အသက်အန္တရာယ်စိုးရိမ်ရပြီး ကင်ဆာရောဂါခံစားနေရတဲ့ နယ်သာလန်နည်းပြကြီးဗန်ဟားလ်

April 4, 2022 author ps 0

နယ်သာလန်အသင်းဝါရင့်နည်းပြကြီးဗန်ဟားလ်ဟာ ပရော့စတိတ်(ယောကျ်ားများတွင် သုတ်ရည်လွှတ်ပေးသောအကျိတ်) ကင်ဆာရောဂါခံစားနေပြီဖြစ်ပါတယ်။ အသက်(၇၀)အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဗန်ဟားလ်ဟာ နည်းပြလောက,ကနေအနားယူခဲ့ပေမယ့် နယ်သာလန်အသင်းအခြေအနေ ယိမ်းယိုင်နေတာကြောင့် ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လကမှ လက်ရွေးစင်အသင်းကို တတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဗန်ဟားလ်က အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကင်ဆာရောဂါခံစားနေရတာဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲတွေဖြစ်တဲ့ ဒိန်းမတ်၊ ဂျာမနီတို့နဲ့ပွဲတွေမှာ အသင်းက,ကစားသမားတွေ အာရုုံစိုက်ကစားနိုင်အောင် သူ့ရောဂါနဲ့ပတ်သက်လို့ ဘာမှအသိမပေးခဲ့ပါဘူး။ […]

တနင်္လာညမှာ အမှန်ခြစ်ထားရမယ့် ဆိုစီဒက် ဂိုးအောက် ( ကိုရွှေမောင်း )

April 4, 2022 author ps 0

ဒိနေ့ညမှာ ဆိုစီဒက် -အက်စ်ပန်ညိုပွဲကစားမှာပါ။ ဆိုစီဒက်မှာ ဒဏ်ရာရသူတွေများနေသလို အက်စ်ပန်ညိုကလည် အဝေးကွင်း မစွံဘူး။ ဂိုးအောက်ပဲ ကြိုက်ပါတယ်။ ဆိုစီဒက်ဟာ အက်စ်ပန်ညိုနဲ့ကစားခဲ့တဲ့ အိမ်ကွင်းပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ထားပါတယ်။ လတ်တလော အိမ်ကွင်း လာလီဂါ ၃ ပွဲဆက်လည်း နိုင်ထားတယ်။ ဆိုစီဒက် အိမ်ကွင်းမှာ […]

မြွေမကြောက် ကင်းမကြောက် စကားကြွယ်နေတဲ့ ပီကေး

April 3, 2022 author ps 0

အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရတာ ရှက်ကီရာနဲ့အတူနေရတာထက်ပိုကောင်း ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရတဲ့အရသာဟာ ရှက်ကီရာနဲ့လိင်ဆက်ဆံရ တဲ့အရသာထက်ပိုကောင်းတယ်လို့ ပြောလိုက်ပါတယ်။ ပရိသတ်အများစုကတော့ ဘာစီလိုနာရဲ့အဓိကပြိုင်ဘက် ဟာ ရီးရဲလ်မက်ဒရစ်ဖြစ်ပြီး သူတို့ထိပ်တိုက်တွေ့တဲ့ El Clasico ကလည်း ကမ္ဘာ့အကျော်ကြားဆုံးပွဲစဥ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီကေးကတော့ ဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက်ဖြစ်ပြီး ကာတာလန်ဒါဘီပြိုင်ဘက် လည်းဖြစ်တဲ့ အက်စ်ပန်ညိုနဲ့တွေ့ရတာကသာ သူ့အတွက်ပိုပြီး […]

အင်္ဂလန်ပရိသတ်တွေအတွက် ကာတာ ကမ္ဘာ့ဖလားပွဲက စိတ်အိုက်စရာတွေ အများကြီးနဲ့ ကြုံတွေ့နေ

April 3, 2022 author ps 0

အင်္ဂလန်ပရိသတ်တွေအတွက် ကာတာမှာကျင်းပမယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲက စိတ်အိုက်စရာတွေ အများကြီးရှိနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ကာတာဟာ ဘာသာရေးစည်းကမ်းတင်းကျပ်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အနောက်နိုင်ငံက ပရိသတ်တွေအတွက် အခက်အခဲအများအပြားရှိမှာပါ။ ဘောလုံးလောကမှာ အားပေးအကြမ်းဆုံးနဲ့ပရိသတ်အများဆုံးလိုက်ပါအားပေးလေ့ရှိတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းပရိသတ်တွေအတွက် ကာတာမှာဈေးသက်သာတဲ့နေရာတွေအားလုံးက ကြိုတင်ဘိုကင်တွေနဲ့ ပြည့်နှက်နေခဲ့ပြီးသားဖြစ်တာကြောင့် နေထိုင်ရေးမှာ ပေါချောင်ကောင်းသုံးဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ပတ်သက်ရင် ကန့်သတ်ချက်များတဲ့ […]

တစ်ကျော့ပြန်အဲရစ်ဆင်ရဲ့ဂိုးအပါအဝင် ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်

April 3, 2022 author ps 0

ဒီနေ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေထဲမှာ Shock အဖြစ်ဆုံးပွဲကတော့ ချယ်လ်ဆီးနဲ့ဘရန့်ဖို့ဒ်ပွဲပါပဲ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်တန်းတက်လာပြီး ရာသီအစပိုင်းမှာ မထင်မှတ်တဲ့ရလဒ်တွေရယူပြခဲ့ပြီးနောက်ပိုင်း သာမန်အသင်းတွေရဲ့ထုံးစံအတိုင်းပဲ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ရုန်းကန်နေရတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ရာသီကုန်ခါနီးမှ စွမ်းဆောင်ရည်ကောင်းတွေပြန်ပြနေပါတယ်။ အဆင့်(၃)နေရာက ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကနေ (၃)မှတ်ပိုက်ပြီးတော့ ပြန်လာနိုင်တာက သောမတ်စ်ဖရန့်ခ်နဲ့ဘရန့်ဖို့ဒ်ကစားသမားတွေကို သေချာပေါက်ချီးကျူးရမှာပါပဲ။ ဒီပွဲမှာ မြက်ခင်းစိမ်းတွေပေါ်တစ်ကျော့ပြန်ခြေချပြီး […]

၁၂ ယောက်နဲ့ ကစားခဲ့လို့ အနိုင်ကို ဖျက်သိမ်းခံရနိုင်သလို အမှတ်လျှော့ချမှုလည်း ခံရနိုင်တဲ့ ဘိုင်ယန်

April 3, 2022 author ps 0

ဖရိုင်းဘတ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ စနေညဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ကွင်းထဲမှာ စက္ကန့် ၂၀ လောက်ကို ၁၂ ယောက်နဲ့ ကစားသွားခဲ့ပါသေးတယ်။ အဲဒီအမှားအယွင်းဟာ ပွဲချိန်နှောင်းပိုင်းဖြစ်တဲ့ ၈၅ မိနစ်မှာ ဖြစ်သွားခဲ့တာပါ။ အဲဒီအချိန်မှာ ဘိုင်ယန်က ၃-၁ နဲ့ ဦးဆောင်နေတာဖြစ်ပြီး လူစားလဲမှု ၂ ယောက်လုပ်တော့ […]

မာရှယ်ကိုအသုံးချပြီး အလိုရှိနေတဲ့  ဟယ်ရီကိန်းကိုခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိတဲ့ ယူနိုက်တက်

April 2, 2022 author ps 0

ယူနိုက်တက်ရဲ့ ဟယ်ရီကိန်း ခေါ်ယူရေးစီမံကိန်းမှာ စတေးခံဖြစ်မယ့် မာရှယ် ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အသင်းကနေ ထွက်ခွါဖို့အားခဲထားတဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို အသုံးချပြီးသူတို့အလိုရှိနေတဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေတာ တွေ့ရပါတယ် ။ ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ နေရာစုံ ကိုပြန်လည်ဖြည့်တင်းရမှာ […]

ပူတင်ထံ စစ်ပွဲကို အဆုံးသတ်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တဲ့ အေဗရာမိုဗစ်

April 2, 2022 author ps 0

ရုရှားက ယူကရိန်းကို စတင်ကျူး‌ေကျာ်ခဲ့တဲ့နေ့မှာပဲ သန်းကြွယ်သူဌေး ရိုမန် အေဗရာမိုဗစ်ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ ( ၁၉) ဧက ဗီလာကြီးကနေ မော်စကိုကို ကိုယ်ပိုင်လေယာဥ်နဲ့ ချက်ချင်းပြန်လာခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ လျှို့ဝှက်တွေ့ဆုံမှုပြုလုပ်ဖို့ စီစဥ်ခဲ့တယ်လို့ Financial Times ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ […]

တစ်တော့ပ် ဆယ်လီနဲ့ရော်နယ်ဒို ပေါင်းပြီး လန်ဒန်မှာ စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်နေ

April 2, 2022 author ps 0

တစ်တော့ပ် ဆယ်လီ စားဖိုမှူး အိုဒီမခ် ဘူရက် နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ လန်ဒန်မြို့မှာ တူရကီစားသောက်ဆိုင်သစ် ပူးပေါင်း ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အင်္ဂလန်သတင်း မီဒီယာ တွေမှာဖော်ပြနေပါတယ်။ ဒီသတင်းကို တူရကီအခြေစိုက် The Daily Sabah ကနေ စတင်ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ စားသောက်ဆိုင်ကို […]

သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအတွက်ကြိုးစားပမ်းစားလေ့ကျင့်နေပုံဗီဒီယိုကို ဝေမျှလိုက်တဲ့ အီဗရာ

March 29, 2022 author ps 0

မန်ယူအသင်းနောက်ခံလူဟောင်းအီဗရာဟာ သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအတွက် ကြိုးစားပမ်းစားလေ့ကျင့်နေပါတယ်။ အဲဒီလို လေ့ကျင့်နေတဲ့ ဗီဒီယိုကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှခဲ့တာပါ။ အဲဒီမန်ယူဂန္ထဝင်ဟာ လာမယ့်ဧပြီ ၃၀ မှာ You Tube နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ ထိုးသတ်မှာဖြစ်ပါတယ်။ သူနဲ့လက်ဝှေ့ထိုးမယ့် အဒမ်ဆာလက်ဟာ ဆိုရှယ်မီဒီယာ influencer တစ်ယောက်ဖြစ်သလို အရင်ကလည်း လက်ဝှေ့ထိုးဖူးသူပါ။ အသက် […]