Golden Boy 2020 ဆုကို ဟာလန်းဆွတ်ခူးပြီးချိန်မှာ ဒေါ့မန်ပရိသတ်တွေ စိတ်အေးစေမယ့်စကားကိုပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မန်နဲ့ နော်ဝေ တိုက်စစ်မှူးဖြစ်တဲ့ အာလင်းဟာလန်းဟာ ၂၀၂၀ အတွက်ပေးအပ်တဲ့ Golden Boy ဆုကိုဆွတ်ခူးသွားခဲ့ကြောင်းသိရပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ဟာလန်းဟာ ဘာစီလိုနာက အန်ဆုဖာတီ၊ ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆိုဒါးဗီးစ် တို့ကိုကျော်ဖြတ်ပြီးဆုရခဲ့တာပါ။ ဖာတီနဲ့ ဒါးဗီးစ်တို့ဟာ ဒုတိယနဲ့ တတိယနေရာတွေမှာရပ်တည်ခဲ့ကြပါတယ်။

အင်္ဂလန်သားတွေထဲမှတော့ ဒေါ့မန်ကဆန်ချိုက အဆင့် ၄ ၊ မန်စီးတီးက ဖီးလ်ဖိုဒန်ကအဆင့် ၇ တို့မှာရပ်တည်ခဲ့ကြပါတယ်။ ဒီဆုအတွက်အစဉ်လိုက်ရပ်တည်မှုကို ကြည့်မယ်ဆိုရင် ဟာလန်း၊ ဖာတီ၊ ဒါးဗီးစ်၊ ဆန်ချို၊ ရန်းနက်စ်က ကာမာဗင်ဂါ၊ ဂျူဗင်တပ်က ကူလူဗက်စကီး၊ ဖိုလ်ဒန်၊ ဆဲလ်ဘတ်က ဒိုမင်နစ်ဇိုဘော့စ်ဇလိုင်၊ အာဆင်နယ်က ဆာကာ နဲ့ ရီးရဲလ်က ဗီနီစီးယက်စ် တို့ဖြစ်ပါတယ်။

ဒီဆုအတွက်၂၀၂၀ အတွင်းဥရောပလိဂ်အသီးသီးမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၂၁ နှစ်အောက်ကစားသမားတွေထဲကနေ ခြေစွမ်းအပြနိုင်ဆုံးသူကို ဂျာနယ်လစ်တွေက ရွေးချယ်ပေးရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဒေါ့မန်ကိုပြောင်းလာခဲ့တဲ့ ဟာလန်းဟာ သူ့အသင်းအတွက် (၃၂) ပွဲသာကစားရသေးပေမယ့် (၃၃) ဂိုအထိသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

သူဟာ ဆဲလ်ဘတ်မှာရှိနေတုန်းကလည်း ၂၉ ဂိုး သွင်းယူခဲ့သူပါ။ သူ့အတွက်ဒေါ့မန်ကပေးရတဲ့ တန်ကြေးက တရားဝင်ဖော်ပြမှုမှာ ပေါင် ၁၇.၁ သန်းလို့ဆိုပေမယ့် လက်မှတ် ထိုးကြေးတွေ၊ အေးဂျင့်ကြေးတွေကြောင့် ဒီ့ထက်အများကြီးပိုလိမ့်မယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ အတွက်ဒီဆုကိုရခဲ့တဲ့သူ က ဂျာအိုဖိလစ် ဖြစ်ပါတယ်။ ဆုကိုလက်ခံရယူပြီးနောက် ဟာလန်းက ဂုဏ်ယူစရာ ကောင်းပါတယ် လို့ဘဲ တိုတိုတုတ်တုတ်ရေးသားခဲ့ပြီး တွစ်တာပေါ်မှာဖော်ပြခဲ့ပါတယ်။ သူ့ဖခင် အင်ဂီဟာလန်းကတော့ ”ဂုဏ်ယူစရာပါသားရေ။ မင်းနဲ့အတူရှိနေရတာ သိပ်ကိုကောင်းပါတယ်” လို့ သူတို့သားအဖတွဲရိုက်ထားတဲ့ပုံနဲ့ တွစ်တာပေါ်မှာဖော်ပြခဲ့ပါတယ်။

