လီယွန်နယ်မက်ဆီရဲ့ တကယ့်အမာခံပရိသတ်တစ်ဦးဟာမနေ့ညတုန်းက
လိုက်ဇစ်ကိုပီအက်စ်ဂျီက၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအာဂျင်တီးနားစူပါစတားရဲ့
အင်္ကျီရရှိဖို့အတွက်အစွမ်းကုန်ကြိုုးစားအားထုတ်မှုပြုလုပ်လာခဲ့ပါတယ်။
မိခင်နှင့်အတူ ပွဲလာကြည့်တဲ့လူငယ်ပရိသတ်တစ်ဦးဟာယင်းပွဲမှာ
အားလုံးအံ့ဩသင့်စေတဲ့ဆိုင်းဘုတ်ကြီးကိုင်ကာပွဲကြည့်နေခဲ့ပါတယ်။
ယင်းလူငယ်ရဲ့ဆိုင်းဘုတ်မှာ “Leo, give me your shirt. I give you my mum ” ဆိုပြီးရေးသားထားပါတယ်။
ယင်းလူငယ်ရဲ့ဓာတ်ပုံမှာဆိုရှယ်မီဒီယာတွင်ပြန့်နှံ့နေပြီး ပရိသတ်တစ်ဦးက
“တကယ့်ကို win-win ပဲဟေ့။သူ့အင်္ကျီလည်းရမယ်။သူ(မက်ဆီ)ကလည်း
မင်းအဖေဖြစ်လာမယ်။အဲဒါဆိုရင်မင်းအားလုံးရပြီပဲဟဟ”ဆိုပြီး ရေးသားသွားပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း “ဒီကလေးရဲ့အဖေ ဒီပွဲကို
တီဗွီကနေကြည့်နေရင်တော့လား”ဆိုပြီး ရေးသားသွားပါတယ်။
မက်ဆီဟာလိုက်ဇစ်အား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ
ပင်နယ်တီတစ်ဂိုးအပါအဝင်၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
zawgyi
“Leo, give me your shirt. I give you my mum ” ဆိုင်းဘုတ်ကိုင်ကာ မိခင်နှင့်အတူ ပွဲလာကြည့်တဲ့လူငယ်ပရိသတ်တစ်ဦး
အင်္ကျီရရှိဖို့အတွက်အစွမ်းကုန်ကြိုးစားအားထုတ်မှုပြုလုပ်လာခဲ့ပါတယ်။
“တကယ့်ကို win-win ပဲဟေ့။သူ့အင်္ကျီလည်းရမယ်။သူ(မက်ဆီ)ကလည်း