
အန်တိုနီယိုကွန်တီဟာLa Gazzetta dello Sport ကချီးမြှင့်တဲ့
စီးရီးအေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။
ကွန်တီဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကအင်တာမီလန်ကို
စီးရီးအေဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ကွန်တီဟာရာသီအကုန်တွင်အင်တာမီလန်နှင့်သဘောထားကွဲလွဲမှုဖြစ်ပြီးနောက်
ရာထူးမှထွက်ခွာခဲ့ပါတယ်။သူဟာအင်တာမီလန်မှထွက်ခွာပြီးနောက်
နိုဝင်ဘာလတွင်စပါးစ်အသင်းနည်းပြရာထူးကိုလက်ခံရယူခဲ့ပါတယ်။
သူ့ရဲ့စပါးစ်ဟာပရီးမီးယားလိဂ်မှာရှုံးပွဲမရှိသေးပါဘူး။
အန်တိုနီယိုကွန်တီဟာ ဆုရယူပြီးနောက် La Gazzetta dello Sport အင်တာဗျူး
ပြုလုပ်ခဲ့ပြီးယင်းအင်တာဗျူးတွင်စီးရီးအေနှင့်ပရီးမီးယားလိဂ်အကြား
ကွာဟမှုကိုပြောကြားသွားပါတယ်။
ကွန်တီက “အီတလီမှာကနည်းဗျူဟာတွေအများကြီးသုံးတယ်။
နည်းပြတိုင်းအကြီးအကျယ်ပြင်ဆင်ကြတယ်။ပရီးမီးယားလိဂ်မှာက
ပြိုင်ဆိုင်မှုပြင်းထန်လွန်းတယ်။နည်းဗျူဟာပိုင်းအာရုံစိုက်မှုတော့သိပ်မမြင့်ဘူး။
အင်္ဂလန်မှာက တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့တာများတယ်။
မိနစ်၆၀နောက်ပိုင်းမှာအပြောင်းအလဲကအရမ်းများတယ်။ဘယ်အသင်းမဆို
နောက်ကချခံရနိုင်တယ်။နှစ်ဦးထိပ်တိုက်တွေ့တာများတယ်။
ဒါလည်းကောင်းပါတယ်။ဒါပေမယ့်တခါတလေအီတလီမှာလို
ဖိအားမခံစားရဘူး။ဒီတော့တခါတလေမှာ
အာရုံစိုက်မှုနည်းသွားတတ်တယ်”လို့ပြောကြားသွားပါတယ်။
zawgyi
La Gazzetta dello Sportကခ်ီးျမႇင့္တဲ့ စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆု ကြန္တီဆြတ္ခူး
အန္တိုနီယိုကြန္တီဟာLa Gazzetta dello Sport ကခ်ီးျမႇင့္တဲ့
စီးရီးေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။
ကြန္တီဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကအင္တာမီလန္ကို
စီးရီးေအဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။
ကြန္တီဟာရာသီအကုန္တြင္အင္တာမီလန္ႏွင့္သေဘာထားကြဲလြဲမႈျဖစ္ၿပီးေနာက္
ရာထူးမွထြက္ခြာခဲ့ပါတယ္။သူဟာအင္တာမီလန္မွထြက္ခြာၿပီးေနာက္
ႏိုဝင္ဘာလတြင္စပါးစ္အသင္းနည္းျပရာထူးကိုလက္ခံရယူခဲ့ပါတယ္။
သူ႔ရဲ႕စပါးစ္ဟာပရီးမီးယားလိဂ္မွာရႈံးပြဲမရွိေသးပါဘူး။
အန္တိုနီယိုကြန္တီဟာ ဆုရယူၿပီးေနာက္ La Gazzetta dello Sport အင္တာဗ်ဴး
ျပဳလုပ္ခဲ့ၿပီးယင္းအင္တာဗ်ဴးတြင္စီးရီးေအႏွင့္ပရီးမီးယားလိဂ္အၾကား
ကြာဟမႈကိုေျပာၾကားသြားပါတယ္။
ကြန္တီက “အီတလီမွာကနည္းဗ်ဴဟာေတြအမ်ားႀကီးသုံးတယ္။
နည္းျပတိုင္းအႀကီးအက်ယ္ျပင္ဆင္ၾကတယ္။ပရီးမီးယားလိဂ္မွာက
ၿပိဳင္ဆိုင္မႈျပင္းထန္လြန္းတယ္။နည္းဗ်ဴဟာပိုင္းအာ႐ုံစိုက္မႈေတာ့သိပ္မျမင့္ဘူး။
အဂၤလန္မွာက တစ္ေယာက္နဲ႔တစ္ေယာက္ ထိပ္တိုက္ေတြ႕တာမ်ားတယ္။
မိနစ္၆၀ေနာက္ပိုင္းမွာအေျပာင္းအလဲကအရမ္းမ်ားတယ္။ဘယ္အသင္းမဆို
ေနာက္ကခ်ခံရႏိုင္တယ္။ႏွစ္ဦးထိပ္တိုက္ေတြ႕တာမ်ားတယ္။
ဒါလည္းေကာင္းပါတယ္။ဒါေပမယ့္တခါတေလအီတလီမွာလို
ဖိအားမခံစားရဘူး။ဒီေတာ့တခါတေလမွာ
အာ႐ုံစိုက္မႈနည္းသြားတတ္တယ္”လို႔ေျပာၾကားသြားပါတယ္။