Master Plan အောင်မြင်တော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာအိုးထရက်ဖို့ဒ်ကွင်းအား

တိုးချဲ့တည်ဆောက်မှုပြုလုပ်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းအား

လက်ရှိပရိသတ် ၇၄၁၄၀ ဦးဆန့်ရာမှာ ပရိသတ် ၈၀၀၀၀ နီးပါးဆန့်ကွင်းအဖြစ်

တိုးချဲ့တည်ဆောက်ရန် Master Plan ချထားတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာကွင်းကိုတိုးချဲ့တည်ဆောက်ရေးအတွက်

လျှောက်ထားမှုများစွာရရှိထားပြီးဖြစ်ကာ ယခုအခါ မဝေးတော့တဲ့ကာလအတွင်းတွင်

တိုးချဲ့တည်ဆောက်မှုပြုလုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာကွင်းကိုတိုးချဲ့တည်ဆောက်ရေးအတွက်

အင်ဂျင်နီယာကုမ္ပဏီများစွာဆွေးနွေးမှုများစွာပြုလုပ်ထားပြီးဖြစ်သလို

တချို့ကုမ္ပဏီတို့ရဲ့အစီအစဉ်ကစိတ်လှုပ်ရှားအလွန်ကောင်းတာတွေ့ရပါတယ်။

အင်ဂျင်နီယာကုမ္ပဏီတစ်ခုရဲ့လျှောက်ထားမှုက အလွန်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

တောင်ပိုင်းပွဲကြည့်စင်ကို လက်ရှိအနေအထားကို

ဆက်ထိန်းပြီးနည်းပညာအသုံးပြုပြီးတိုးချဲ့တည်ဆောက်ရန်

လျှောက်ထားလာတာဖြစ်ပါတယ်။တောင်ပိုင်းပွဲကြည့်စင်နောက်တွင်

မီးရထားလမ်းရှိနေမှုနဲ့အတူ ယူနိုက်တက်ဟာယင်းပွဲကြည့်စင်ကို

တိုးချဲ့တည်ဆောက်ရန်ခက်ခဲမှုများစွာရှိခဲ့ပါတယ်။

ဒါပေမဲ့ဆန်းသစ်နည်းပညာကြောင့် ယူနိုက်တက်အတွက်

ယင်းပွဲကြည့်စင်ကို တိုးချဲ့တည်ဆောက်ရန်

ပြဿနာရှိလာတော့မှာမဟုတ်ပါဘူး။နည်းပညာသစ်ကြောင့်

ယူနိုက်တက်အနေဖြင့်ကွင်းကိုခေတ္တာပိတ်ထားရန်မလိုဘဲတည်ဆောက်နိုင်ပါမယ်။

တစ်ဖက်တွင် ယူနိုက်တက်ဟာအိုးထရက်ဖို့ဒ်ကွင်းကိုတိုးချဲ့တည်ဆောက်ရန်

စီစဉ်နေသလို ကာရင်တန်လေ့ကျင့်ရေးကွင်းကိုလည်း

ကမ္ဘာ့အကောင်းဆုံးလေ့ကျင့်ရေးကွင်းအဖြစ်

ပြောင်းလဲတည်ဆောက်ရန် စီစဉ်နေပါတယ်။

zawgyi

Master Plan ေအာင္ျမင္ေတာ့မယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာအိုးထရက္ဖို႔ဒ္ကြင္းအား

တိုးခ်ဲ႕တည္ေဆာက္မႈျပဳလုပ္ဖို႔ တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္ကြင္းအား

လက္ရွိပရိသတ္ ၇၄၁၄၀ ဦးဆန႔္ရာမွာ ပရိသတ္ ၈၀၀၀၀ နီးပါးဆန႔္ကြင္းအျဖစ္

တိုးခ်ဲ႕တည္ေဆာက္ရန္ Master Plan ခ်ထားတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာကြင္းကိုတိုးခ်ဲ႕တည္ေဆာက္ေရးအတြက္

ေလွ်ာက္ထားမႈမ်ားစြာရရွိထားၿပီးျဖစ္ကာ ယခုအခါ မေဝးေတာ့တဲ့ကာလအတြင္းတြင္

တိုးခ်ဲ႕တည္ေဆာက္မႈျပဳလုပ္သြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာကြင္းကိုတိုးခ်ဲ႕တည္ေဆာက္ေရးအတြက္

အင္ဂ်င္နီယာကုမၸဏီမ်ားစြာေဆြးေႏြးမႈမ်ားစြာျပဳလုပ္ထားၿပီးျဖစ္သလို

တခ်ိဳ႕ကုမၸဏီတို႔ရဲ႕အစီအစဥ္ကစိတ္လႈပ္ရွားအလြန္ေကာင္းတာေတြ႕ရပါတယ္။

အင္ဂ်င္နီယာကုမၸဏီတစ္ခုရဲ႕ေလွ်ာက္ထားမႈက အလြန္စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

ေတာင္ပိုင္းပြဲၾကည့္စင္ကို လက္ရွိအေနအထားကို

ဆက္ထိန္းၿပီးနည္းပညာအသုံးျပဳၿပီးတိုးခ်ဲ႕တည္ေဆာက္ရန္

ေလွ်ာက္ထားလာတာျဖစ္ပါတယ္။ေတာင္ပိုင္းပြဲၾကည့္စင္ေနာက္တြင္

မီးရထားလမ္းရွိေနမႈနဲ႔အတူ ယူႏိုက္တက္ဟာယင္းပြဲၾကည့္စင္ကို

တိုးခ်ဲ႕တည္ေဆာက္ရန္ခက္ခဲမႈမ်ားစြာရွိခဲ့ပါတယ္။ဒါေပမဲ့ဆန္းသစ္နည္းပညာေၾကာင့္

ယူႏိုက္တက္အတြက္ ယင္းပြဲၾကည့္စင္ကို တိုးခ်ဲ႕တည္ေဆာက္ရန္

ျပႆနာရွိလာေတာ့မွာမဟုတ္ပါဘူး။နည္းပညာသစ္ေၾကာင့္

ယူႏိုက္တက္အေနျဖင့္ကြင္းကိုေခတၱာပိတ္ထားရန္မလိုဘဲတည္ေဆာက္ႏိုင္ပါမယ္။

တစ္ဖက္တြင္ ယူႏိုက္တက္ဟာအိုးထရက္ဖို႔ဒ္ကြင္းကိုတိုးခ်ဲ႕တည္ေဆာက္ရန္

စီစဥ္ေနသလို ကာရင္တန္ေလ့က်င့္ေရးကြင္းကိုလည္း

ကမာၻ႔အေကာင္းဆုံးေလ့က်င့္ေရးကြင္းအျဖစ္

ေျပာင္းလဲတည္ေဆာက္ရန္ စီစဥ္ေနပါတယ္။