Operation Mbappe ကိုစတင်အကောင်အထည်ဖော်မယ့် ရီးရဲလ်မက်ဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကိုလာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် Operation Mbappe ဆိုတဲ့ အစီအစဥ်ကို စတင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်ဟာ ပြင်သစ်လက် ရွေးစင်ဖြစ်တဲ့ အမ်ဘတ်ပီကို ခေါ်ယူဖို့အရင်ကတည်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ကစားသမားရဲ့စာချုပ် ဟာ ၂၀၂၂ ဇွန်လမှာ သက်တမ်းကုန်မှာဖြစ်ပြီး အခုရာသီကုန်ချိန်မှာ ခေါ်ယူနိုင်ဖို့ စတင်ကြိုးစားတော့မှာဖြစ် ကြောင်း AS သတင်းစာကြီးကဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အမ်ဘတ်ပီ အတွက်တန်ကြေးက အရမ်းကိုမြင့်မား မှာဖြစ်ပြီး အနည်းဆုံးပေါင် ၁၃၅ သန်းကနေ ပေါင်သန်း ၂၀၀ အထိကုန်ကျနိုင်ပါတယ်။ ပီအက်စ်ဂျီဟာ နေမာ ကို ၂၀၁၇ မှာခေါ်ယူစဥ်ကတန်ကြေးဖြစ်တဲ့ ပေါင် ၁၉၈ သန်းအထိရယူလိုနေတယ်လို့ လည်းဆိုပါတယ်။ ပြောင်း ရွှေ့ကြေးက ရီးရဲလ်အတွက် အခက်အခဲရှိနိုင်ပေမယ့် ကစားသမားရဲ့လစာကတစ်နှစ်ကိုပေါင် ၁၉ သန်းဖြစ်လို့ ရီးရဲလ်ပေးနိုင်တဲ့ ပမာဏဖြစ်နေပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘတ်ပီကို လက်မလွှတ်လိုပေမယ့် သူ့ဘက်ကစာချုပ်သစ်မချုပ်လိုဘူးဆိုရင်တော့ ရီးရဲလ် ရဲ့ကမ်းလှမ်းမှုကို လက်သင့်ခံရဖို့ရှိနေပါတယ်။ စာချုပ်လက်ကျန်သက်တမ်းအရ အမ်ဘတ်ပီဟာ လာမယ့် ၂၀၂၂ ဇန်နဝါရီမှာ သူနှစ်သက်တဲ့ ကလပ်တစ်ခုနဲ့ ဆွေးနွေးပြီး အကြိုသဘောတူပိုင်ခွင့်လည်းရှိနေပါတယ်။

ဒီပြင်သစ် လက်ရွေးစင်အတွက် ပေးရမယ့်ပြောင်းရွှေ့ကြေးအတွက် ရီးရဲလ်ဟာ လက်ရှိဘဏ္ဍာရေးအရ မတတ်နိုင်ပေ မယ့်လည်း ကစားသမား ၆ ဦးကိုအသင်းကနေထွက်ခွာစေပြီး ကုန်ကျစရိတ်လျှော့ကာ အမ်ဘတ်ပီကို ဝယ်ယူ ဖို့ ကလပ်ဥက္ကဌ ပီရက်ဇ် ကစီစဥ်ထားတဲ့အပြင် ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေဖြစ်တဲ့ ကာတာလူမျိုးပိုင်ရှင်တွေ နဲ့ ခင်မင်ရင်းနှီးမှုကိုပါအသုံးချဖို့လုပ်နေတာကြောင့် Operation Mbappe လို့ ခေါ်ဆိုတာဖြစ်ပါတယ်။

ရီးရဲလ် ဟာ နည်းပြဇီဒန်းမလိုအပ်တော့တဲ့ စပါးကိုရောက်နေတဲ့ဂါရတ်ဘေးလ်၊ အစ္စကို၊ အာဆင်နယ်ကိုရောက်နေတဲ့ ဆီဘယ်လို့စ်၊ လူကာဂျိုဗစ်၊ ဘရာဟင်ဒီယက်ဇ်နဲ့ မာဆယ်လိုတို့ကို ရောင်းချခြင်း ဒါမှမဟုတ် ထွက်ခွာစေခြင်း တို့ကို လုပ်ဆောင်လိမ့်မယ်လို့လည်း အဲဒီသတင်းစာကြီးက ဆက်လက်ဖော်ပြပါတယ်။ အမ်ဘတ်ပီဟာ ဒီရာသီ မှာ ကလပ်နဲ့ နိုင်ငံအတွက် ၂၅ ပွဲကစားပြီး ၁၇ ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘတ္ပီကိုလာမယ့္ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔အတြက္ Operation Mbappe ဆိုတဲ့ အစီအစဥ္ကို စတင္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ ရီးရဲလ္ဟာ ျပင္သစ္လက္ ေ႐ြးစင္ျဖစ္တဲ့ အမ္ဘတ္ပီကို ေခၚယူဖို႔အရင္ကတည္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ကစားသမားရဲ႕စာခ်ဳပ္ ဟာ ၂၀၂၂ ဇြန္လမွာ သက္တမ္းကုန္မွာျဖစ္ၿပီး အခုရာသီကုန္ခ်ိန္မွာ ေခၚယူႏိုင္ဖို႔ စတင္ႀကိဳးစားေတာ့မွာျဖစ္ ေၾကာင္း AS သတင္းစာႀကီးကေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ အမ္ဘတ္ပီ အတြက္တန္ေၾကးက အရမ္းကိုျမင့္မား မွာျဖစ္ၿပီး အနည္းဆုံးေပါင္ ၁၃၅ သန္းကေန ေပါင္သန္း ၂၀၀ အထိကုန္က်ႏိုင္ပါတယ္။

ပီအက္စ္ဂ်ီဟာ ေနမာ ကို ၂၀၁၇ မွာေခၚယူစဥ္ကတန္ေၾကးျဖစ္တဲ့ ေပါင္ ၁၉၈ သန္းအထိရယူလိုေနတယ္လို႔ လည္းဆိုပါတယ္။ ေျပာင္း ေ႐ႊ႕ေၾကးက ရီးရဲလ္အတြက္ အခက္အခဲရွိႏိုင္ေပမယ့္ ကစားသမားရဲ႕လစာကတစ္ႏွစ္ကိုေပါင္ ၁၉ သန္းျဖစ္လို႔ ရီးရဲလ္ေပးႏိုင္တဲ့ ပမာဏျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီဟာ အမ္ဘတ္ပီကို လက္မလႊတ္လိုေပမယ့္ သူ႔ဘက္ကစာခ်ဳပ္သစ္မခ်ဳပ္လိုဘူးဆိုရင္ေတာ့ ရီးရဲလ္ ရဲ႕ကမ္းလွမ္းမႈကို လက္သင့္ခံရဖို႔ရွိေနပါတယ္။ စာခ်ဳပ္လက္က်န္သက္တမ္းအရ အမ္ဘတ္ပီဟာ လာမယ့္ ၂၀၂၂ ဇန္နဝါရီမွာ သူႏွစ္သက္တဲ့ ကလပ္တစ္ခုနဲ႔ ေဆြးေႏြးၿပီး အႀကိဳသေဘာတူပိုင္ခြင့္လည္းရွိေနပါတယ္။

ဒီျပင္သစ္ လက္ေ႐ြးစင္အတြက္ ေပးရမယ့္ေျပာင္းေ႐ႊ႕ေၾကးအတြက္ ရီးရဲလ္ဟာ လက္ရွိဘ႑ာေရးအရ မတတ္ႏိုင္ေပ မယ့္လည္း ကစားသမား ၆ ဦးကိုအသင္းကေနထြက္ခြာေစၿပီး ကုန္က်စရိတ္ေလွ်ာ့ကာ အမ္ဘတ္ပီကို ဝယ္ယူ ဖို႔ ကလပ္ဥကၠဌ ပီရက္ဇ္ ကစီစဥ္ထားတဲ့အျပင္ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ေတြျဖစ္တဲ့ ကာတာလူမ်ိဳးပိုင္ရွင္ေတြ နဲ႔ ခင္မင္ရင္းႏွီးမႈကိုပါအသုံးခ်ဖို႔လုပ္ေနတာေၾကာင့္ Operation Mbappe လို႔ ေခၚဆိုတာျဖစ္ပါတယ္။ ရီးရဲလ္ ဟာ နည္းျပဇီဒန္းမလိုအပ္ေတာ့တဲ့ စပါးကိုေရာက္ေနတဲ့ဂါရတ္ေဘးလ္၊ အစၥကို၊ အာဆင္နယ္ကိုေရာက္ေနတဲ့ ဆီဘယ္လို႔စ္၊ လူကာဂ်ိဳဗစ္၊ ဘရာဟင္ဒီယက္ဇ္နဲ႔ မာဆယ္လိုတို႔ကို ေရာင္းခ်ျခင္း ဒါမွမဟုတ္ ထြက္ခြာေစျခင္း တို႔ကို လုပ္ေဆာင္လိမ့္မယ္လို႔လည္း အဲဒီသတင္းစာႀကီးက ဆက္လက္ေဖာ္ျပပါတယ္။ အမ္ဘတ္ပီဟာ ဒီရာသီ မွာ ကလပ္နဲ႔ ႏိုင္ငံအတြက္ ၂၅ ပြဲကစားၿပီး ၁၇ ဂိုးသြင္းယူထားပါတယ္။