ ပဏာမကစားသမား(၃၀)စာရင္းမွာ အံ့အားသင့္စရာေကာင္း

ေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲၿပီးမွာ ႐ူဒီဂါက

“Ballon d’Or ဆုပဏာမစာရင္းမွာ မန္ဒီ ဘာေၾကာင့္မပါဝင္ခဲ့လဲဆိုတာ

တစ္ေယာက္ေယာက္ င့ါကို ရွင္းျပၾကပါဦး . .မန္ဒီရဲ႕ လက္စြမ္းကေတာ့

အံ့မခန္းပါပဲ”လို႔ သူ႔ Twitter မွာေရးသားခဲ့တာပါ။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ

Man Of the Match ဆုကို မန္ဒီ ထိုက္ထိုက္တန္တန္ရရွိခဲ့ၿပီး အဲဒီအတြက္

အသင္းေဖာ္ဘန္ခ်ီဝဲလ္က “မန္ဒီရဲ႕ကာကြယ္မႈေတြက မယုံႏိုင္ေလာက္စရာပါပဲ။

သူရဲ႕လက္စြမ္းကို ေလ့က်င့္ခန္းအစီအစဥ္မွာ ကြၽန္ေတာ္တို႔ေန႔တိုင္းျမင္ေတြ႕

ေနတာျဖစ္ၿပီး အခုပြဲမွာ ကြၽန္ေတာ္တို႔အသင္း ႏိုင္ပြဲရေအာင္စြမ္းေဆာင္ခဲ့လို႔

သူနဲ႔ထိုက္တန္တဲ့ဆုရရွိခဲ့တာပဲျဖစ္ပါတယ္”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။