come out လူသိရှင်ကြားကြေညာခဲ့ပြီးနောက် ကာတာကမ္ဘာ့ဖလားသို့ သွားရောက်ကစားရန် စိုးရွံ့နေတဲ့ ဂျို့စ်ကာဗယ်လို

ဩစတြေးလျလက်ရွေးစင်ဘယ်နောက်ခံလူဂျို့စ်ကာဗယ်လိုကအမျိုးသား

ပရော်ဖက်ရှင်ဘောလုံးလောကတွင်ပထမဆုံးမိန်းမလျာကစားသမားအဖြစ်

လူသိရှင်ကြားကြေညာခဲ့ပြီးနောက်ကာတာကမ္ဘာ့ဖလားသို့သွားရောက်ကစားရန်

အလွန်ကြောက်လန့်နေခဲ့ကြောင်းဖွင့်ဟလာခဲ့ပါတယ်။

သတ္တိကောင်းလှတဲ့ အသက်၂၁နှစ်ရှိကစားသမားဟာပြီးခဲ့တဲ့လတုန်းကမိန်းမလျာတစ်ဦးဖြစ်ကြောင်း

တစ်ကမ္ဘာလုံးသိအောင်ကြေညာခဲ့သူဖြစ်ပြီးလူနေမှုဘဝနှစ်ခုတွင်

အသားကျနိုင်အောင်ကြိုးစားနေပါတယ်။ ကာဗယ်လိုဟာမိန်းမလျာကြောင်း

ကြေညာပြီးနောက်ဘောလုံးလောကတစ်ခုလုံးရဲ့ထောက်ခံအားပေးမှုရရှိသလို

အားကစားကမ္ဘာရဲ့အားပေးမှုလည်းရရှိခဲ့ပါတယ်။ဒါပေမယ့်ကာတာနိုင်ငံမှာ

လိင်တူစိတ်ဝင်စားသူများကိုအပြစ်ပေးလေ့ရှိရာ ကာတာကမ္ဘာ့ဖလားသို့

သွားရောက်ကစားပါကသူ့လုံခြုံရေးအတွက်စိုးရိမ်နေပါတယ်။ကာဗယ်လိုက

“ကာတာမှာမိန်းမလျာတွေကိုသေဒဏ်ပေးတာဖတ်ဖူးတာကြာပါပြီ။

ဒီတော့ကျွန်တော်လည်းအရမ်းစိုးရိမ်ကြောက်လန့်ခဲ့ပါတယ်။ကြတာသို့လည်း

မသွားရဲပါဘူး။စိတ်မကောင်းလည်းဖြစ်ရတယ်။ကာတာကမ္ဘာ့ဖလားအပြီးမှာတော့

ပ‌ရော်ဖက်ရှင်နယ်တစ်ဦးအတွက်အကြီးမားဆုံးအောင်မြင်မှုအဖြစ်နိုင်ငံအတွက်

ကစားနိုင်ခဲ့ပါမယ်။ဒါကကျွန်တော့်ကစားသမားဘဝမှာလုပ်ခဲ့တဲ့

အခြားအရမ်းကောင်းတဲ့အရာတွေထက်အရေးပါလာမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံတွင်ရှီရီယာဥပဒေကိုအသုံးပြုပြီးလိင်တူဆက်ဆံမှုပြုလုပ်ပါက

သေဒဏ်အထိပေးနိုင်ပါတယ်။

zawgyi

come out လူသိရွင္ၾကားေၾကညာခဲ့ၿပီးေနာက္ ကာတာကမာၻ႔ဖလားသို႔ သြားေရာက္ကစားရန္ စိုး႐ြံ႕ေနတဲ့ ဂ်ိဳ႕စ္ကာဗယ္လို

ဩစေၾတးလ်လက္ေ႐ြးစင္ဘယ္ေနာက္ခံလူဂ်ိဳ႕စ္ကာဗယ္လိုကအမ်ိဳးသား

ပေရာ္ဖက္ရွင္ေဘာလုံးေလာကတြင္ပထမဆုံးမိန္းမလ်ာကစားသမားအျဖစ္

လူသိရွင္ၾကားေၾကညာခဲ့ၿပီးေနာက္ကာတာကမာၻ႔ဖလားသို႔သြားေရာက္ကစားရန္

အလြန္ေၾကာက္လန႔္ေနခဲ့ေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။သတၱိေကာင္းလွတဲ့

အသက္၂၁ႏွစ္ရွိကစားသမားဟာၿပီးခဲ့တဲ့လတုန္းကမိန္းမလ်ာတစ္ဦးျဖစ္ေၾကာင္း

တစ္ကမာၻလုံးသိေအာင္ေၾကညာခဲ့သူျဖစ္ၿပီးလူေနမႈဘဝႏွစ္ခုတြင္

အသားက်ႏိုင္ေအာင္ႀကိဳးစားေနပါတယ္။ ကာဗယ္လိုဟာမိန္းမလ်ာေၾကာင္း

ေၾကညာၿပီးေနာက္ေဘာလုံးေလာကတစ္ခုလုံးရဲ႕ေထာက္ခံအားေပးမႈရရွိသလို

အားကစားကမာၻရဲ႕အားေပးမႈလည္းရရွိခဲ့ပါတယ္။ဒါေပမယ့္ကာတာႏိုင္ငံမွာ

လိင္တူစိတ္ဝင္စားသူမ်ားကိုအျပစ္ေပးေလ့ရွိရာ ကာတာကမာၻ႔ဖလားသို႔

သြားေရာက္ကစားပါကသူ႔လုံၿခဳံေရးအတြက္စိုးရိမ္ေနပါတယ္။ကာဗယ္လိုက

“ကာတာမွာမိန္းမလ်ာေတြကိုေသဒဏ္ေပးတာဖတ္ဖူးတာၾကာပါၿပီ။

ဒီေတာ့ကြၽန္ေတာ္လည္းအရမ္းစိုးရိမ္ေၾကာက္လန႔္ခဲ့ပါတယ္။ၾကတာသို႔လည္

းမသြားရဲပါဘူး။စိတ္မေကာင္းလည္းျဖစ္ရတယ္။ကာတာကမာၻ႔ဖလားအၿပီးမွာေတာ့

ပ‌ေရာ္ဖက္ရွင္နယ္တစ္ဦးအတြက္အႀကီးမားဆုံးေအာင္ျမင္မႈအျဖစ္ႏိုင္ငံအတြက္

ကစားႏိုင္ခဲ့ပါမယ္။ဒါကကြၽန္ေတာ့္ကစားသမားဘဝမွာလုပ္ခဲ့တဲ့

အျခားအရမ္းေကာင္းတဲ့အရာေတြထက္အေရးပါလာမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ကာတာႏိုင္ငံတြင္ရွီရီယာဥပေဒကိုအသုံးျပဳၿပီးလိင္တူဆက္ဆံမႈျပဳလုပ္ပါက

ေသဒဏ္အထိေပးႏိုင္ပါတယ္။