Good Bye ဖိုဆူမန်ဆာ….ဆိုးလ်ရှားကတော့ ထွက်မယ်လို့ အတည်ပြုလိုက်ပါပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အခုလထဲမှာပဲ နောက်ခံလူ တီမိုသီဖိုဆူမန်ဆာကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ နယ်သာလန်သားဟာ ၂၀၁၄ ခုနှစ်က အေဂျက်စ်အကယ်ဒမီကနေ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ဆာဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ မန်ဆာကတော့ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ ၅ နှစ်အတွင်းမှာ ၂၉ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

အဆိုပါအချိန်အတွင်းမှာ မန်ဆာတစ်ယောက် ပဲလေ့စ် နဲ့ ဖူလ်ဟမ်တို့ကို အငှားထွက်ကစားခဲ့ရတာဖြစ်ကာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်တာဝန်ရှိသူတွေက သင့်လျော်တဲ့ကမ်းလှမ်းမှုရှိလာခဲ့ရင် အပြီးသတ်ထွက်ခွာခွင့်ပြုဖွယ်ရှိနေပါတယ်။

“တီမိုတစ်ယောက် ဒီမှာဆက်ရှိမလား မရှိဘူးလားဆိုတာ မသေချာသေးပါဘူး။ သူ့မှာရွေးချယ်ခွင့်ရှိနေပါတယ်။ သူပွဲထွက်ခွင့်လုံလုံလောက်လောက်မရတာကြောင့် ဇန်နဝါရီမှာ အသင်းကနေထွက်ခွာချင်နေပါတယ်။

အရည်အချင်းရှိတဲ့လူငယ်တွေကို နေရာမပေးနိုင်တာက အရမ်းကို ခက်ခဲပါတယ်။ သူ့အသက်အရွယ်နဲ့ ပွဲကစားချိန်လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ဇန်နဝါရီမှာလည်း အသင်းကနေ ထွက်ခွာသွားနိုင်သလို နွေရာသီမှလည်း ဖြစ်နိုင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

မန်ဆာရဲ့စာချုပ်သက်တမ်းက အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပြီး ဆိုးလ်ရှားကတော့ အခုလထဲမှာပဲ မလိုအပ်တဲ့ကစားသမားတွေကို ရှင်းထုတ်ပြီး အသင်းကိုပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

ဒါ့အပြင် ဆာဂျီယိုရိုမီယူ နဲ့ ရိုဂျိုတို့ကိုလည်း အခုအပြောင်းအရွှေ့မှာပဲ ရောင်းချသွားဖွယ်ရှိနေပါတယ်။ အိုင်ဟာလိုကတော့ အခုလထဲမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အသင်းကနေ မကြာခင်ထွက်ခွာဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အတ္တလန္တာလူငယ်တောင်ပံကစားသမား ဒီယာလိုကိုသာ ခေါ်ယူနိုင်ခဲ့ပြီး အသက် ၁၈ နှစ်သားအတွက် ယူနိုက်တက်ဟာ ပေါင် ၃၇ သန်းပေးချေခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Good Bye ဖိုဆူမန္ဆာ….ဆုိးလ္ရွားကေတာ့ ထြက္မယ္လို႔ အတည္ျပဳလိုက္ပါျပီ

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အခုလထဲမွာပဲ ေနာက္ခံလူ တီမိုသီဖိုဆူမန္ဆာကို အသင္းကေန ထြက္ခြာခြင့္ျပဳမယ္လို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။ နယ္သာလန္သားဟာ ၂၀၁၄ ခုႏွစ္က ေအဂ်က္စ္အကယ္ဒမီကေန ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ မန္ဆာဟာ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလက အာဆင္နယ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ လူစား၀င္ကစားသမားအျဖစ္ ပြဲဦးထြက္ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ မန္ဆာကေတာ့ ယူႏိုက္တက္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္မရခဲ့ဘဲ ၅ ႏွစ္အတြင္းမွာ ၂၉ ပြဲသာ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

အဆိုပါအခ်ိန္အတြင္းမွာ မန္ဆာတစ္ေယာက္ ပဲေလ့စ္ နဲ႔ ဖူလ္ဟမ္တို႔ကို အငွားထြက္ကစားခဲ့ရတာျဖစ္ကာ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္တာ၀န္ရွိသူေတြက သင့္ေလ်ာ္တဲ့ကမ္းလွမ္းမႈရွိလာခဲ့ရင္ အျပီးသတ္ထြက္ခြာခြင့္ျပဳဖြယ္ရွိေနပါတယ္။ “တီမိုတစ္ေယာက္ ဒီမွာဆက္ရွိမလား မရွိဘူးလားဆိုတာ မေသခ်ာေသးပါဘူး။ သူ႕မွာေရြးခ်ယ္ခြင့္ရွိေနပါတယ္။ သူပြဲထြက္ခြင့္လံုလံုေလာက္ေလာက္မရတာေၾကာင့္ ဇန္န၀ါရီမွာ အသင္းကေနထြက္ခြာခ်င္ေနပါတယ္။ အရည္အခ်င္းရွိတဲ့လူငယ္ေတြကို ေနရာမေပးႏိုင္တာက အရမ္းကို ခက္ခဲပါတယ္။ သူ႕အသက္အရြယ္နဲ႔ ပြဲကစားခ်ိန္လိုအပ္တယ္ဆိုတာ နားလည္ပါတယ္။

ဇန္န၀ါရီမွာလည္း အသင္းကေန ထြက္ခြာသြားႏုိင္သလို ေႏြရာသီမွလည္း ျဖစ္ႏိုင္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ မန္ဆာရဲ႕စာခ်ဳပ္သက္တမ္းက အခုရာသီအကုန္မွာကုန္ဆံုးမွာျဖစ္ျပီး ဆိုးလ္ရွားကေတာ့ အခုလထဲမွာပဲ မလိုအပ္တဲ့ကစားသမားေတြကို ရွင္းထုတ္ျပီး အသင္းကိုျပန္လည္တည္ေဆာက္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒါ့အျပင္ ဆာဂ်ီယိုရုိမီယူ နဲ႔ ရိုဂ်ိဳတို႔ကိုလည္း အခုအေျပာင္းအေရႊ႕မွာပဲ ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။ အိုင္ဟာလိုကေတာ့ အခုလထဲမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္တာေၾကာင့္ အသင္းကေန မၾကာခင္ထြက္ခြာဖြယ္ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အတၱလႏၱာလူငယ္ေတာင္ပံကစားသမား ဒီယာလိုကိုသာ ေခၚယူႏုိင္ခဲ့ျပီး အသက္ ၁၈ ႏွစ္သားအတြက္ ယူႏိုက္တက္ဟာ ေပါင္ ၃၇ သန္းေပးေခ်ခဲ့ရပါတယ္။