One Championship မစ်ဒယ်ဝိတ်တန်းခါးပတ်အတွက် စိန်ခေါ်သူရိုင်ဒါရဲ့ လည်ပင်းချုပ်ကွက်မိပြီး အောင်လအန်ဆိုင်းရှုံးနိမ့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြန်မာလူမျိုုးတွေရဲ့ သီတင်းကျွတ်ရက်မြတ်ကာလမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး one championship ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းကတော့ ရှုံးပွဲတွေ့ခဲ့ပြီး ပရိသတ်တွေ မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။

ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်အခမ်းအနားတွေ ကျင်းပခွင့်မရှိတဲ့အချိန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက အောင်လအန်ဆိုင်းပွဲကို ရုပ်သံမီဒီယာတွေနဲ့ အင်တာနက်ကနေတစ်ဆင့် ပုံစံမျိုးစုံကြည့်ရှုအားပေးကြ ပါတယ်။ တကယ်လို့ အောင်လနိုင်သွားခဲ့ရင် အိမ်ထဲမှာပဲ သီတင်းကျွတ်ပျော်ပွဲရွှင် ပွဲပုံစံဖြစ်သွားနိုင်ပေမယ့် အခုတော့ ဝမ်းနည်းစရာပဲဖြစ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း one championship ပြိုင်ပွဲမှာ အောင်လဟာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရိုင်ဒါကို ပထမအချီမှာပဲ ချုပ်ကွက်မိပြီး အရှုှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲအစမှာ Stand fight လုပ်ခဲ့ကြပြီး အောင်လရဲ့ လက်သီးထိုးချက် တစ်ချက်၊ ခြေကန်ချက်တစ်ချက် ရိုင်ဒါကို ရှပ်ထိသွားခဲ့ပါတယ်။ ၄မိနစ်၁၆စက္ကန့်မှာ ရိုင်ဒါဟာ အောင်လ ကို လူချင်းဝင်လုံးကာ နောက်ကသိုင်းချုပ်ခဲ့ပြီး ခန္ဓာကိုယ်ကို ဆွဲလှဲလိုက်ကာ အောင်လရဲ့ ‌နောက်ကျောဖက်မှ အောက်ခြေပိုင်းကို အပိုင်ချုပ်ထားနိုင်ခဲ့ပါတယ်။

အောင်လဟာ သည်အခြေအနေကနေရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့ပြီး ရိုင်ဒါရဲ့ ချုပ်ကွက်ကနေ ပြန်လည်ရုန်းထလာနိုင်ခါနီးမှာ ရိုင်ဒါရဲ့ အပီချုပ်ကွက်တွေကနေ လည်ပင်းကိုပါချုပ်ကွက်မိသွားပြီး နှာခေါင်းကသွေးထွက်လာခဲ့ပြီးနောက်မှာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

မြန်မာ့စပါးအုံးဆိုပြီး ချုပ်ကွက်နဲ့နာမည်ကြီးတဲ့ အောင်လအန်ဆိုင်းကို ရိုင်ဒါက ချုပ်ကွက်နဲ့ပဲ ပြန်ပြီးအနိုင်ယူသွားခဲ့တာပါ။ အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ရိုင်ဒါဟာ one championship ပွဲစဉ်(၁၃)ပွဲဆက်တိုက် အနိုင်ရတာလည်းဖြစ်သွားခဲ့တာပါတယ်။

ပွဲမစခင်ကတည်းက အောင်လကို ယှဉ်ထိုးမှာမဟုတ်ဘဲ ချုပ်ကွက်နဲ့ပဲအနိုင်ယူမယ်ဆိုတဲ့စကားအတိုင်း ပွဲသိမ်းနိုင်ခဲ့တာပါ။ အောင်လဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ၂၀၁၇ တုန်းက ရုရှားက ဘစ်တက်ချ်ဆီကနေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်(၅)လအကြာမှာ ဘစ်တက်ချ်နဲ့ မကျေပွဲမှာလည်း ထပ်ပြီးအနိုင်ရခဲ့ပါတယ်။

၂၀၁၈ ဇွန်လမှာ ဂျပန်နိုင်ငံသား ကင်ဟာဆီဂါဝါနဲ့ပွဲမှာ လည်း အနိုင်ကစားပြီး မစ်ဒယ်ဝိတ်ခါးပတ်ကို ပထမဆုံးအကြိမ်ကာကွယ်နိုင်ခဲ့ သလို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဖိလစ်ပိုင်က ဘာဒွန်ဗီရာနဲ့ကစားပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါသေးတယ်။

ဒါကြောင့် အခု ရိုင်ဒါ ကို ရှုံးနိမ့်ခဲ့တဲ့အတွက် သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စွန့်လွှတ်လိုရ ပေမယ့် အောင်လအန်ဆိုင်းဟာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကျန်ပါသေးတယ်။

ဒီပွဲအပြီးမှာ အောင်လက သူ့ကို အားပေးနေကြတဲ့ မြန်မာနိုင်ငံပရိသတ်တွေနဲ့ one championship ပရိသတ်တွေကို အခုလို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။

“ဒီညက ကျွန်တော်တို့ည မဟုတ်ခဲ့ပါဘူး။ အကောင်းဆုံးပုံစံနဲ့ ကျွန်တော်ပြန်လာမှာပါ” ပြောကြားသွားခဲ့တာပါ။

အောင်လနဲ့တွဲဖက် လေ့ကျင့်ဖက် အမေရိကန်နဲ့ ဗီယက်နမ်ကပြား မာတင်ငုယင်လည်း ဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ်ကို တီယာနီကို ရှုံးပြီး စွန့်လွှတ်လိုက်ရတဲ့အတွက် အောင်လတို့အဖွဲ့ကတော့ အရှုံးများတဲ့ညဖြစ်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

One Championship မစ္ဒယ္၀ိတ္တန္းခါးပတ္အတြက္ စိန္ေခၚသူရိုင္ဒါရဲ႕ လည္ပင္းခ်ဳပ္ကြက္မိၿပီး ေအာင္လအန္ဆိုင္းရႈံးနိမ့္

ျမန္မာလူမ်ုဳိးေတြရဲ႕ သီတင္းကၽြတ္ရက္ျမတ္ကာလမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး one championship ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆိုင္းကေတာ့ ရႈံးပြဲေတြ႕ခဲ့ၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္သလို မျဖစ္ခဲ့ပါဘူး။

ကိုဗစ္ကာလမွာ ပြဲလမ္းသဘင္အခမ္းအနားေတြ က်င္းပခြင့္မရွိတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလံုးက ေအာင္လအန္ဆိုင္းပြဲကို ရုပ္သံမီဒီယာေတြနဲ႔ အင္တာနက္ကေနတစ္ဆင့္ ပံုစံမ်ဳိးစံုၾကည့္ရႈအားေပးၾက ပါတယ္။ တကယ္လို႔ ေအာင္လႏုိင္သြားခဲ့ရင္ အိမ္ထဲမွာပဲ သီတင္းကၽြတ္ေပ်ာ္ပြဲရႊင္ ပြဲပံုစံျဖစ္သြားႏိုင္ေပမယ့္ အခုေတာ့ ၀မ္းနည္းစရာပဲျဖစ္ခဲ့ပါတယ္။

စင္ကာပူႏုိင္ငံမွာ ယွဥ္ၿပိဳင္ထိုးသတ္တဲ့ ကမၻာ့မစ္ဒယ္၀ိတ္တန္း one championship ၿပိဳင္ပြဲမွာ ေအာင္လဟာ စိန္ေခၚသူ နယ္သာလန္ႏိုင္ငံသား ဒီရိုင္ဒါကို ပထမအခ်ီမွာပဲ ခ်ဳပ္ကြက္မိၿပီး အရႈႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲအစမွာ Stand fight လုပ္ခဲ့ၾကၿပီး ေအာင္လရဲ႕ လက္သီးထိုးခ်က္ တစ္ခ်က္၊ ေျခကန္ခ်က္တစ္ခ်က္ ႐ိုင္ဒါကို ရွပ္ထိသြားခဲ့ပါတယ္။ ၄မိနစ္၁၆စကၠန္႕မွာ ရိုင္ဒါဟာ ေအာင္လ ကို လူခ်င္းဝင္လုံးကာ ေနာက္ကသိုင္းခ်ဳပ္ခဲ့ၿပီး ခႏၶာကိုယ္ကို ဆြဲလွဲလိုက္ကာ ေအာင္လရဲ႕ ‌ေနာက္ေက်ာဖက္မွ ေအာက္ေျခပိုင္းကို အပိုင္ခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။

