Ballon d’Or ဆုအတွက် ပရီးမီးယားလိဂ်ကစားသမား ၁၄ ဦးအထိ ပါဝင်တဲ့ ဆန်ကာတင်စာရင်းကို ကြေညာ

Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား ၃၀ဦးစာရင်းကို ထုတ်ပြန်ကြေညာလာရာပရီးမီးယားလိဂ်မှကစားသမားအရေအတွက်အများဆုံးပါဝင်လာခဲ့ပါတယ်။Ballon d’Or ဆုအတွက်ဆန်ကာတင် ၃၀ဦးစာရင်းတွင်ပရီးမီးယားလိဂ်မှတဝက်နီးပါးအထိပါဝင်နေတာလည်းဖြစ်ပါတယ်။

Ballon d’Or ဆန်ကာတင်စာရင်းတွင် ပရီးမီးယားလိဂ်မှ ၁၄ ဦးပါဝင်ခဲ့ပြီးချဲလ်ဆီးနှင့်မန်စီးတီးတို့မှငါးဦးစီအထိပါဝင်ပါတယ်။မန်ယူမှ၂ဦး၊လီဗာပူးနှင့်စပါးစ်တို့မှတစ်ဦးစီပါဝင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှဆီဇာအက်စ်ပီလီကူတာ၊အန်ဂိုလိုကန်တီ၊လူကာကူ၊မေဆင်မောင့်၊ဂျော်ဂျင်ဟိုတို့ပါဝင်ပါတယ်။ဂျော်ဂျင်ဟိုဟာ Ballon d’Or ဆုအတွက်ထိပ်ဆုံးမှရေပန်းစားနေသူလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာကီဗင်ဒီဘရိုင်း၊ရူဘင်ဒိုင်ယက်စ်၊ဖီးလ်ဖိုဒန်၊ရီယက်ဇ်မရာ့ဇ်၊စတာလင်းတို့ပါဝင်ပြီးမန်ယူမှပေါ်တူဂီစတားများဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဘရူနိုဖာနန်ဒက်စ်တို့ပါဝင်ပါတယ်။လီဗာပူးမှမိုဟာမက်ဆာလက်နှင့်စပါးစ်မှဟယ်ရီကိန်းတို့ပါဝင်ပါတယ်။

ချဲလ်ဆီးဂိုးသမားအီဒူယတ်မင်ဒီ၊လက်စတာမှကက်စ်ပါရှမိုက်ကယ်တို့မှာ အကောင်းဆုံးဂိုးသမားဆု Yacine Trophy အတွက်ဆန်ကာတင်စာရင်းမှာပါဝင်ခဲ့ပါတယ်။

မန်ယူမှမေဆင်ဂရင်းဝုဒ်၊အာဆင်နယ်မှာဘူကာယိုဆာကာ၊ဒေါ့မွန်မှဘယ်လင်ဂမ်တို့မှာလည်း အကောင်းဆုံးလူငယ်ကစားသမားဆု Kopa Trophy ဆန်ကာတင်စာရင်းတွင်ပါဝင်ခဲ့ပါတယ်။ပြင်သစ်ဘောလုံးသမားကိုပါကိုဂုဏ်ပြုချီးမြှင့်လာမယ့် Kopa Trophy ဆုအတွက်ဆန်ကာတင်စာရင်းတွင်မေဆင်ဂရင်းဝုဒ်၊ဆာကာ၊ဘယ်လင်ဂမ်တို့အပြင် ဘာစီလိုနာကွင်းလယ်ကစားသမားပီဒရီ၊ဒေါ့မွန်လူငယ်စတားရေနာ၊ဘိုင်ယန်စတားဂျာမယ်မူဆေးယီလာ၊လေဗာကူဆင်အလယ်တန်းတိုက်စစ်သမားဖလိုရီယန်ဝစ်ဇ်၊ပီအက်စ်ဂျီနောက်တန်းအစွန်လူနူနိုမန်ဒက်စ်၊အေဂျက်စ်အလယ်တန်းကစားသမားဂရာဗန်ဘစ်ချ်၊ရန်းနက်စ်ရှေ့တန်းသမားဒိုကူတို့ပါဝင်ခဲ့ပါတယ်။

