COVID-19 ပေါ့စတစ်ရလဒ်ထွက်နေသေးလို့ ဘာစီလိုနာနဲ့ပွဲကို ရော်နယ်ဒို လွှဲချော်ဖို့သေချာပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ နောက်ဆုံးအကြိမ် ဆေးစစ်ရာမှာလည်း COVID-19 ပေ့ါစတစ်ရလဒ်ထွက်ပြန်တာကြောင့် ဒီည ကစားရမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကို လွှဲချော်တော့မှာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၃ရက်နေ့ကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် လစ္စဘွန်းမြို့ကနေ တူရင်မြို့ကို ပြန်လာပြီး တူရင်မြို့က နေအိမ်မှာပဲ ကွာရန်တင်းဝင်ခဲ့ပါတယ်။

အရင်တစ်ပတ်ကလည်း ခရစ္စတီယာရော်နယ်ဒိုရဲ့ ဆေးစစ်ချက်က ပေ့ါစတစ်ပဲထွက်တာကြောင့် ဂျူဗင်တပ်စ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်မရခဲ့ပါဘူး။

နောက်ဆုံးအကြိမ်ဆေးစစ်ချက်မှာ နက်ဂတစ်ရလဒ်ထွက်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အင်္ဂါနေ့နှောင်းပိုင်းက ဂျူဗင်တပ်စ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲကို ရော်နယ်ဒို ပါနိုင်ဦးမှာမဟုတ်ဘူးလို့ အတည်ပြုသွားပါတယ်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ ပေါ်ထွက်လာတော့ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ တစ်အုပ်စုတည်းကျချိန်မှာ

ကမ္ဘာ့အကောင်းဆုံးကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီတို့ တစ်ကျော့ပြန်တွေ့ကြမယ့်အပေါ် ပရိသတ်တွေ မျှော်လင့်ခဲ့ကြပါတယ်။

နှစ်အလိုက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို နှစ်ယောက်ပေါင်း ၁၁ကြိမ်အထိရခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ချန်ပီယံလိဂ်မှာ ထိပ်တိုက်မရင်ဆိုင်ရတာ ၈နှစ်လောက်ရှိသွားပါပြီ။

သူတို့နှစ်ဦး ချန်ပီယံလိဂ်မှာ နောက်ဆုံးရင်ဆိုင်ခဲ့ရတာကတော့ ၂၀၁၁-၁၂ရာသီက ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့အကြိုဗိုလ်လုပွဲမှာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ပွဲမတိုင်ခင် ဂျူဗင်တပ်စ်အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုအပြင် တခြား အဓိက ကစားသမားတချို့လည်း ဒဏ်ရာရနေတာကြောင့် ဂျူဗင်တပ်နည်းပြ ပီယာလိုအနေနဲ့ ပွဲပြင်ဆင်ဖို့ အခက်တွေ့နေပါတယ်။

နောက်ခံလူ ချီရယ်လီနီ၊ ဒီလစ်နဲ့ မက်ကန်နီတို့၃ဦးစလုံး ဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့ ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

COVID-19 ေပါ့စတစ္ရလဒ္ထြက္ေနေသးလို႔ ဘာစီလိုနာနဲ႔ပြဲကို ေရာ္နယ္ဒို လႊဲေခ်ာ္ဖို႔ေသခ်ာၿပီ

ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ေနာက္ဆံုးအႀကိမ္ ေဆးစစ္ရာမွာလည္း COVID-19 ေပ့ါစတစ္ရလဒ္ထြက္ျပန္တာေၾကာင့္ ဒီည ကစားရမယ့္ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲကို လႊဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၃ရက္ေန႔ကတည္းက ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ကစားေပးရင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတာကိုစစ္ေဆးေတြ႔ရွိခဲ့ပါတယ္။

အဲဒီေနာက္ လစၥဘြန္းၿမိဳ႕ကေန တူရင္ၿမိဳ႕ကို ျပန္လာၿပီး တူရင္ၿမိဳ႕က ေနအိမ္မွာပဲ ကြာရန္တင္း၀င္ခဲ့ပါတယ္။

အရင္တစ္ပတ္ကလည္း ခရစၥတီယာေရာ္နယ္ဒိုရဲ႕ ေဆးစစ္ခ်က္က ေပ့ါစတစ္ပဲထြက္တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းခြင့္မရခဲ့ပါဘူး။

ေနာက္ဆံုးအႀကိမ္ေဆးစစ္ခ်က္မွာ နက္ဂတစ္ရလဒ္ထြက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အဂၤါေန႔ေႏွာင္းပိုင္းက ဂ်ဴဗင္တပ္စ္အသင္းရဲ႕ထုတ္ျပန္ခ်က္မွာ ဘာစီလိုနာနဲ႔ခ်န္ပီယံလိဂ္ပြဲကို ေရာ္နယ္ဒို ပါႏိုင္ဦးမွာမဟုတ္ဘူးလို႔ အတည္ျပဳသြားပါတယ္။

ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြ ေပၚထြက္လာေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ ဘာစီလိုနာတို႔ တစ္အုပ္စုတည္းက်ခ်ိန္မွာ

ကမၻာ႔အေကာင္းဆံုးကစားသမား ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ တစ္ေက်ာ့ျပန္ေတြ႔ၾကမယ့္အေပၚ ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

ႏွစ္အလုိက္ ကမၻာ႔အေကာင္းဆံုးကစားသမားဆုကို ႏွစ္ေယာက္ေပါင္း ၁၁ႀကိမ္အထိရခဲ့ၾကတဲ့ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ ခ်န္ပီယံလိဂ္မွာ ထိပ္တိုက္မရင္ဆိုင္ရတာ ၈ႏွစ္ေလာက္ရွိသြားပါၿပီ။

သူတို႔ႏွစ္ဦး ခ်န္ပီယံလိဂ္မွာ ေနာက္ဆံုးရင္ဆိုင္ခဲ့ရတာကေတာ့ ၂၀၁၁-၁၂ရာသီက ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕အႀကိဳဗိုလ္လုပြဲမွာျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ပြဲမတိုင္ခင္ ဂ်ဴဗင္တပ္စ္အသင္းမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုအျပင္ တျခား အဓိက ကစားသမားတခ်ိဳ႕လည္း ဒဏ္ရာရေနတာေၾကာင့္ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုအေနနဲ႔ ပြဲျပင္ဆင္ဖို႔ အခက္ေတြ႔ေနပါတယ္။

ေနာက္ခံလူ ခ်ီရယ္လီနီ၊ ဒီလစ္နဲ႔ မက္ကန္နီတို႔၃ဦးစလံုး ဒဏ္ရာေၾကာင့္ ဗုဒၶဟူးေန႔ ပြဲစဥ္ကို ပါ၀င္ႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။