သူဆုရယူပြီးချိန်မှာ သူ့အေးဂျင့် ရွိုင်အိုလာကို ဟာလန်းကဂုဏ်ပြုခဲ့ပြီး အေးဂျင့်တွေထဲမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ရွိုင်အိုလာဟာလည်း ပြီးခဲ့တဲ့ ၂၀၂၀ အတွင် ဥရောပရဲ့အကောင်းဆုံးအေးဂျင့်ဆု ကိုရရှိခဲ့တာပါ။ ဟာလန်းက” ရွိုင်အိုလာဟာ ကမ္ဘာ့အကောင်းဆုံးအေးဂျင့်ပါ။ ကျွန်တော့်ကိုလည်းအများကြီးကူညီပေးခဲ့ပါတယ်။ သူနဲ့ဆက်လက် လက်တွဲသွားမှာပါ” လို့ပြောသွားပါတယ်။

ဟာလန်းကို ဆုယူအပြီမှား ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့နိုင်ခြေရှိတယ်ဆိုပြီးထွက်ပေါ်နေတဲ့သတင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း သူ့အနေနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကစားဖို့နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ပြောကြားခဲ့ခြင်းမရှိကြောင်းနဲ့ ဒေါ့မွန်မှာ ပျော်ရွှင်နေပြီး အသင်းမှာဆက်လက်ရှိနေအုံးမှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Golden Boy 2020 ဆုကို ဟာလန္းဆြတ္ခူးၿပီးခ်ိန္မွာ ေဒါ့မန္ပရိသတ္ေတြ စိတ္ေအးေစမယ့္စကားကိုေျပာၾကားခဲ့ပါတယ္။

ေဒါ့မန္နဲ႔ ေနာ္ေဝ တိုက္စစ္မႉးျဖစ္တဲ့ အာလင္းဟာလန္းဟာ ၂၀၂၀ အတြက္ေပးအပ္တဲ့ Golden Boy ဆုကိုဆြတ္ခူးသြားခဲ့ေၾကာင္းသိရပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ ဟာလန္းဟာ ဘာစီလိုနာက အန္ဆုဖာတီ၊ ဘိုင္ယန္ျမဴးနစ္က အယ္လ္ဖြန္ဆိုဒါးဗီးစ္ တို႔ကိုေက်ာ္ျဖတ္ၿပီးဆုရခဲ့တာပါ။ ဖာတီနဲ႔ ဒါးဗီးစ္တို႔ဟာ ဒုတိယနဲ႔ တတိယေနရာေတြမွာရပ္တည္ခဲ့ၾကပါတယ္။

အဂၤလန္သားေတြထဲမွေတာ့ ေဒါ့မန္ကဆန္ခ်ိဳက အဆင့္ ၄ ၊ မန္စီးတီးက ဖီးလ္ဖိုဒန္ကအဆင့္ ၇ တို႔မွာရပ္တည္ခဲ့ၾကပါတယ္။ ဒီဆုအတြက္အစဥ္လိုက္ရပ္တည္မႈကို ၾကည့္မယ္ဆိုရင္ ဟာလန္း၊ ဖာတီ၊ ဒါးဗီးစ္၊ ဆန္ခ်ိဳ၊ ရန္းနက္စ္က ကာမာဗင္ဂါ၊ ဂ်ဴဗင္တပ္က ကူလူဗက္စကီး၊ ဖိုလ္ဒန္၊ ဆဲလ္ဘတ္က ဒိုမင္နစ္ဇိုေဘာ့စ္ဇလိုင္၊ အာဆင္နယ္က ဆာကာ နဲ႔ ရီးရဲလ္က ဗီနီစီးယက္စ္ တို႔ျဖစ္ပါတယ္။

