
ဆာလက်အတွက် နှစ်သိမ့်ဆုလေလား..
မိုဟာမက်ဆာလက်ဟာ Ballon d’Or ဆုမှာလီယွန်နယ်မက်ဆီကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဒါပေမယ့်သူဟာတနင်္လာနေ့ကကျင်းပတဲ့ အခြားဆုပေးပွဲတစ်ခုမှာတော့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ မိုနာကိုမှာကျင်းပတဲ့ Champions Gala မှာလီဗာပူးရဲ့အကောင်းဆုံးကစားသမားဟာ Golden Foot Award ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းဆုပွဲကအသက်၂၈နှစ်နှင့်အထက် ကစားသမားကို အသင်းလိုက်နှင့်တစ်ကိုယ်တော်စွမ်းဆောင်ရည်များအတွက် ချီးမြှင်တဲ့ဆုပေးပွဲဖြစ်ပါတယ်။မိုဟာမက်ဆာလက်ဟာလီဗာပူးသို့ ပြောင်းရွှေ့လာပြီးနောက်ဆက်တိုက် အကောင်းဆုံးပုံစံဖြင့်ကစားလာခဲ့သူဖြစ်ပြီး ချဲလ်ဆီးမှာတုန်းကအရှုံးသမားဘဝကိုဖယ်ရှားနိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ ဆာလက်ဟာယင်းဆုကိုကိုယ်တိုင်သွားရောက်မရယူနိုင်ခဲ့ပါဘူး။ ဇနီးသည်ကသူ့ကိုယ်စားတက်ရောက်ရယူခဲ့ပါတယ်။ ယင်းဆုနှင့်ပတ်သက်ပြီးဆာလက်က “ဆုရတဲ့အခါအမြဲတမ်းအရမ်းပျော်ရပါတယ်။ The […]