စုတ်ပြတ်နေတဲ့ ယူနိုက်တက်ရဲ့ခြေစွမ်း

October 17, 2021 author ps 0

နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံဆုတွေစိန်ခေါ်နိုင်ဖို့အတွက် သာမာန်ကောင်းတာရဲ့အဆင့်တောင် မရှိဘူးလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အပြင်းအထန်ဝေဖန်ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့စနေညက အဝေးကွင်းမှာ လက်စတာကို ၄-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အသင်းမှာ စုစည်းမှုမရှိဘဲ အလယ်အလတ်အသင်းကောင်း ကိုတောင် ရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ ပြစ်တင်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဂယ်ရီနဗီးလ်က မန်ယူဟာ ပြိုင်ဘက်ကို Pressing […]

နယူးကာဆယ်နည်းပြရာထူးကို ငြင်းပယ်လိုက်တဲ့ ဇီဒန်း

October 17, 2021 author ps 0

ဇီဒန်းဟာနယူးကာဆယ်နည်းပြရာထူးအတွက်ချဉ်းကပ်လာမှုအားအကြောင်း ပြချက်တစ်ခုတည်းဖြင့်ပယ်ချလိုက်ကြောင်းသိရပါတယ်။ ပြင်သစ်လူမျိုးနည်းပြဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားသုံးကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ် မက်ဒရစ်နည်းပြရာထူးမှထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာဆော်ဒီရင်းနှီးမြှပ်နှံသူများလက်ထဲသို့ရောက်ပြီးနောက် နည်းပြစတိဗ်ဘရုစ်ကိုရာထူးမှထုတ်ပယ်ပြီးနည်းပြသစ်ခန့်အပ်ရန်ရှာဖွေနေပါ တယ်။နယူးကာဆယ်ပိုင်ရှင်သစ်ရဲ့နည်းပြသစ်ဆန်ကာတင်စာရင်းတွင်ဇီဒန်း ဟာ မန်စီနီ၊ကွန်တီ၊ဖရန့်လမ်းပတ်၊ဘရန်ဒန်ရော်ဂျာ၊စတီဗင်ဂျရတ်တို့နှင့်အတူ ပါဝင်နေပါတယ်။ ဒါပေမယ့်ပြင်သစ်ဂန္ထဝင်ကစားသမားဇီဒန်းဟာကြွယ်ဝချမ်းသာတဲ့ပိုင်ရှင်သစ်ရဲ့ လက်အောက်တွင်နယူးကာဆယ်ကိုစိတ်ကြိုက်အသင်းတစ်သင်းတည်ဆောက်နိုင် မယ့်အခွင့်အရေးရရှိလာပေမယ့်လည်းရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုတည်းဖြင့် ပင်ငြင်းပယ်ခဲ့ပါတယ်။ The Mirror ရဲ့ဖော်ပြချက်အရဇီဒန်းဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဒီဒီယာ ဒက်ချမ့်ရဲ့ပြင်သစ်လက်ရွေးစင်အသင်းနည်းပြရာထူးကိုရယူရန်ဆန္ဒရှိမှုနဲ့အတူ နယူးကာဆယ်နည်းပြရာထူးအတွက်ချဉ်းကပ်လာမှုကိုပယ်ချလိုက်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဒီဒီယာဒက်ချမ့် ထွက်ခွာပါကဒီဇန်းနှင့်အစားထိုးရန်နံပါတ်တစ်လျာထားကြောင်းတရားဝင် လူသိရှင်ကြားကြေညာထားပြီးသားဖြစ်ပါတယ်။ဒက်ချမ့်နှင့်ပြင်သစ်ဘောလုံးအဖွဲ့ […]

