ဂျူဗီအသင်းဖော်စီရော်နယ်ဒိုကို ဘယ်လိုတားဆီးရမလဲမသိဘူးလို့ဆိုလိုက်တဲ့ ဆွီဒင်ကြယ်ပွင့်ကူလက်စကီး

October 13, 2020 yeminn 0

သူ့ဂျူဗင်တပ်အသင်းဖော်စီရော်နယ်ဒိုဟာ တားဆီးလို့မရနိုင်တဲ့သူဖြစ်ကြောင်း ပေါ်တူဂီနဲ့ဆွီဒင်တို့ရဲ့နေးရှင်းလိဂ်ပွဲမတိုင်ခင် ဆွီဒင်ကြယ်ပွင့်ကူလက်စကီးက အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ ဆွီဒင်မြေမှာ ကစားခဲ့တဲ့ပထမအကျော့တုန်းက ဝ-၂ နဲ့ ပေါ်တူဂီနိုင်ခဲ့ရာ အဲဒီ ၂ ဂိုးစလုံးကို စီရော်နယ်ဒိုကပဲ သွင်းပေးခဲ့တာပါ။ အခုတော့ ပေါ်တူဂီနဲ့ဆွီဒင်တို့ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ဆုံတွေ့ရတော့မှာပါ။ စီးရီးအေချန်ပီယံဂျူဗင်တပ်မှာ စီရော်နယ်ဒိုနဲ့အတူကစားတဲ့ကူလက်စကီးကတော့ သူ့ကလပ်အသင်းဖော်နဲ့ရင်ဆိုင်ရတဲ့ခက်ခဲမှုကို နားလည်နေပါတယ်။ ”ဘယ်သူကမှ သူ့ကိုမတားဆီးနိုင်ပါဘူး။ သူ့မှာ နေ့ကောင်းတစ်နေ့သာရှိနေရင် အရာအားလုံးကို သူကိုယ်တိုင်ပဲ […]