ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာဒူဘိုင်းရှိ
Madame Tussauds ပြတိုက်မှာဖယောင်းရုပ်ထုဖြင့်ပြုလုပ်ဂုဏ်ပြုခံရတဲ့နှစ်ဦး
တည်းသောဘောလုံးစတားများဖြစ်ပါတယ်။
Bluewaters Island မှာရှိတဲ့ယင်းပြတိုက်ကိုကြာသပတေးနေ့စတင်ဖွင့်လှစ်ခဲ့
တာဖြစ်ပြီးယင်းပြတိုက်မှာနာမည်ကျော်ပုဂ္ဂိုလ်ပေါင်း၆၀တို့ရဲ့လူအရွယ်အစား
ဖယောင်းပြတိုက်များကိုပြသထားပါတယ်။
ယင်းဖယောင်းရုပ်ထုများကို နာမည်ကျော်ပန်းပုပညာရှင်၂၀တို့က လန်ဒန်စတူ
ဒီယိုမှာခြောက်လကြာအချိန်ယူဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ဖယောင်းရုပ်တစ်ရုပ်ချင်းစီတိုင်းမှာလူသားဆံပင်ကိုပါအသုံးပြုထားပါတယ်။
ကံဆိုးတာကတော့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဖယောင်းရုပ်ထုမှာအင်္ကျီမှား
ဝတ်ဆင်ပေးထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ရုပ်ထုမှာမန်ချက်စတာယူနိုက်တက်အင်္ကျီမဝတ်ဆင်
ပေးထားဘဲဂျူဗင်တပ်အသင်းအင်္ကျီဘဲဝတ်ဆင်ထားပါတယ်။
တစ်ဖက်တွင်လီယွန်နယ်မက်ဆီကတော့ကလပ်သစ်ပီအက်စ်ဂျီအသင်းအင်္ကျီကို
ဝတ်ဆင်ထားပါတယ်။ဒါပေမယ့်မက်ဆီဟာလည်းသူ့ဖယောင်းရုပ်ကိုကျေနပ်မှာ
မဟုတ်ပါဘူး။
မက်ဆီရဲ့အရုပ်က eFootball Avatar နဲ့တူနေပါတယ်။
ယင်းပြတိုက်သစ်မှာအခြားအားကစားသမားများဖြစ် ဒေးဗစ်ဘက်ဟမ်း၊
မက်ဂရီဂေါ်၊ ဗစ်တာခိုလီ၊လီဝစ်ဟာမီတန်တို့ရဲ့ဖယောင်းရုပ်ထုကိုလည်း
ပြသထားပါတယ်။
Zawgyi
Madame Tussauds ပြတိုက်သစ်ရှိ ရော်နယ်ဒို ဖယောင်းရုပ်ထုတွင် အင်္ကျီမှားနေ
ဝတ်ဆင်ပေးထားပါတယ်။
ပြသထားပါတယ်။