Happy Boxing dayပါ အာဆင်နယ်ဖန်တို့ရေ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်း ကို သုံးဂိုး တစ်ဂိုးနဲ့အနိုင်ယူပြီး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့် နိုင်ခဲ့ပါပြီ။ အာဆင်နယ်အသင်းကို အားပေးကြတဲ့ပရိသတ်တွေအတွက်ကတော့ ဒီ Boxing day နေ့ဟာ ပျော်ရွှင်စရာကောင်းတဲ့ညတစ်ညဖြစ်ခဲ့ပါပြီ။

ပရီးမီးယားလိဂ်မှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ရပြီး ရလဒ်တွေ အလွန်ဆိုးရွားနေတဲ့ အာတီတာရဲ့ အာဆင်နယ်ကတော့ စမစ်ရို ၊ တီယာနေး ၊ မာတီနယ်လီ ၊ ဇာခါ တို့ တွေခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပြိုင်ဘက် ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့ပြီး နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအစကတည်းကတိုက်စစ်ဆင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပွဲချိန်(၃၅)မိနစ်မှာ တီယာနေးကြောင့်ရတဲ့ ပင်နယ်တီကို လာကာဇက်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး အာဆင်နယ်အသင်းအတွက်ဦးဆောင်ဂိုးကိုရယူသွားနိုင်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာ ၄၃ မိနစ်မှာ ဖရီးကစ်ကနေ ဇာခါ ရဲ့သွင်းဂိုးကြောင့် ပထမပိုင်းမှာ (၂-ဝ)နဲ့ ဦးဆောင်သွားခဲ့ပါတယ်။

ဇာခါ ရဲ့ဖရီးကစ်ကနေဂိုးထဲကို တိုက်ရိုက်သွင်းယူခဲ့တဲ့ဂိုးဟာ ၂၀၀၄ခုနှစ်က သီယာရီအွန်နရီရဲ့နောက်ပိုင်းမှာ ပထမဆုံးချဲလ်ဆီးအသင်းရဲ့ဂိုးပေါက်ထဲကို ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲစပြီး ၁၀မိနစ်အကြာမှာတော့ အာဆင်နယ်အသင်းအတွက်တတိယဂိုးကို ဆာကာက ဒီပွဲရဲ့ သွင်းဂိုးတွေထဲမှာ အလှပဆုံးသွင်းဂိုးဖြစ်တဲ့ဂိုးအဖြစ် သွင်းယူသွားခဲ့ပါတယ်။

ဆာကာက ညာတောင်ပံကနေဂိုးဧရိယာထဲကိုဆွဲယူလာခဲ့ပြီး ချဲလ်ဆီးနောက်ခံလူတွေနဲ့ ဂိုးသမားမန်ဒီကို ကျော်ပြီး ဂိုးထဲကို ဝေ့ဝိုက်ပြီးကန်သွင်းသွားခဲ့ပါတယ်။

ဒီဂိုးကတော့ ဒီည ကစားခဲ့တဲ့ ပွဲတွေထဲက သွင်းဂိုးတွေထဲမှာ အလှပဆုံးသွင်းဂိုးတစ်ဂိုးဖြစ်မယ်ဆိုတာ သေချာပါတယ်။

ချဲလ်ဆီးအသင်းကတော့ မိနစ်(၈၀)ကျော်မှသာ ပွဲအတွင်း ပထမဆုံး ဂိုးပေါက်တည့်ကန်ချက်ကို ရရှိခဲ့ပါတယ်။

ပွဲချိန် (၈၅) မိနစ်မှာ အိုဒွိုင်းက ညာတောင်ပံကနေ ဂိုးရှေ့ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို အေဘရာဟမ်ရဲ့ ရင်ဘတ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ချဲလ်ဆီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပို (၁)မိနစ်မှာ အာဆင်နယ်အသင်းနောက်ခံလူက မေဆင်မောင့်ကို ပင်နယ်တီဧရိယာထဲမှာ ဘောလုံးလုရင်း လူချကစားခဲ့သလိုဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဒီပင်နယ်တီကို ချဲလ်ဆီးအသင်းအတွက် ဂျော်ဂျင်ဟိုကသွင်းယူခဲ့ပေမယ့် အာဆင်နယ်ဂိုးသမားကဖမ်းယူ သွားခဲ့တာကြောင့် နောက်ထပ်ချေပဂိုးတစ်ဂိုးရရှိမယ့် အနေအထားကနေဆုံးရှုံးခဲ့ရပါတယ်။

ကျန်ရှိနေတဲ့မိနစ်တွေမှာ နှစ်သင်းစလုံး နောက်ထပ်သွင်းဂိုးတွေမရရှိတော့ပဲ ပွဲအပြီးမှာ အာဆင်နယ်က (၃-၁)ဂိုးနဲ့ ချဲလ်ဆီးအသင်းကိုအနိုင်ရရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Happy Boxing dayပါ အာဆင္နယ္ဖန္တို႔ေရ….

