Ballon d’Or ဆုအတွက် မဲပေးမှုမှာ ထိပ်ဆုံး ၃ ယောက်စာရင်းထဲကိုတောင် မဝင်ခဲ့တဲ့ စီရော်နယ်ဒို

ဒီနှစ်ရဲ့ Ballon d’Or ဆုကို သူ့ရဲ့အဓိကပြိုင်ဘက်မက်ဆီက

စံချိန်ထပ်ချိုးတဲ့အနေနဲ့ ၇ ကြိမ်မြောက်ရရှိသွားခဲ့ပေမယ့် စီရော်နယ်ဒိုကတော့

ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ အဆင့် ၆ သာချိတ်ခဲ့ပါတယ်။

၁၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဲဒီမန်ယူကြယ်ပွင့်ဟာ

ထိပ်ဆုံး ၃ ယောက်စာရင်းထဲကို မဝင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ ဒီနှစ် Ballon d’Or ဆုအတွက် မဲပေးမှုမှာ

၁၇၈ မှတ်သာရရှိခဲ့ပြီး အဆင့် ၇ နေရာက မိုဆာလာထက် ၅၇ မှတ်ပိုများကာ

အဆင့် ၅ နေရာက ကန်တီထက် ၈ မှတ်ပိုနည်းပါတယ်။

Ballon d’Or ဆုရသွားတဲ့မက်ဆီက စီရော်နယ်ဒိုထက် ၄၃၅ မှတ်ပိုများခဲ့ပြီး

စုစုပေါင်း ၆၁၃ မှတ်ရရှိခဲ့တာပါ။ ဒါကြောင့် မဲရရှိမှုနဲ့ပတ်သက်လို့

စီရော်နယ်ဒိုနဲ့မက်ဆီတို့ကြား အကြီးမားဆုံးကွာဟမှုဖြစ်ခဲ့ရပါတယ်။

မက်ဆီဟာ ကလပ်အသင်းဘာစီလိုနာနဲ့ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့်

ကိုပါအမေရိကမှာ အာဂျင်တီနားဗိုလ်စွဲအောင် ဆွဲတင်ပေးနိုင်ခဲ့လို့

အခုလိုဆုရရှိသွားခဲ့တာပါ။ စီရော်နယ်ဒိုကတော့ ဒီနှစ်ထဲမှာ

ဆုဖလားအောင်မြင်မှုဆိုလို့ ကိုပါအီတာလီယာမှာ ဂျူဗင်တပ်နဲ့ဗိုလ်စွဲခဲ့တာပဲ ရှိပါတယ်။

Ballon d’Or ဆု ၅ ကြိမ်ရထားတဲ့ စီရော်နယ်ဒိုဟာ ပထမဆုံးအကြိမ်ကို

၂၀၀၈ မှာ ရခဲ့တာဖြစ်ပြီး အဲဒီနောက် မက်ဆီက

၂၀၀၉ ကနေ ၂၀၁၂ အထိ ၄ ကြိမ်ဆက်ရခဲ့ပါတယ်။

၂၀၁၃ မှာမှ စီရော်နယ်ဒိုဟာ ဒုတိယအကြိမ်ရခဲ့တာဖြစ်ပြီး

အဲဒီနောက်နှစ်မှာလည်း ထပ်မံရရှိခဲ့တာပါ။ သူဟာ ၂၀၁၆ နဲ့ ၂၀၁၇ တို့မှာလည်း

မက်ဆီကို ကျော်ဖြတ်ပြီး Ballon d’Or ဆုရခဲ့ပါတယ်။

zawgyi

Ballon d’Or ဆုအတြက္ မဲေပးမႈမွာ ထိပ္ဆုံး ၃ ေယာက္စာရင္းထဲကိုေတာင္ မဝင္ခဲ့တဲ့ စီေရာ္နယ္ဒို

ဒီႏွစ္ရဲ႕ Ballon d’Or ဆုကို သူ႔ရဲ႕အဓိကၿပိဳင္ဘက္မက္ဆီက

စံခ်ိန္ထပ္ခ်ိဳးတဲ့အေနနဲ႔ ၇ ႀကိမ္ေျမာက္ရရွိသြားခဲ့ေပမယ့္ စီေရာ္နယ္ဒိုကေတာ့

ထိပ္ဆုံး ၁၀ ေယာက္စာရင္းမွာ အဆင့္ ၆ သာခ်ိတ္ခဲ့ပါတယ္။

၁၁ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အဲဒီမန္ယူၾကယ္ပြင့္ဟာ

ထိပ္ဆုံး ၃ ေယာက္စာရင္းထဲကို မဝင္ခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ဒီႏွစ္ Ballon d’Or ဆုအတြက္ မဲေပးမႈမွာ

၁၇၈ မွတ္သာရရွိခဲ့ၿပီး အဆင့္ ၇ ေနရာက မိုဆာလာထက္ ၅၇ မွတ္ပိုမ်ားကာ

အဆင့္ ၅ ေနရာက ကန္တီထက္ ၈ မွတ္ပိုနည္းပါတယ္။

Ballon d’Or ဆုရသြားတဲ့မက္ဆီက စီေရာ္နယ္ဒိုထက္ ၄၃၅ မွတ္ပိုမ်ားခဲ့ၿပီး

စုစုေပါင္း ၆၁၃ မွတ္ရရွိခဲ့တာပါ။ ဒါေၾကာင့္ မဲရရွိမႈနဲ႔ပတ္သက္လို႔

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ၾကား အႀကီးမားဆုံးကြာဟမႈျဖစ္ခဲ့ရပါတယ္။

မက္ဆီဟာ ကလပ္အသင္းဘာစီလိုနာနဲ႔ ဆုဖလားေအာင္ျမင္မႈမရခဲ့ေပမယ့္

ကိုပါအေမရိကမွာ အာဂ်င္တီနားဗိုလ္စြဲေအာင္ ဆြဲတင္ေပးႏိုင္ခဲ့လို႔

အခုလိုဆုရရွိသြားခဲ့တာပါ။ စီေရာ္နယ္ဒိုကေတာ့ ဒီႏွစ္ထဲမွာ

ဆုဖလားေအာင္ျမင္မႈဆိုလို႔ ကိုပါအီတာလီယာမွာ ဂ်ဴဗင္တပ္နဲ႔ဗိုလ္စြဲခဲ့တာပဲ ရွိပါတယ္။

Ballon d’Or ဆု ၅ ႀကိမ္ရထားတဲ့ စီေရာ္နယ္ဒိုဟာ ပထမဆုံးအႀကိမ္ကို

၂၀၀၈ မွာ ရခဲ့တာျဖစ္ၿပီး အဲဒီေနာက္ မက္ဆီက

၂၀၀၉ ကေန ၂၀၁၂ အထိ ၄ ႀကိမ္ဆက္ရခဲ့ပါတယ္။

၂၀၁၃ မွာမွ စီေရာ္နယ္ဒိုဟာ ဒုတိယအႀကိမ္ရခဲ့တာျဖစ္ၿပီး

အဲဒီေနာက္ႏွစ္မွာလည္း ထပ္မံရရွိခဲ့တာပါ။ သူဟာ ၂၀၁၆ နဲ႔ ၂၀၁၇ တို႔မွာလည္း

မက္ဆီကို ေက်ာ္ျဖတ္ၿပီး Ballon d’Or ဆုရခဲ့ပါတယ္။