နောက်တစ်ယောက်တွေ့နေပြန်ပြီလား..အိုင်ကာဒီ

October 17, 2021 author ps 0

မော်ဒယ်ဝန်ဒါနာရာဟာခင်ပွန်းသည်မော်ရိုအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာ ဖောက်ပြန်နေတယ်ဆိုပြီးဆိုရှယ်မီဒီယာကနေစွပ်စွဲမှုပြုလုပ်လာပါတယ်။ အသက်၃၃နှစ်ရှိအာဂျင်တီးနားအလှမယ်ဟာ မိသားစုဘဝကို ဖျက်ဆီးနေ တယ်ဆိုပြီး အင်စတာဂရမ်မှာစာရေးတင်ခဲ့ကာ ခင်ပွန်းသည်မော်ရိုအိုင်ကာဒီ ကိုလည်း Unfollowed လုပ်ခဲ့ပါတယ်။ မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ဟာ၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ဖရန်ဆစ္စကာနှင့်အစ္စဘယ်လာအမည်ရှိကလေးနှစ်ဦးထွန်းကားထားပါတယ်။ အိုင်ကာဒီဟာဆမ်ဒိုးရီးယားကစားဖော် မက်ဆီလိုပက်ဇ်ရဲ့နောက်ကွယ်မှာ ကစား ဖော်ရဲ့ဇနီးသည်ဝန်ဒါနာရာနှင့်ခြေပုန်းခုပ်ပြီး နှိုက်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ဒါနာရာဟာ မိသားစုဘဝကိုဖျက်ဆီးနေပြန်ပြီ ရေးသားပို့စ်တင်ခဲ့ပေမယ့် ဘယ်သူဆိုတာကိုအမည်နဲ့အတိအကျရေးသားခဲ့တာမျိုးတော့မရှိပါဘူး။ ဝန်ဒါနာရာဟာယခင်ခင်ပွန်းဟောင် းမက်ဆီလိုပက်ဇ်နှင့်ကလေးသုံးဦးရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ […]

EPL Sunday Night (ဂိုးမင်းသား)

October 17, 2021 author ps 0

အဲဗာတန် – ဝက်စ်ဟမ်း အဲဗာတန်အနေနဲ့ ခြေစွမ်းပိုသာသလို အိမ်ကွင်းလည်း ဖြစ်နေတဲ့အချိန်မှာ (=20) သာ အကျောပေးထားတာ စဥ်းစားစရာပါပဲ။ မနေ့က ဗီလာပွဲလိုမျိုး အိမ်ရှင်က ခပ်ပါးပါးပဲ ပေးထားပြီး လုပ်စားသွားနိုင်တယ်။ အိမ်ကွင်းပွဲတိုင်းနိုင်ထားပြီး ပေးဂိုးကလည်း 2ဂိုးပဲရှိတဲ့ အဲဗာတန်က စျေးအရ မက်လောက်စရာဖြစ်နေတယ်။ ဝက်စ်ဟမ်းကလည်း အဝေးကွင်း […]

လူကျွံစည်းမျဉ်းအပြောင်းအလဲလုပ်ဖို့လိုအပ်နေကြောင် းပြသနေတဲ့နောက်ထပ်သာဓကတစ်ခုပါ။ ဆာလက်ကလူကျွံနေတယ် – ဒန်နီဟစ်ဂီဘိုသမ်

October 17, 2021 author ps 0

ဝက်ဖို့ဒ်နဲ့ပွဲတွင်လီဗာပူးအသင်းရရှိတဲ့တတိယဂိုးကြောင့်လူကျွံဘော စည်းမျဉ်းအပြောင်းအလဲပြုလုပ်ရန်တောင်းဆိုမှုများရှိလာခဲ့ပါတယ်။ လီဗာပူးက၂-ဝဂိုးဖြင့်ဦးဆောင်နေစဉ်အင်ဒီရောဘတ်ဆင်ဟာ မိုဟာမက်ဆာလက်ထံသို့ ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဝက်ဖို့ဒ်ကစားသမားခရစ်ကက်ကတ်ကလူကျွံနေတဲ့မိုဟာမက်ဆာလက်ထံသို့ ဘောလုံးကိုလျောထိုးတားဆီးခဲ့ပါတယ်။ နောက်ခံလူနဲ့ထိလာတဲ့ဘောလုံးကို ဂိုးသမားဖော်စတာကကာကွယ်မှုပြုလုပ်ခဲ့ရပြီးဘောလုံးမှာပြန်အံထွက်လာကာ ဖာမီနိုကလီဗာပူးရဲ့တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။ မိုဟာမက်ဆာလက်မှာ ဘောလုံးနဲ့ထိခဲ့ခြင်းမရှိရာဒိုင်လူကြီးက လူကျွံဘောမပေးခဲ့ပါဘူး။ ဒါပေမယ့်ကက်ကတ်မှာအီဂျစ်တောင်ပံကစားသမားထံသို့ ဘောလုံးမရောက်အောင် တားဆီးမှုပြုလုပ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း BT Sport မှအစီအစဉ်တင်ဆက်သူဂျာမိန်းဂျီးနပ်စ်က ယင်းဂိုးမှာခွင့်ပြုရရန်သေချာနေသော်လည်း စည်းမျဉ်းမှာမှားယွင်းနေတဲ့ ယူဆရပြီးအပြောင်းအလဲလုပ်ရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။ ဒိုင်လူကြီးဟာဘောလုံးမှာဆာလက်နဲ့ထိခဲ့ခြင်းမရှိမှုနဲ့အတူ VAR […]

ပွဲအပြီးမှာ မိမိတို့ အသင်းဟာ အရှုံးရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ပေါ့ဘာ ပြောဆို

October 17, 2021 author ps 0

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ် မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၄−၂) ဂိုး နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတဲ့ မန်ယူအသင်းအနေနဲ့ အဆိုပါ ရှုံးပွဲကြောင့် အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ကောင်းကိုပါ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ မန်ယူကွင်းလယ်လူ ပေါ့ဘာကတော့ […]

ဆာလက်ဂိုးသွင်းယူမှုကိုကြည့်ပြီး အကြီးအကျယ်အံ့ဩနေခဲ့တဲ့ ကလော့ပ်

October 17, 2021 author ps 0

ဂျာဂင်ကလော့ပ်ဟာဝက်ဖို့ဒ်အား၅-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှမိုဟာမက်ဆာလက်ရဲ့ တကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးအပေါ်အံမခန်းတုံ့ပြန်မှုပြုလုပ်လာပါတယ်။ အီဂျစ်စူပါစတားမိုဟာမက်ဆာလက်ဟာဝက်ဖို့ဒ်အား၅-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ ပွဲစဉ်မှာလီဗာပူးအတွက်အဖွင့်ဂိုးအားဆာဒေယိုမာနေးသွင်းယူနိုင်အောင်လှပတဲ့ ပေးပို့ချက်ဖြင့် ဖန်တီးမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒုတိယပိုင်းမှာယခုရာသီရဲ့ အကောင်းဆုံးဂိုးများထဲမှတစ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ သူဟာဝက်ဖို့ဒ်ဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်ဝိုင်းရံထားတဲ့ ဝက်ဖို့ဒ်နောက်ခံလူများအကြားမှအနီးကပ်ဘောလုံးအထိမ်းအသိမ်း၊ အလိမ်အခေါက်များဖြင့်ကျော်ဖြတ်ကာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ သူဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီမန်စီးတီးနှင့်ပွဲတုန်းကမန်စီးတီး နောက်ခံလူများကိုအရှုးလုပ်ကာတကိုယ်တော်အစွမ်းဖြင့်အံ့မခန်း ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဆက်တိုက်ဆိုသလိုနောက်ထပ် တကိုယ်တော်အစွမ်းဖြင့်ဂိုးတစ်ဂိုးထပ်မံသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဂျာဂင်ကလော့ပ်ဟာမိုဟာမက်ဆာလက်ဂိုးသွင်းယူမှုကိုကြည့်ပြီးနောက် အကြီးအကျယ်အံ့ဩနေခဲ့တာတွေ့ရပါတယ်။ ယင်းပွဲမှာဖာမီနိုက ဟက်ထရစ်သွင်းယူကာဘောလုံးကိုအိမ်အပြန်မှာယူဆောင်သွားခဲ့ပေမယ့်လည်း မိုဟာမက်ဆာလက်ကိုလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ငြင်းခုန်နေကြပြီဖြစ်ပါတယ်။ ကလော့ပ်ကလက်ရှိဘောလုံးလောကတွင် ဆာလက်လောက်ကောင်းတဲ့ကစားသမားမရှိကြောင်းရှင်းရှင်းလင်းလင်း ပြသနေပြီဖြစ်ကြောင်းပြောကြားသွားပါတယ်။ ဆာလက်ဟာယခုရာသီမှာလီဗာပူးအတွက်ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားရာမှာ ၇ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။ […]

ရပ်ရှ်ဖို့ဒ်ရဲ့ချေပဂိုးသွင်းပြီး ၁၅ စက္ကန့်အတွင်း လက်စတာအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဗာဒီ

October 17, 2021 author ps 0

မန်ယူဟာလက်စတာအား၄-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာရပ်ရှ်ဖို့ဒ်ကချေပဂိုး သွင်းယူပြီးနောက်ချက်ချင်းဆိုသလိုတစ်မိနစ်မပြည့်ခင်မှာဘဲအနိုင်ဂိုးပေးခဲ့ရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာလက်စတာအား၂-၁ဂိုးဖြင့်ရှုံးနိမ့်နေချိန်မှာ လူးစားဝင်ရောက်ပြီး၁၀မိနစ်အကြာမှာဘဲလင်ဒီလော့ဖ်ရဲ့ပေးပို့မှုကနေ မန်ယူအတွက်ချေပဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ရပ်ရှ်ဖို့ဒ်ဟာဆိုယန်ကူက လက်စတာအတွက်ဦးဆောင်ဂိုးသွင်းယူပြီးမိနစ်အနည်းငယ်အကြာမှာ မန်ယူအတွက်ချေပဂိုးကိုသွင်းယူခဲ့တာပါ။ ဒါပေမယ့်ရပ်ရှ်ဖို့ဒ်ရဲ့မန်ယူအတွက် ချေပဂိုးကတစ်မိနစ်တောင်မခံပါဘူး။ တစ်မိနစ်အတွင်းမှာဘဲဗာဒီကချေပ ဂိုးသွင်းခဲ့ပါတယ်။အတိအကျပြောရမယ်ဆိုရင် ၁၅စက္ကန့်ဘဲကြာမြင့်ခဲ့ပါတယ်။ ဗာဒီဟာပီရက်ဇ်ရဲ့ဖန်တီးမှုကနေ မန်ယူပင်နယ်တီဧရိယာအတွင်းကနေ Half Volley ကန်ပြီး လက်စတာအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ အဖြစ်အပျက်ကအင်မတန်လျှင်မြန်လွန်းလှတာကြောင့် မန်ယူရဲ့တွစ်တာ အပါအဝင်ဆိုရှယ်မီဒီယာအက်ဒမင်တွေတောင် ရပ်ရှ်ဖို့ဒ်ကချေပဂိုး သွင်းလိုက်ပြီဖြစ်ကြောင်း အားရပါးရမပြောကြားမီသွင်းယူလိုက်တာလည်းဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာဒါကာကအနီးကပ်ပိတ်သွင်းပြီးမန်ယူကို၄-၂ဂိုးဖြင့်အနိုင်ရရှိစေမယ့် […]

ဆိုးလ်ရှားကို Goodbye လို့ပြောဖို့ လုံလောက်တဲ့အနေအထားဖြစ်နေပါပြီ

October 17, 2021 author ps 0

ယူနိုက်တက်ပရိသတ်တစ်ယောက်ဖြစ်နေပြီး ကိုယ့်အသင်းရှုံးပွဲတွေ့လို့ ပျော်ရတာ ဒေးဗစ်မွိုက်စ်ထွက်ခွာနီး၊ ဗန်ဟားလ်အထုတ်ခံရခါနီး၊ မော်ရင်ဟို ပြုတ်ခါနီးနဲ့ အခု လက်စတာနဲ့ပွဲအပြီးမှာပဲဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ချေပဂိုးသွင်းလိုက်ချိန်မှာတောင် ဒီကောင် ဘာလို့ ဂိုးသွင်းလိုက်ရတာလဲဆိုပြီးတော့ စိတ်ထဲ မကျေမနပ်ဖြစ်မိသေးတယ်။ အခုဆိုရင် ဆိုးလ်ရှားရဲ့နည်းပြရာထူးကို ကာကွယ်ပေးဖို့ နောက်ဆုံး ဆင်ခြေလေးဖြစ်တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်က (၂၉)ပွဲနဲ့ ရပ်တန့်သွားပြီ။ ခြေစွမ်းအရလည်း တကယ်ရှုံးသင့်တဲ့ပွဲမျိုးပါပဲ။ […]

ဆိုဆီဒက်ကို ယုံကြည်ပါ (ကိုရွှေမောင်း)

October 16, 2021 author ps 0

လီဗန်တေး 🆚 ဂီတာဖေး လီဗန်တေးက လာလီဂါ ၁၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်နေတယ်။ လာလီဂါ ၃ ပွဲဆက် ဆဲလ်တာဗီဂို ဘာစီလိုနာ မာယော့ကာတို့ကို ဂိုးမသွင်းနိုင်ဘဲ ရှံးခဲ့တယ်။ ဒါပေမယ့် ဂီတာဖေးကို ပြိုင်ပွဲစုံ အိမ်ကွင်း ၉ပွဲဆက် မရှုံးခဲ့သလို အိမ်ကွင်း ၂ပွဲ ဆက်တိုက်နိုင်ထားတယ်။ လီဗန်တေးနဲ့အတူ […]