BREAKING; စီးတီးကိ ုအဝေးကွင်းမှာ သရေခံကစားနိုင်ခဲ့ပြီးနေက် ဝက်စ်ဘရွန်းနည်းပြရာထူးကနေ ဘီလစ် ထုတ်ပယ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း မန်စီးတီးကို အီတီဟတ်မှာ ၁-၁ ဂိုးသရေကစားနိုင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ နည်းပြဖြစ်သူ ဆလာဗန်ဘီလစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

ပရီးမီယားလိဂ်မှာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဝက်စ်ဘရွန်းဟာ စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်ရဲ့ဦးဆောင်ဂိုးကို ပထမပိုင်းမပြီးခင်မှာပဲ စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်ရဲ့ Own Goal နဲ့ ပြန်လည်ချေပနိုင်ခဲ့ပြီး အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပေမယ့် ယခုအခါ ဝက်စ်ဘရွန်းအသင်းက ဝက်ဆိုက်ဒ်ကနေ ဘီလစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အကြောင်း အတည်ပြုကြေညာပါတယ်။

”ဝက်စ်ဘရွန်းအသင်းဟာ နည်းပြချုပ် ဘီလစ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ ပြီးတော့ လက်ထောက်နည်းပြတွေဖြစ်တဲ့ ဒင်းရာကျူနီကာနဲ့ ဘူတိုရိုဗစ်၊ အရန်အသင်းနည်းပြ ဂျူလီယန်ဒစ်ခ်တို့လည်း အသင်းနဲ့ ချက်ချင်းလမ်းခွဲခဲ့ပါတယ်”

”ဝက်စ်ဘရွန်းအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းကိုတန်းတက်ခွင့်ရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ဘီလစ်နဲ့ သူ့ရဲ့နည်းပြအဖွဲကို ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အကောင်းဆုံးအရာတွေ ပိုင်ဆိုင်နိုင်ပါစေလု့ိ ဆုတောင်းပေးပါတယ်။ ဒီအချိန်မှာတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်”လို့ ဝက်စ်ဘရွန်းအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းပိုင်ရှင် တရုတ်နိုင်ငံသားတွေက ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ကျန်ရစ်စေဖို့ အပြောင်းအလဲပြုလုပ်ရတော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘီလစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး အင်္ဂလန်အသင်းနည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိ အလာဒိုက်စ်ဟာ ဆန်းဒါးလန်း၊ ပဲလေ့စ်နဲ့ အဲဗာတန်အသင်းတွေမှာလည်း အဲဒီစမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ဝက်စ်ဘရွန်းနည်းပြအဖြစ် ကနဦး ယခုရာသီကုန်အထိ ကာလတိုစာချုပ်နဲ့ ခန့်အပ်ခံရဖွယ်ရှိနေပါတယ်။

ဝက်စ်ဘရွန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က နယူးကာဆယ်ကို အရေးနိမ့်ခဲ့ပြီးနောက် ဘီလစ်ရဲ့အနာဂတ်က ပိုမိုမသေမချာဖြစ်လာတာဖြစ်ပြီး ရာသီအဖွင့် ၁၃ပွဲအနက် ၁ပွဲပဲ အနိုင်ရထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

BREAKING; စီးတီးကိ ုအေ၀းကြင္းမွာ သေရခံကစားႏုိင္ခဲ့ၿပီးေနက္ ၀က္စ္ဘရြန္းနည္းျပရာထူးကေန ဘီလစ္ ထုတ္ပယ္ခံရ

