Martial starts, Pogba benched နဲ့ ယူနိုက်တက်ရဲ့ဖြစ်နိုင်ဖွယ်လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ဟာ ယနေ့ညကစားမယ့် မန်စီးတီးနဲ့မန်ချက်စတာဒါဘီပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပြန်လည်ပါဝင်လာဖွယ်ရှိနေပြီး သူဟာ ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရသလို ကြားရက်အတွင်း လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အသင်းရဲ့လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြင်သစ်လက်ရွေးစင် မာရှယ်အနေနဲ့ ဂွါဒီယိုလာရဲ့အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ ပါဝင်ကစားခွင့်ရလိမ့်မယ်လို့ အတည်ပြုခဲ့ပြီး တခြားတိုက်စစ်မှူး ကာဗာနီကိုတော့ နောက်ဆုံးအချိန်ထိ ကြံ့ခိုင်မှုကို စစ်ဆေးသွားဖွယ်ရှိနေပါတယ်။

”မာရှယ်ကတော့ သေချာပေါက်ပါဝင်လာမှာဖြစ်ပြီး ကာဗာနီက ပြန်ကစားနိုင်ဖို့ အခြေအနေကောင်းနေပြီဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ နောက်ဆုံးအချိန်ထိ သူ့အခြေအနေကို စောင့်ကြည့်လိုပါသေးတယ်”လို့ ဆိုးလ်ရှားက အတည်ပြုပါတယ်။

လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသမား ဒီဂီယာ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စပိန်ဂိုးသမားကို ကာကွယ်သွားခဲ့ရာ ဒီဂီယာအနေနဲ့ ဒင်းဟန်ဒါဆန်ကိုကျော်ဖြတ်ကာ ဦးစားပေးဂိုးသမားအဖြစ် ပါဝင်လာနိုင်ပါတယ်။

”ဒီဂီယာဟာ အရင်တုန်းကလည်း ဝေဖန်မှုတွေကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူက အသင်းရဲ့အားကိုးခံရတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဝေဖန်မှုတွေက သူ့ရဲ့လက်စွမ်းကို မထိခိုက်စေဖို့လည်း မျှော်လင့်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

ယူနိုက်တက်ဟာ ဘယ်နောက်ခံလူအဖြစ် တယ်လက်စ်ရဲ့နေရာမှာ လုခ်ရှောကို ပြန်သုံးလာနိုင်ပြီး လုခ်ရှောက လိုက်ပ်ဇစ်နဲ့ပွဲမှာ ခံစစ် ၃ယောက်တန်းအဖြစ် ဗဟိုခံစစ်မှာ ကစားခဲ့ပေမယ့် ဒီပွဲမှာတော့ သူ့စိတ်ကြိုက် ဘယ်နောက်ခံလူအဖြစ် ပါဝင်လာနိုင်ပါတယ်။

ဗဟိုကွင်းလယ်ပိုင်းမှာ ဆိုးလ်ရှားအနေနဲ့ သူယုံကြည်တဲ့ ဖရက်ဒ်နဲ့မက်တိုမီနေးအတွဲကိုပဲ ထုတ်သုံးလာဖို့များပြီး ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ်တို့က အရန်စာရင်းမှာပဲ ပါဝင်လာနိုင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်လာနိုင်ပါတယ်။

တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ ပွဲထွက်ခွင့်ရနိုင်ပြီး ယူနိုက်တက်အနေနဲ့ ၄-၂-၃-၁ ပုံစံအသုံးပြုလာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Martial starts, Pogba benched နဲ႔ ယူႏိုက္တက္ရဲ႕ျဖစ္ႏိုင္ဖြယ္လူစာရင္း

ယူႏိုက္တက္တိုက္စစ္မႉး မာရွယ္ဟာ ယေန႔ညကစားမယ့္ မန္စီးတီးနဲ႔မန္ခ်က္စတာဒါဘီပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ျပန္လည္ပါဝင္လာဖြယ္ရွိေနၿပီး သူဟာ ဝက္စ္ဟမ္းကိုအႏိုင္ရခဲ့တဲ့ပြဲမွာ လူစားလဲခံခဲ့ရသလို ၾကားရက္အတြင္း လိုက္ပ္ဇစ္ကို အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း အသင္းရဲ႕လူစာရင္းမွာ မပါဝင္ခဲ့ပါဘူး။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ျပင္သစ္လက္ေ႐ြးစင္ မာရွယ္ အ ေနနဲ႔ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ရင္ဆိုင္ရမယ့္ပြဲမွာ ပါဝင္ကစားခြင့္ရလိမ့္မယ္လို႔ အတည္ျပဳခဲ့ၿပီး တျခားတိုက္စစ္မႉး ကာဗာနီကိုေတာ့ ေနာက္ဆုံးအခ်ိန္ထိ ႀကံ့ခိုင္မႈကို စစ္ေဆးသြားဖြယ္ရွိေနပါတယ္။

”မာရွယ္ကေတာ့ ေသခ်ာေပါက္ပါဝင္လာမွာျဖစ္ၿပီး ကာဗာနီက ျပန္ကစားႏိုင္ဖို႔ အေျခအေနေကာင္းေနၿပီျဖစ္ေပမယ့္ ကြၽန္ေတာ့္အေနနဲ႔ ေနာက္ဆုံးအခ်ိန္ထိ သူ႔အေျခအေနကို ေစာင့္ၾကည့္လိုပါေသးတယ္”လို႔ ဆိုးလ္ရွားက အတည္ျပဳပါတယ္။ လိုက္ပ္ဇစ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဂိုးသမား ဒီဂီယာ ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ ဆိုးလ္ရွားကေတာ့ ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ စပိန္ဂိုးသမားကို ကာကြယ္သြားခဲ့ရာ ဒီဂီယာအေနနဲ႔ ဒင္းဟန္ဒါဆန္ကိုေက်ာ္ျဖတ္ကာ ဦးစားေပးဂိုးသမားအျဖစ္ ပါဝင္လာႏိုင္ပါတယ္။

”ဒီဂီယာဟာ အရင္တုန္းကလည္း ေဝဖန္မႈေတြကေန အေကာင္းဆုံးျပန္လာႏိုင္ခဲ့ၿပီး ေကာင္းေကာင္းေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ သူက အသင္းရဲ႕အားကိုးခံရတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ေဝဖန္မႈေတြက သူ႔ရဲ႕လက္စြမ္းကို မထိခိုက္ေစဖို႔လည္း ေမွ်ာ္လင့္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

ယူႏိုက္တက္ဟာ ဘယ္ေနာက္ခံလူအျဖစ္ တယ္လက္စ္ရဲ႕ေနရာမွာ လုခ္ေရွာကို ျပန္သုံးလာႏိုင္ၿပီး လုခ္ေရွာက လိုက္ပ္ဇစ္နဲ႔ပြဲမွာ ခံစစ္ ၃ေယာက္တန္းအျဖစ္ ဗဟိုခံစစ္မွာ ကစားခဲ့ေပမယ့္ ဒီပြဲမွာေတာ့ သူ႔စိတ္ႀကိဳက္ ဘယ္ေနာက္ခံလူအျဖစ္ ပါဝင္လာႏိုင္ပါတယ္။

ဗဟိုကြင္းလယ္ပိုင္းမွာ ဆိုးလ္ရွားအေနနဲ႔ သူယုံၾကည္တဲ့ ဖရက္ဒ္နဲ႔မက္တိုမီေနးအတြဲကိုပဲ ထုတ္သုံးလာဖို႔မ်ားၿပီး ေပါ့ဂ္ဘာနဲ႔ ဗန္ဒီဘိခ္တို႔က အရန္စာရင္းမွာပဲ ပါဝင္လာႏိုင္ေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ ကြင္းလယ္တိုက္စစ္ေနရာမွာ ပါဝင္လာႏိုင္ပါတယ္။ တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔ မာရွယ္တို႔ ပြဲထြက္ခြင့္ရႏိုင္ၿပီး ယူႏိုက္တက္အေနနဲ႔ ၄-၂-၃-၁ ပုံစံအသုံးျပဳလာႏိုင္ပါတယ္။