IFFHS ရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ဖန်တီးရှင်ဆုကို မက်ဆီ ရရှိ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
International Federation Of Football History & Statistics ( IFFHS ) ကနေ ပေးအပ်တဲ့ World’s Best Man Playmaker of the Decade 2011 – 2020 ဆုကို ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိခဲ့ပါတယ်။
လီယွန်နယ် မက်ဆီဟာ အဆိုပါ အကောင်းဆုံး ဖန်တီးရှင်ဆု ကို ၂၀၁၅ ၊ ၂၀၁၇ ၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွေမှာ ရရှိခဲ့ပြီး ၂၀၁၁ ၊ ၂၀၁၄ ၊ ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်တွေမှာ ဒုတိယနေရာ ရရှိခဲ့တဲ့အတွက် ယခုလို ဆယ်စုနှစ်ရဲ့ အကောင်းဆုံး playmaker အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီအနေနဲ့ အဆိုပါ ( ၁၀ ) နှစ်အတွင်းမှာ Ballond’Or ဆု ( ၄ ) ကြိမ် ရရှိခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ ဖလား ( ၆ ) ကြိမ် ၊ ကိုပါဒယ်ရေး ( ၅ ) ကြိမ် ၊ စပိန်စူပါဖလား ( ၄ ) ကြိမ် ၊ UEFA ချန်ပီယံလိဂ် ( ၂ ) ကြိမ် ၊ UEFA စူပါဖလား ( ၂ ) ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ( ၂ ) ကြိမ် သိမ်းပိုင်နိုင်ခဲ့ပါတယ်။
ဒုတိယနေရာမှာတော့ အဆိုပါ ဆုကို ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တွေမှာ ( ၂ ) ကြိမ်ရရှိထားတဲ့ အင်နီယေစတာ ၊ တတိယနေရာမှာတော့ ခရိုအေးရှား နှင့် ရီးရဲမက်ဒရစ် ဖန်တီးရှင် လူကာ မိုဒရစ် ( ၂၀၁၈ ဆုရှင် ) ၊ စတုတ္ထ နှင့် ပဉ္စမနေရာတွေကိုတော့ ကကီဗင် ဒီဘရိုင်း ( ၂၀၂၀ ဆုရှင် ) ၊ တိုနီခရုစ် ( ၂၀၁၄ ဆုရှင် ) တို့က အသီးသီး ရွေးချယ်ခံခဲ့ရပါတယ်။ Source ; IFFHS
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi