Messi’s back! ဆိုးရွားတဲ့ ၂၀၂၀ ကို အမြန်ဆုံးမေ့ပြီး နှစ်သစ်ကို စိတ်သစ်၊ လူသစ်နဲ့ ကြိုဆိုနေတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ အတွင်း အမေရိကန်မှာဖြစ်ပွားနေတဲ့ ကိစ္စတွေက ၂၀၂၀ လိုပဲ ထူးဆန်းစရာတွေနဲ့ပြည့်နှက်နေပေမယ့် လာလီဂါမှာတော့ ပုံမှန်အခြေအနေတွေက ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပြောရရင် စစ်မှန်တဲ့လီယွန်နယ်မက်ဆီနဲ့အတူပေါ့။


ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် သူ့အတွက် စိတ်ဒဏ်ရာအဖြစ်ဆုံးနွေရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် အခုတော့ ပီချီချီ(လာလီဂါဂိုးသွင်းဘုရင်ဆု) ၇ကြိမ်ရရှိထားတဲ့ သူ့အတွက် လာလီဂါမှာ ဂိုးသွင်းအများဆုံးကစားသမားနေရာ ပြန်ရောက်လာပါတယ်။


သူဟာ ၂၀၂၁ နှစ်သစ်မှာ အထူးခြေစွမ်းပြနေပြီး ဗုဒ္ဓဟူးနေ့က ဘီလ်ဘာအိုကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခုလည်း ယမန်နေ့ညက ဂရန်နာဒါကို ဝ-၄ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယားထိပ်ဆုံးက အက်သလက်တီကိုနဲ့ ၄ မှတ်အကွာအနေအထားကို တက်ရောက်လာပါတယ်။


အက်သလက်တီကိုက ဘာစီလိုနာထက် ၃ပွဲလျော့ကစားထားတာ မှန်ပေမယ့် အနည်းဆုံးတော့ လက်ရှိအနေအထားက ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့တဲ့ ဘာစီလိုနာအတွက် စိတ်သက်သာရသွားတဲ့အခိုက်အတန့်ဖြစ်ပြီး မက်ဆီလည်း ပြန်လည်ပြုံးပျော်လာပါပြီ။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ထွက်ခွာဖို့ အပြင်းအထန်ကြိုးစားခဲ့ပြီးနောက် အခုတော့ သူ လက်ရှိကစားနေတဲ့ နေရာမှာ ပျော်ရွှင်နေပြီး ဘောလုံးကစားရတာကို ထပ်မံကျေနပ်လာတာလည်း အသေအချာပါပဲ။


မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့အဆိုးရွားဆုံးနေ့ရက်တွေမှာတောင်မှ အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၀-၂၁ ပထမရာသီဝက်ကတော့ မက်ဆီအတွက် တကယ့်ကို ဆိုးရွားလွန်းခဲ့တာအမှန်ပါပဲ။

အဲဒီတုန်းက မက်ဆီဟာ ပင်နယ်တီသွင်းဂိုးတွေအများအပြားသွင်းယူခဲ့ပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘဲ အရင်မက်ဆီမျိုး ပြန်ဖြစ်နေပါပြီ။


