
အာဆင်နယ်စတားဟောင်းမီဆတ်အိုဇေးလ်ဟာပြီးခဲ့တဲ့နှစ်တုန်းက
မက္ကဆီကိုကလပ်နီဇာကာရဲ့ရှယ်ယာအချို့ကိုဝယ်ယူရင်းနှီးမြှပ်နှံပြီးနောက်
နောက်ထပ်ကလပ်တစ်ခုကိုဝယ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။
ဖီနာဘာချီကစားသမားဟာတူရကီတတိယတန်းကလပ် Corum FK ကို
ဝယ်ယူရန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။အသက်၃၃နှစ်ရှိအိုဇေးလ်ဟာ
၂၀၂၁ခုနှစ်တုန်းကနာမည်ကျော်မော်ဒယ်ကိတ်အပ်တန်၊ဟောလီးဝုဒ်အေအဆင့်
စတားအီဗာလွန်ဂိုရီယာတို့နှင့်အတူ နီဇာကာရဲ့ရှယ်ယာများကိုဝယ်ယူခဲ့သူဖြစ်ပါတယ်။
ယခုအခါဂျာမနီကွင်းလယ်ဖန်တီးရှင်ဟာတတိယတန်းကလပ် Corum FK ကို
တစ်ဦးတည်းပိုင်အဖြစ်ဝယ်ယူနေတာဖြစ်ကြောင်း Bild ရဲ့ဖော်ပြချက်အရသိရပါတယ်။
သူဟာပြီးခဲ့တဲ့နှစ်တုန်းက နီဇာကာရဲ့ရှယ်ယာ၅၀ရာခိုင်နှုန်းကိုဝယ်ယူခဲ့တာပါ။
Corum ရဲ့ပိုင်ရှင်ဖာတီအိုကန်ဟာပြီးခဲ့တဲ့အပတ်တုန်းကဥက္ကဌရာထူးမှနုတ်ထွက်ခဲ့ပါတယ်။
နုတ်ထွက်တဲ့သတင်းစာရှင်းလင်းပွဲတွင်၎င်းက “တူရကီက
ကမ္ဘာကျော်ကစားသမားတစ်ဦးကကလပ်ကိုဝယ်ယူဖို့စိတ်ဝင်စားနေပါတယ်”လို့
ပြောကြားခဲ့ပါတယ်။ယင်းကမ္ဘာကျော်ကစားသမားမှာ
အိုဇေးလ်ဖြစ်ကြောင်း Bild ကအတည်ပြုဖော်ပြသွားပါတယ်။
Corum ကလပ်ပိုင်ရှင်ဖာတီအိုကန်ဟာကလပ်တစ်ခုလုံးအတွက်
တူရကီလိုင်ရာသန်း၂၀ (ပေါင်၁သန်း)တောင်းဆိုထားပါတယ်။
အိုဇေးလ်ဟာဖီနာဘာချီမှာတစ်ပတ်လုပ်ခပေါင်၃၃၅၀၀၀ ရရှိနေသူဖြစ်ပြီး
ယင်းကလပ်တန်ကြေးမှာသူ့လုပ်ခတစ်လစာသာရှိပါတယ်။
zawgyi
Corum FK ကလပ္ကို ဝယ္ယူဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္စတားေဟာင္းအိုေဇးလ္ေ
အာဆင္နယ္စတားေဟာင္းမီဆတ္အိုေဇးလ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းက
မကၠဆီကိုကလပ္နီဇာကာရဲ႕ရွယ္ယာအခ်ိဳ႕ကိုဝယ္ယူရင္းႏွီးျမႇပ္ႏွံၿပီးေနာက္
ေနာက္ထပ္ကလပ္တစ္ခုကိုဝယ္ယူရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။
ဖီနာဘာခ်ီကစားသမားဟာတူရကီတတိယတန္းကလပ္ Corum FK ကို
ဝယ္ယူရန္ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။အသက္၃၃ႏွစ္ရွိအိုေဇးလ္ဟာ
၂၀၂၁ခုႏွစ္တုန္းကနာမည္ေက်ာ္ေမာ္ဒယ္ကိတ္အပ္တန္၊ေဟာလီးဝုဒ္ေအအဆင့္
စတားအီဗာလြန္ဂိုရီယာတို႔ႏွင့္အတူ နီဇာကာရဲ႕ရွယ္ယာမ်ားကိုဝယ္ယူခဲ့သူျဖစ္ပါတယ္။
ယခုအခါဂ်ာမနီကြင္းလယ္ဖန္တီးရွင္ဟာတတိယတန္းကလပ္ Corum FK ကို
တစ္ဦးတည္းပိုင္အျဖစ္ဝယ္ယူေနတာျဖစ္ေၾကာင္း Bild ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။
သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းက နီဇာကာရဲ႕ရွယ္ယာ၅၀ရာခိုင္ႏႈန္းကိုဝယ္ယူခဲ့တာပါ။
Corum ရဲ႕ပိုင္ရွင္ဖာတီအိုကန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကဥကၠဌရာထူးမွႏုတ္ထြက္ခဲ့ပါတယ္။
ႏုတ္ထြက္တဲ့သတင္းစာရွင္းလင္းပြဲတြင္၎က “တူရကီက
ကမာၻေက်ာ္ကစားသမားတစ္ဦးကကလပ္ကိုဝယ္ယူဖို႔စိတ္ဝင္စားေနပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။ယင္းကမာၻေက်ာ္ကစားသမားမွာ
အိုေဇးလ္ျဖစ္ေၾကာင္း Bild ကအတည္ျပဳေဖာ္ျပသြားပါတယ္။
Corum ကလပ္ပိုင္ရွင္ဖာတီအိုကန္ဟာကလပ္တစ္ခုလုံးအတြက္
တူရကီလိုင္ရာသန္း၂၀ (ေပါင္၁သန္း)ေတာင္းဆိုထားပါတယ္။
အိုေဇးလ္ဟာဖီနာဘာခ်ီမွာတစ္ပတ္လုပ္ခေပါင္၃၃၅၀၀၀ ရရွိေနသူျဖစ္ၿပီး
ယင္းကလပ္တန္ေၾကးမွာသူ႔လုပ္ခတစ္လစာသာရွိပါတယ္။