၀က္စ္ဘရြန္းအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း မန္စီးတီးကို အီတီဟတ္မွာ ၁-၁ ဂိုးသေရကစားႏိုင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ နည္းျပျဖစ္သူ ဆလာဗန္ဘီလစ္ကို ရာထူးကေန ထုတ္ပယ္လုိက္ၿပီျဖစ္ပါတယ္။ ပရီးမီယားလိဂ္မွာ တန္းဆင္းဇုန္ထဲ ေရာက္ေနတဲ့ ၀က္စ္ဘရြန္းဟာ စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္ရဲ႕ဦးေဆာင္ဂိုးကို ပထမပိုင္းမၿပီးခင္မွာပဲ စီးတီးေနာက္ခံလူ ႐ူဘင္ဒီယက္စ္ရဲ႕ Own Goal နဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး အဖိုးတန္သေရတစ္မွတ္ရယူႏုိင္ခဲ့ေပမယ့္ ယခုအခါ ၀က္စ္ဘရြန္းအသင္းက ၀က္ဆုိက္ဒ္ကေန ဘီလစ္ကို ရာထူးကေန ထုတ္ပယ္လုိက္တဲ့အေၾကာင္း အတည္ျပဳေၾကညာပါတယ္။

”၀က္စ္ဘရြန္းအသင္းဟာ နည္းျပခ်ဳပ္ ဘီလစ္နဲ႔ လမ္းခြဲလုိက္ၿပီျဖစ္ပါတယ္။ ၿပီးေတာ့ လက္ေထာက္နည္းျပေတြျဖစ္တဲ့ ဒင္းရာက်ဴနီကာနဲ႔ ဘူတို႐ိုဗစ္၊ အရန္အသင္းနည္းျပ ဂ်ဴလီယန္ဒစ္ခ္တုိ႔လည္း အသင္းနဲ႔ ခ်က္ခ်င္းလမ္းခြဲခဲ့ပါတယ္။ ၀က္စ္ဘရြန္းအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက အသင္းကိုတန္းတက္ခြင့္ရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့တဲ့ ဘီလစ္နဲ႔ သူ႕ရဲ႕နည္းျပအဖြဲကို ေက်းဇူးတင္ရွိၿပီး အနာဂတ္မွာ အေကာင္းဆံုးအရာေတြ ပိုင္ဆုိင္ႏိုင္ပါေစလု႔ိ ဆုေတာင္းေပးပါတယ္။ ဒီအခ်ိန္မွာေတာ့ ဒီေလာက္ပဲ ေျပာႏိုင္ပါေသးတယ္”လုိ႔ ၀က္စ္ဘရြန္းအသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

၀က္စ္ဘရြန္းအသင္းပိုင္ရွင္ တ႐ုတ္ႏုိင္ငံသားေတြက ပရီးမီးယားလိဂ္မွာ ဆက္လက္တင္က်န္ရစ္ေစဖို႔ အေျပာင္းအလဲျပဳလုပ္ရေတာ့မယ္လုိ႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဘီလစ္ကို ရာထူးကေန ထုတ္ပယ္လုိက္တာျဖစ္ၿပီး အဂၤလန္အသင္းနည္းျပေဟာင္း ဆမ္အလာဒိုက္စ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖြယ္ရွိေနပါတယ္။အသက္ ၆၆ ႏွစ္အရြယ္ရွိ အလာဒုိက္စ္ဟာ ဆန္းဒါးလန္း၊ ပဲေလ့စ္နဲ႔ အဲဗာတန္အသင္းေတြမွာလည္း အဲဒီစမ္းသပ္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ဖူးၿပီး ၀က္စ္ဘရြန္းနည္းျပအျဖစ္ ကနဦး ယခုရာသီကုန္အထိ ကာလတုိစာခ်ဳပ္နဲ႔ ခန္႔အပ္ခံရဖြယ္ရွိေနပါတယ္။ ၀က္စ္ဘရြန္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္က နယူးကာဆယ္ကို အေရးနိမ့္ခဲ့ၿပီးေနာက္ ဘီလစ္ရဲ႕အနာဂတ္က ပိုမိုမေသမခ်ာျဖစ္လာတာျဖစ္ၿပီး ရာသီအဖြင့္ ၁၃ပြဲအနက္ ၁ပြဲပဲ အႏိုင္ရထားပါတယ္။