မက်ဆီဟာ အခုဆိုရင် လာလီဂါမှာ ၁၁ဂိုးသွင်းယူထားပြီး သူ့အနေအထားနဲ့ဆိုရင် နည်းပါးတဲ့ဂိုးအရေအတွက်ဖြစ်ပေမယ့် ရုန်းကန်နေရတဲ့အသင်းမှာ ဒီလောက်ဂိုးသွင်းထားနိုင်တာက သိပ်မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Messi’s back! ဆုိးရြားတဲ့ ၂၀၂၀ ကို အျမန္ဆုံးေမ့ၿပီး ႏွစ္သစ္ကို စိတ္သစ္၊ လူသစ္နဲ႔ ႀကိဳဆိုေနတဲ့ မက္ဆီ
၂၀၂၁ အတြင္း အေမရိကန္မွာျဖစ္ပြားေနတဲ့ ကိစၥေတြက ၂၀၂၀ လုိပဲ ထူးဆန္းစရာေတြနဲ႔ျပည့္ႏွက္ေနေပမယ့္ လာလီဂါမွာေတာ့ ပုံမွန္အေျခအေနေတြက ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။ ေျပာရရင္ စစ္မွန္တဲ့လီယြန္နယ္မက္ဆီနဲ႔အတူေပါ့။
ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ကစားသမားဘ၀တစ္ေလွ်ာက္ သူ႕အတြက္ စိတ္ဒဏ္ရာအျဖစ္ဆုံးေႏြရာသီကို ျဖတ္သန္းခဲ့ရၿပီးေနာက္ အခုေတာ့ ပီခ်ီခ်ီ(လာလီဂါဂုိးသြင္းဘုရင္ဆု) ၇ႀကိမ္ရရွိထားတဲ့ သူ႕အတြက္ လာလီဂါမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားေနရာ ျပန္ေရာက္လာပါတယ္။
သူဟာ ၂၀၂၁ ႏွစ္သစ္မွာ အထူးေျခစြမ္းျပေနၿပီး ဗုဒၶဟူးေန႔က ဘီလ္ဘာအုိကို ၂-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အခုလည္း ယမန္ေန႔ညက ဂရန္နာဒါကို ၀-၄ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂုိးသြင္းယူႏိုင္ခဲ့ၿပီး အသင္းကလည္း အမွတ္ေပးဇယားထိပ္ဆုံးက အက္သလက္တီကိုနဲ႔ ၄ မွတ္အကြာအေနအထားကို တက္ေရာက္လာပါတယ္။
အက္သလက္တီကိုက ဘာစီလုိနာထက္ ၃ပြဲေလ်ာ့ကစားထားတာ မွန္ေပမယ့္ အနည္းဆုံးေတာ့ လက္ရွိအေနအထားက ရာသီအစမွာ ရလဒ္ေတြဆုိးရြားခဲ့တဲ့ ဘာစီလုိနာအတြက္ စိတ္သက္သာရသြားတဲ့အခုိက္အတန္႔ျဖစ္ၿပီး မက္ဆီလည္း ျပန္လည္ၿပံဳးေပ်ာ္လာပါၿပီ။

မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလုိနာကေန ထြက္ခြာဖို႔ အျပင္းအထန္ႀကိဳးစားခဲ့ၿပီးေနာက္ အခုေတာ့ သူ လက္ရွိကစားေနတဲ့ ေနရာမွာ ေပ်ာ္ရႊင္ေနၿပီး ေဘာလုံးကစားရတာကို ထပ္မံေက်နပ္လာတာလည္း အေသအခ်ာပါပဲ။
မက္ဆီဟာ ဘာစီလုိနာအသင္းရဲ႕အဆုိးရြားဆုံးေန႔ရက္ေတြမွာေတာင္မွ အသင္းရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဒါေပမဲ့ ၂၀၂၀-၂၁ ပထမရာသီ၀က္ကေတာ့ မက္ဆီအတြက္ တကယ့္ကို ဆုိးရြားလြန္းခဲ့တာအမွန္ပါပဲ။
အဲဒီတုန္းက မက္ဆီဟာ ပင္နယ္တီသြင္းဂိုးေတြအမ်ားအျပားသြင္းယူခဲ့ေပမယ့္ အခုေတာ့ အဲဒီလုိမဟုတ္ေတာ့ဘဲ အရင္မက္ဆီမ်ိဳး ျပန္ျဖစ္ေနပါၿပီ။
မက္ဆီဟာ အခုဆုိရင္ လာလီဂါမွာ ၁၁ဂိုးသြင္းယူထားၿပီး သူ႕အေနအထားနဲ႔ဆုိရင္ နည္းပါးတဲ့ဂိုးအေရအတြက္ျဖစ္ေပမယ့္ ႐ုန္းကန္ေနရတဲ့အသင္းမွာ ဒီေလာက္ဂိုးသြင္းထားႏုိင္တာက သိပ္မဆုိးဘူးလုိ႔ ဆုိႏိုင္ပါတယ္။