အာဆင္နယ္ အသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီး အသင္း ကို သုံးဂိုး တစ္ဂိုးနဲ႔အႏိုင္ယူၿပီး ၇ ပြဲဆက္ ႏိုင္ပြဲ ေပ်ာက္ဆုံးမႈကို ရပ္တန႔္ ႏိုင္ခဲ့ပါၿပီ။ အာဆင္နယ္အသင္းကို အားေပးၾကတဲ့ပရိသတ္ေတြအတြက္ကေတာ့ ဒီ Boxing day ေန႔ဟာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ညတစ္ညျဖစ္ခဲ့ပါၿပီ။ ပရီးမီးယားလိဂ္မွာ (၇)ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးေနခဲ့ရၿပီး ရလဒ္ေတြ အလြန္ဆိုး႐ြားေနတဲ့ အာတီတာရဲ႕ အာဆင္နယ္ကေတာ့ စမစ္႐ို ၊ တီယာေနး ၊ မာတီနယ္လီ ၊ ဇာခါ တို႔ ေတြေျခစြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူခဲ့ၿပီး ႏိုင္ပြဲျပန္လည္ရွာေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအစကတည္းကတိုက္စစ္ဆင္ကစားခဲ့တဲ့ အာဆင္နယ္အသင္းဟာ ပြဲခ်ိန္(၃၅)မိနစ္မွာ တီယာေနးေၾကာင့္ရတဲ့ ပင္နယ္တီကို လာကာဇက္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ဦးေဆာင္ဂိုးကိုရယူသြားႏိုင္ခဲ့သလို ပထမပိုင္းၿပီးခါနီးမွာ ၄၃ မိနစ္မွာ ဖရီးကစ္ကေန ဇာခါ ရဲ႕သြင္းဂိုးေၾကာင့္ ပထမပိုင္းမွာ (၂-ဝ)နဲ႔ ဦးေဆာင္သြားခဲ့ပါတယ္။
ဇာခါ ရဲ႕ဖရီးကစ္ကေနဂိုးထဲကို တိုက္ရိုက္သြင္းယူခဲ့တဲ့ဂိုးဟာ ၂၀၀၄ခုႏွစ္က သီယာရီအြန္နရီရဲ႕ေနာက္ပိုင္းမွာ ပထမဆံုးခ်ဲလ္ဆီးအသင္းရဲ႕ဂိုးေပါက္ထဲကို ဖရီးကစ္ကေန တိုက္ရိုက္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲစၿပီး ၁၀မိနစ္အၾကာမွာေတာ့ အာဆင္နယ္အသင္းအတြက္တတိယဂိုးကို ဆာကာက ဒီပြဲရဲ႕ သြင္းဂိုးေတြထဲမွာ အလွပဆုံးသြင္းဂိုးျဖစ္တဲ့ဂိုးအျဖစ္ သြင္းယူသြားခဲ့ပါတယ္။ ဆာကာက ညာေတာင္ပံကေနဂိုးဧရိယာထဲကိုဆြဲယူလာခဲ့ၿပီး ခ်ဲလ္ဆီးေနာက္ခံလူေတြနဲ႔ ဂိုးသမားမန္ဒီကို ေက်ာ္ၿပီး ဂိုးထဲကို ေဝ့ဝိုက္ၿပီးကန္သြင္းသြားခဲ့ပါတယ္။ ဒီဂိုးကေတာ့ ဒီည ကစားခဲ့တဲ့ ပြဲေတြထဲက သြင္းဂိုးေတြထဲမွာ အလွပဆုံးသြင္းဂိုးတစ္ဂိုးျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ မိနစ္(၈၀)ေက်ာ္မွသာ ပြဲအတြင္း ပထမဆုံး ဂိုးေပါက္တည့္ကန္ခ်က္ကို ရရွိခဲ့ပါတယ္။ ပြဲခ်ိန္ (၈၅) မိနစ္မွာ အိုဒြိဳင္းက ညာေတာင္ပံကေန ဂိုးေရွ႕ ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ေအဘရာဟမ္ရဲ႕ ရင္ဘတ္နဲ႔ထိၿပီး ဂိုးဝင္သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီး အသင္းအတြက္ သြင္းဂိုးတစ္ဂိုးရရွိခဲ့ပါတယ္။ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပို (၁)မိနစ္မွာ အာဆင္နယ္အသင္းေနာက္ခံလူက ေမဆင္ေမာင့္ကို ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးလုရင္း လူခ်ကစားခဲ့သလိုျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က ပင္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ ဒီပင္နယ္တီကို ခ်ဲလ္ဆီးအသင္းအတြက္ ေဂ်ာ္ဂ်င္ဟိုကသြင္းယူခဲ့ေပမယ့္ အာဆင္နယ္ဂိုးသမားကဖမ္းယူ သြားခဲ့တာေၾကာင့္ ေနာက္ထပ္ေခ်ပဂိုးတစ္ဂိုးရရွိမယ့္ အေနအထားကေနဆုံးရႈံးခဲ့ရပါတယ္။ က်န္ရွိေနတဲ့မိနစ္ေတြမွာ ႏွစ္သင္းစလုံး ေနာက္ထပ္သြင္းဂိုးေတြမရရွိေတာ့ပဲ ပြဲအၿပီးမွာ အာဆင္နယ္က (၃-၁)ဂိုးနဲ႔ ခ်ဲလ္ဆီးအသင္းကိုအႏိုင္ရရွိသြားခဲ့ပါတယ္။