Ballon d’Or ဆုကိုပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်ချီးမြှင့်ခဲ့ခြင်းမရှိခဲ့သော်လည်းယခုအခါကိုဗစ်ခေတ်အလွန်သို့ရောက်လာမှုနဲ့အတူပြန်လည်ချီးမြှင့်လာပါမယ်။

လက်ရှိအချိန်တွင်အာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့တဲ့လီယွန်နယ်မက်ဆီကရေပန်းအစားဆုံးဖြစ်နေပါတယ်။ပီအက်စ်ဂျီအသင်းမှမက်ဆီ၊ဒွန်နာရမ်မာ၊နေမာ၊ကိုင်လီယန်ဘက်ပေးတို့ပါဝင်ခဲ့ပါတယ်။

အင်တာမီလန်မှလူသာရိုမာတီနက်ဇ်၊နီကိုလာဘာရယ်လာ၊ဂျူဗင်တပ်မှချီရယ်လီနီ၊ဘိုနုချီနှင့်အေစီမီလန်မှဆိုင်မွန်ခါယာတို့ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှကာရမ်ဘန်ဇီးမား၊လူကာမိုဒရစ်တို့နှစ်ဦးသာပါဝင်ကာဗီလာရီးရဲလ်မှဂါရတ်မိုရီနို၊ဘာစီလိုနာမှပီဒရီနှင့်အက်သလက်တီကိုမှလူးဝစ်ဆွာရက်ဇ်တို့ပါဝင်ပါတယ်။ဒါ့အပြင်ဘိုင်ယန်မြူးနစ်မှလီဝန်ဒေါ့စကီး၊ဒေါ့မွန်မှအာလင်းဟာလန်းတို့ပါဝင်ပါတယ်။

zawgyi

Ballon d’Or ဆုအတြက္ ပရီးမီးယားလိဂ္ကစားသမား ၁၄ ဦးအထိ ပါဝင္တဲ့ ဆန္ကာတင္စာရင္းကို ေၾကညာ

Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား ၃၀ဦးစာရင္းကို ထုတ္ျပန္ေၾကညာလာရာပရီးမီးယားလိဂ္မွကစားသမားအေရအတြက္အမ်ားဆုံးပါဝင္လာခဲ့ပါတယ္။Ballon d’Or ဆုအတြက္ဆန္ကာတင္ ၃၀ဦးစာရင္းတြင္ပရီးမီးယားလိဂ္မွတဝက္နီးပါးအထိပါဝင္ေနတာလည္းျဖစ္ပါတယ္။

Ballon d’Or ဆန္ကာတင္စာရင္းတြင္ ပရီးမီးယားလိဂ္မွ ၁၄ ဦးပါဝင္ခဲ့ၿပီးခ်ဲလ္ဆီးႏွင့္မန္စီးတီးတို႔မွငါးဦးစီအထိပါဝင္ပါတယ္။မန္ယူမွ၂ဦး၊လီဗာပူးႏွင့္စပါးစ္တို႔မွတစ္ဦးစီပါဝင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းမွဆီဇာအက္စ္ပီလီကူတာ၊အန္ဂိုလိုကန္တီ၊လူကာကူ၊ေမဆင္ေမာင့္၊ေဂ်ာ္ဂ်င္ဟိုတို႔ပါဝင္ပါတယ္။ေဂ်ာ္ဂ်င္ဟိုဟာ Ballon d’Or ဆုအတြက္ထိပ္ဆုံးမွေရပန္းစားေနသူလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းမွာကီဗင္ဒီဘ႐ိုင္း၊႐ူဘင္ဒိုင္ယက္စ္၊ဖီးလ္ဖိုဒန္၊ရီယက္ဇ္မရာ့ဇ္၊စတာလင္းတို႔ပါဝင္ၿပီးမန္ယူမွေပၚတူဂီစတားမ်ားျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ပါဝင္ပါတယ္။လီဗာပူးမွမိုဟာမက္ဆာလက္ႏွင့္စပါးစ္မွဟယ္ရီကိန္းတို႔ပါဝင္ပါတယ္။

