
ရီးယဲလ်နဲ့ဘာစီလိုနာတို့ကစားခဲ့တဲ့ El Clasico ပွဲမှာ နှစ်သင်းစလုံးဟာ
ပုံမှန်ဝတ်ဆင်နေကျဂျာစီအရောင်မဟုတ်ဘဲ အဝေးကွင်းဂျာစီတွေဝတ်ဆင်ကစားခဲ့လို့
ပရိသတ်တွေမကျေမနပ်ဖြစ်နေကြပါတယ်။
El Clasico ပွဲတိုင်းမှာ ရီးယဲလ်နဲ့ဘာစီလိုနာတို့ဟာ ဘာနေဗျူးမှာဖြစ်စေ၊
နူးကမ့်မှာပဲဖြစ်စေ သူတို့ရဲ့အိမ်ကွင်းဂျာစီကိုဝတ်ဆင်ကစားလေ့ရှိပြီး
အခုပွဲမှထူးထူးခြားခြား အိမ်ရှင်ရီးယဲလ်အသင်းက အမည်းရောင်၊
ဘာစီလိုနာအသင်းက အဝါရောင်အစင်းကြားဂျာစီတွေဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်အသင်းဟာ ကလပ်အသင်းတည်ထောင်တဲ့ နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်၊
သူတို့ရဲ့ဂျာစီစပွန်ဆာကုမ္ပဏီဖြစ်တဲ့ Adidas နဲ့ Y3 တို့ရဲ့
နှစ်(၂၀)မြောက်အထိမ်းအမှတ်တွေအဖြစ် ဂျာစီအမည်းရောင်ကို ဝတ်ဆင်ကစားခဲ့တာပါ။
ရီးယဲလ်အသင်းက ဂျာစီအမည်းရောင်ဝတ်ဆင်တာကြောင့်
ဘာစီလိုနာအသင်းဟာ သူတို့ပုံမှန်ဂျာစီဖြစ်တဲ့
အညိုရောအကြားကိုဝတ်ဆင်လို့မရတော့ဘဲ
အဝေးကွင်းဂျာစီနဲ့ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ El Clasico ပွဲမှာ ပုံမှန်မြင်နေကျမဟုတ်တဲ့
ဂျာစီအရောင်တွေနဲ့ကစားခဲ့လို့ စိတ်ပျက်နေပြီး အွန်လိုင်းပေါ်မှာ
‘El Clasico ပွဲရဲ့ အစဉ်အလာဖြစ်တဲ့ ရီးယဲလ်အသင်းက အဖြူရောင်၊
ဘာစီလိုနာအသင်းက အနီနဲ့အပြာဂျာစီတွေ မဝတ်တာအံ့အားသင့်ဖို့ကောင်းပါတယ်’၊
‘နှစ်သင်းစလုံးက စိတ်ပျက်စရာကောင်းတဲ့ ဝတ်စုံတွေဝတ်ဆင်ခဲ့ပါတယ်။
El Clasico ပွဲမှာ အစဉ်အလာဂျာစီတွေကို
တန်ဖိုးထားမှုနည်းလာပြီနဲ့တူတယ်’လို့ရေးသားဝေဖန်ခဲ့ကြပါတယ်။
zawgyi
El Clascio ပြဲမွာ ႏွစ္သင္းစလုံးက စိတ္ပ်က္စရာေကာင္းတဲ့ ဝတ္စုံေတြဝတ္ဆင္ခဲ့လို႔ ပရိသတ္ေတြမေက်မနပ္ျဖစ္
ရီးယဲလ္နဲ႔ဘာစီလိုနာတို႔ကစားခဲ့တဲ့ El Clasico ပြဲမွာ ႏွစ္သင္းစလုံးဟာ
ပုံမွန္ဝတ္ဆင္ေနက်ဂ်ာစီအေရာင္မဟုတ္ဘဲ အေဝးကြင္းဂ်ာစီေတြဝတ္ဆင္ကစားခဲ့လို႔
ပရိသတ္ေတြမေက်မနပ္ျဖစ္ေနၾကပါတယ္။
El Clasico ပြဲတိုင္းမွာ ရီးယဲလ္နဲ႔ဘာစီလိုနာတို႔ဟာ ဘာေနဗ်ဴးမွာျဖစ္ေစ၊
ႏူးကမ့္မွာပဲျဖစ္ေစ သူတို႔ရဲ႕အိမ္ကြင္းဂ်ာစီကိုဝတ္ဆင္ကစားေလ့ရွိၿပီး
အခုပြဲမွထူးထူးျခားျခား အိမ္ရွင္ရီးယဲလ္အသင္းက အမည္းေရာင္၊
ဘာစီလိုနာအသင္းက အဝါေရာင္အစင္းၾကားဂ်ာစီေတြဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
ရီးယဲလ္အသင္းဟာ ကလပ္အသင္းတည္ေထာင္တဲ့ ႏွစ္(၁၂၀)ျပည့္အထိမ္းအမွတ္၊
သူတို႔ရဲ႕ဂ်ာစီစပြန္ဆာကုမၸဏီျဖစ္တဲ့ Adidas နဲ႔ Y3 တို႔ရဲ႕
ႏွစ္(၂၀)ေျမာက္အထိမ္းအမွတ္ေတြအျဖစ္ ဂ်ာစီအမည္းေရာင္ကို ဝတ္ဆင္ကစားခဲ့တာပါ။
ရီးယဲလ္အသင္းက ဂ်ာစီအမည္းေရာင္ဝတ္ဆင္တာေၾကာင့္
ဘာစီလိုနာအသင္းဟာ သူတို႔ပုံမွန္ဂ်ာစီျဖစ္တဲ့
အညိဳေရာအၾကားကိုဝတ္ဆင္လို႔မရေတာ့ဘဲ
အေဝးကြင္းဂ်ာစီနဲ႔ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။
ပရိသတ္ေတြကေတာ့ El Clasico ပြဲမွာ ပုံမွန္ျမင္ေနက်မဟုတ္တဲ့
ဂ်ာစီအေရာင္ေတြနဲ႔ကစားခဲ့လို႔ စိတ္ပ်က္ေနၿပီး အြန္လိုင္းေပၚမွာ
‘El Clasico ပြဲရဲ႕ အစဥ္အလာျဖစ္တဲ့ ရီးယဲလ္အသင္းက အျဖဴေရာင္၊
ဘာစီလိုနာအသင္းက အနီနဲ႔အျပာဂ်ာစီေတြ မဝတ္တာအံ့အားသင့္ဖို႔ေကာင္းပါတယ္’၊
‘ႏွစ္သင္းစလုံးက စိတ္ပ်က္စရာေကာင္းတဲ့ ဝတ္စုံေတြဝတ္ဆင္ခဲ့ပါတယ္။
El Clasico ပြဲမွာ အစဥ္အလာဂ်ာစီေတြကို
တန္ဖိုးထားမႈနည္းလာၿပီနဲ႔တူတယ္’လို႔ေရးသားေဝဖန္ခဲ့ၾကပါတယ္။