ေအာင္လဟာ သည္အေျခအေနကေနရုန္းထြက္ႏိုင္ဖို႕ ၾကိဳးစားခဲ့ၿပီး ရိုင္ဒါရဲ႕ ခ်ဳပ္ကြက္ကေန ျပန္လည္ရုန္းထလာႏိုင္ခါနီးမွာ ရိုင္ဒါရဲ႕ အပီခ်ဳပ္ကြက္ေတြကေန လည္ပင္းကိုပါခ်ဳပ္ကြက္မိသြားၿပီး ႏွာေခါင္းကေသြးထြက္လာခဲ့ၿပီးေနာက္မွာ ဒိုင္ပြဲရပ္နဲ႕ အရႈံးေပးခဲ့ရပါတယ္။

ျမန္မာ့စပါးအံုးဆိုၿပီး ခ်ဳပ္ကြက္နဲ႔နာမည္ႀကီးတဲ့ ေအာင္လအန္ဆိုင္းကို ရိုင္ဒါက ခ်ဳပ္ကြက္နဲ႔ပဲ ျပန္ၿပီးအႏိုင္ယူသြားခဲ့တာပါ။

အသက္(၃၀)အရြယ္ရွိၿပီျဖစ္တဲ့ ရိုင္ဒါဟာ one championship ပြဲစဥ္(၁၃)ပြဲဆက္တိုက္ အႏုိင္ရတာလည္းျဖစ္သြားခဲ့တာပါတယ္။

ပြဲမစခင္ကတည္းက ေအာင္လကို ယွဥ္ထိုးမွာမဟုတ္ဘဲ ခ်ဳပ္ကြက္နဲ႔ပဲအႏုိင္ယူမယ္ဆိုတဲ့စကားအတိုင္း ပြဲသိမ္းႏုိင္ခဲ့တာပါ။

ေအာင္လဟာ မစ္ဒယ္၀ိတ္တန္းခ်န္ပီယံဘြဲ႕ကို ၂၀၁၇ တုန္းက ရုရွားက ဘစ္တက္ခ်္ဆီကေန သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္(၅)လအၾကာမွာ ဘစ္တက္ခ်္နဲ႔ မေက်ပြဲမွာလည္း ထပ္ၿပီးအႏုိင္ရခဲ့ပါတယ္။
၂၀၁၈ ဇြန္လမွာ ဂ်ပန္ႏိုင္ငံသား ကင္ဟာဆီဂါ၀ါနဲ႔ပြဲမွာ လည္း အႏိုင္ကစားၿပီး မစ္ဒယ္၀ိတ္ခါးပတ္ကို ပထမဆံုးအႀကိမ္ကာကြယ္ႏိုင္ခဲ့ သလို ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ဖိလစ္ပိုင္က ဘာဒြန္ဗီရာနဲ႔ကစားၿပီး လိုက္ဟဲဗီး၀ိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏုိင္ခဲ့ပါေသးတယ္။

ဒါေၾကာင့္ အခု ရိုင္ဒါ ကို ရႈံးနိမ့္ခဲ့တဲ့အတြက္ သူ႕ရဲ႕ မစ္ဒယ္၀ိတ္တန္းခ်န္ပီယံခါးပတ္ကို စြန္႔လႊတ္လို္ရ ေပမယ့္ ေအာင္လအန္ဆိုင္းဟာ လုိက္ဟဲဗီး၀ိတ္ခ်န္ပီယံခါးပတ္က်န္ပါေသးတယ္။

ဒီပြဲအၿပီးမွာ ေအာင္လက သူ႕ကို အားေပးေနၾကတဲ့ ျမန္မာႏိုင္ငံပရိသတ္ေတြနဲ႔ one championship ပရိသတ္ေတြကို အခုလို ေတာင္းပန္စကားဆိုသြားခဲ့ပါတယ္။

“ဒီညက ကၽြန္ေတာ္တို႔ည မဟုတ္ခဲ့ပါဘူး။ အေကာင္းဆံုးပံုစံနဲ႔ ကၽြန္ေတာ္ျပန္လာမွာပါ” ေျပာၾကားသြားခဲ့တာပါ။

ေအာင္လနဲ႔တြဲဖက္ ေလ့က်င့္ဖက္ အေမရိကန္နဲ႔ ဗီယက္နမ္ကျပား မာတင္ငုယင္လည္း ဖယ္သာဝိတ္တန္း ခ်န္ပီယံခါးပတ္ကို တီယာနီကို ရႈံးၿပီး စြန္႔လႊတ္လိုက္ရတဲ့အတြက္ ေအာင္လတို႔အဖြဲ႕ကေတာ့ အရႈံးမ်ားတဲ့ညျဖစ္သြားခဲ့ပါတယ္။