ခ်ဲလ္ဆီးဂိုးသမားအီဒူယတ္မင္ဒီ၊လက္စတာမွကက္စ္ပါရွမိုက္ကယ္တို႔မွာ အေကာင္းဆုံးဂိုးသမားဆု Yacine Trophy အတြက္ဆန္ကာတင္စာရင္းမွာပါဝင္ခဲ့ပါတယ္။

မန္ယူမွေမဆင္ဂရင္းဝုဒ္၊အာဆင္နယ္မွာဘူကာယိုဆာကာ၊ေဒါ့မြန္မွဘယ္လင္ဂမ္တို႔မွာလည္း အေကာင္းဆုံးလူငယ္ကစားသမားဆု Kopa Trophy ဆန္ကာတင္စာရင္းတြင္ပါဝင္ခဲ့ပါတယ္။ျပင္သစ္ေဘာလုံးသမားကိုပါကိုဂုဏ္ျပဳခ်ီးျမႇင့္လာမယ့္ Kopa Trophy ဆုအတြက္ဆန္ကာတင္စာရင္းတြင္ေမဆင္ဂရင္းဝုဒ္၊ဆာကာ၊ဘယ္လင္ဂမ္တို႔အျပင္ ဘာစီလိုနာကြင္းလယ္ကစားသမားပီဒရီ၊ေဒါ့မြန္လူငယ္စတားေရနာ၊ဘိုင္ယန္စတားဂ်ာမယ္မူေဆးယီလာ၊ေလဗာကူဆင္အလယ္တန္းတိုက္စစ္သမားဖလိုရီယန္ဝစ္ဇ္၊ပီအက္စ္ဂ်ီေနာက္တန္းအစြန္လူႏူႏိုမန္ဒက္စ္၊ေအဂ်က္စ္အလယ္တန္းကစားသမားဂရာဗန္ဘစ္ခ်္၊ရန္းနက္စ္ေရွ႕တန္းသမားဒိုကူတို႔ပါဝင္ခဲ့ပါတယ္။

Ballon d’Or ဆုကိုၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ခ်ီးျမႇင့္ခဲ့ျခင္းမရွိခဲ့ေသာ္လည္းယခုအခါကိုဗစ္ေခတ္အလြန္သို႔ေရာက္လာမႈနဲ႔အတူျပန္လည္ခ်ီးျမႇင့္လာပါမယ္။ လက္ရွိအခ်ိန္တြင္အာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့တဲ့လီယြန္နယ္မက္ဆီကေရပန္းအစားဆုံးျဖစ္ေနပါတယ္။ပီအက္စ္ဂ်ီအသင္းမွမက္ဆီ၊ဒြန္နာရမ္မာ၊ေနမာ၊ကိုင္လီယန္ဘက္ေပးတို႔ပါဝင္ခဲ့ပါတယ္။

အင္တာမီလန္မွလူသာ႐ိုမာတီနက္ဇ္၊နီကိုလာဘာရယ္လာ၊ဂ်ဴဗင္တပ္မွခ်ီရယ္လီနီ၊ဘိုႏုခ်ီႏွင့္ေအစီမီလန္မွဆိုင္မြန္ခါယာတို႔ပါဝင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွကာရမ္ဘန္ဇီးမား၊လူကာမိုဒရစ္တို႔ႏွစ္ဦးသာပါဝင္ကာဗီလာရီးရဲလ္မွဂါရတ္မိုရီႏို၊ဘာစီလိုနာမွပီဒရီႏွင့္အက္သလက္တီကိုမွလူးဝစ္ဆြာရက္ဇ္တို႔ပါဝင္ပါတယ္။ဒါ့အျပင္ဘိုင္ယန္ျမဴးနစ္မွလီဝန္ေဒါ့စကီး၊ေဒါ့မြန္မွအာလင္းဟာလန္းတို႔ပါဝင္ပါတယ္။