ဒီဆုအတြက္၂၀၂၀ အတြင္းဥေရာပလိဂ္အသီးသီးမွာ ေျခစြမ္းျပခဲ့တဲ့ အသက္ ၂၁ ႏွစ္ေအာက္ကစားသမားေတြထဲကေန ေျခစြမ္းအျပႏိုင္ဆုံးသူကို ဂ်ာနယ္လစ္ေတြက ေ႐ြးခ်ယ္ေပးရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီကမွ ေဒါ့မန္ကိုေျပာင္းလာခဲ့တဲ့ ဟာလန္းဟာ သူ႔အသင္းအတြက္ ၂၉ ပြဲသာကစားရေသးေပမယ့္ ၂၇ ဂိုအထိသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

သူဟာ ဆဲလ္ဘတ္မွာရွိေနတုန္းကလည္း ၂၈ ဂိုး သြင္းယူခဲ့သူပါ။ သူ႔အတြက္ေဒါ့မန္ကေပးရတဲ့ တန္ေၾကးက တရားဝင္ေဖာ္ျပမႈမွာ ေပါင္ ၁၇.၁ သန္းလို႔ဆိုေပမယ့္ လက္မွတ္ ထိုးေၾကးေတြ၊ ေအးဂ်င့္ေၾကးေတြေၾကာင့္ ဒီ့ထက္အမ်ားႀကီးပိုလိမ့္မယ္လို႔ ဆိုၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ အတြက္ဒီဆုကိုရခဲ့တဲ့သူ က ဂ်ာအိုဖိလစ္ ျဖစ္ပါတယ္။ ဆုကိုလက္ခံရယူၿပီးေနာက္ ဟာလန္းက ဂုဏ္ယူစရာ ေကာင္းပါတယ္ လို႔ဘဲ တိုတိုတုတ္တုတ္ေရးသားခဲ့ၿပီး တြစ္တာေပၚမွာေဖာ္ျပခဲ့ပါတယ္။ သူ႔ဖခင္ အင္ဂီဟာလန္းကေတာ့ ”ဂုဏ္ယူစရာပါသားေရ။ မင္းနဲ႔အတူရွိေနရတာ သိပ္ကိုေကာင္းပါတယ္” လို႔ သူတို႔သားအဖတြဲ႐ိုက္ထားတဲ့ပုံနဲ႔ တြစ္တာေပၚမွာေဖာ္ျပခဲ့ပါတယ္။

သူဆုရယူၿပီးခ်ိန္မွာ သူ႔ေအးဂ်င့္ ႐ြိဳင္အိုလာကို ဟာလန္းကဂုဏ္ျပဳခဲ့ၿပီး ေအးဂ်င့္ေတြထဲမွာ ကမာၻ႔အေကာင္းဆုံး ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ႐ြိဳင္အိုလာဟာလည္း ၿပီးခဲ့တဲ့ ၂၀၂၀ အတြင္ ဥေရာပရဲ႕အေကာင္းဆုံးေအးဂ်င့္ဆု ကိုရရွိခဲ့တာပါ။ ဟာလန္းက” ႐ြိဳင္အိုလာဟာ ကမာၻ႔အေကာင္းဆုံးေအးဂ်င့္ပါ။ ကြၽန္ေတာ့္ကိုလည္းအမ်ားႀကီးကူညီေပးခဲ့ပါတယ္။ သူနဲ႔ဆက္လက္ လက္တြဲသြားမွာပါ” လို႔ေျပာသြားပါတယ္။

ဟာလန္းကို ဆုယူအၿပီမွား ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္ဆိုၿပီးထြက္ေပၚေနတဲ့သတင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာလည္း သူ႕အေနနဲ႕ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔နဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ ေျပာၾကားခဲ့ျခင္းမရွိေၾကာင္းနဲ႔ ေဒါ့မြန္မွာ ေပ်ာ္႐ႊင္ေနၿပီး အသင္းမွာဆက္လက္ရွိေနအံုးမွာျဖစ္ေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။