တောရက်စ် ဒဏ်ရာကြောင့် ဂွါဒီယိုလာ ခေါင်းခဲစရာဖြစ်လာ
October 15, 2021 author ps 0
ရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းများ
October 15, 2021 author ps 0
ရော်နယ်ဒိုဟာ ကစားသမား ဘဝတလျှောက်မှာ မယုံနိုင်စရာ စံချိန်တွေ ချိုးဖျက်နိုင်ခဲ့ပြီး၊ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ ချီးကျူးဂုဏ်ပြုမှုများစွာကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက်အရွယ်ကို ဂရုစိုက်စရာမလိုဘဲ ယူနိုက်တက် အသင်းရဲ့ ဆုဖလားလက်မဲ့ ကာလကို အဆုံးသတ်နိုင်အောင် ကူညီဖို့အတွက် အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိ လာခဲ့သူဖြစ်ပြီး၊ရှေ့ဆက် သူ့ရဲ့ ကစားသမားဘဝမှာ […]
အဆင့် ၅ နေရာသို့ ထိုးကျတော့မယ့် အင်္ဂလန်
October 15, 2021 author ps 0
အင်္ဂလန်အသင်းဟာဟန်ဂရီအသင်းနှင့်သရေကျခဲ့မှုနဲ့အတူဖီဖာရဲ့ အောက်တိုဘာလအတွက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်၅သို့ကျဆင်းလတော့မှာဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့လတုန်းကသမိုင်းတစ်လျှောက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အမြင့်ဆုံးအဆင့်အဖြစ် အဆင့်၃နေရာသို့အထိတက်လှမ်းနိုင်ခဲ့ပါတယ်။ ဖီဖာအဆင့်သတ်မှတ်ချက်အဆင့်၃နေရာကိုနေးရှင်းလိဂ်ချန်ပီယံပြင်သစ်အသင်းက ရယူလာမှာဖြစ်ပြီးအဆင့်၄နေရာကိုယူရိုချန်ပီယံအီတလီကရယူလာပါမယ်။ ဖီဖာကမ္ဘာ့အဆင့်၁နေရာကိုသုံးနှစ်ကျော်ကြာရယူလာခဲ့တဲ့ဘယ်လ်ဂျီယံဟာ ပြင်သစ်နှင့်အီတလီတို့ကိုဆက်တိုက်ရှုံးနိမ့်ပေမယ့်နေရာကိုဆက်လက်ရယူလာပါဦးမယ်။ အင်္ဂလန်အသင်းဟာလာမယ့်လတွင်အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့် ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲနှစ်ပွဲမှဖီဖာအဆင့် အတွက်ရမှတ်အမြင့်ဆုံးအဖြစ် ၅မှတ်ရယူနိုင်ပါမယ်။ အင်္ဂလန်အနေဖြင့်ဖီဖာအဆင့်အတွက်၄မှတ်ရယူနိုင်မည်ဆိုပါက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဦးစားပေးဆီဒင်ရရှိဖို့သေချာလာပါမယ်။ zawgyi အဆင့် ၅ နေရာသို့ ထိုးကျတော့မယ့် အင်္ဂလန် အင်္ဂလန်အသင်းဟာဟန်ဂရီအသင်းနှင့်သရေကျခဲ့မှုနဲ့အတူဖီဖာရဲ့ အောက်တိုဘာလအတွက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် […]
ဗီဒစ်နှင့်အီဗရာ သူတို့နှစ်ဦးဟာစကားများရန်ဖြစ်ခဲ့ကြပြီးသုံးလအထိစကားမပြောဘဲနေခဲ့ကြကြောင်း အီဗရာဖွင့်ချလာ
October 15, 2021 author ps 0
နီမင်ဂျာဗီဒစ်နှင့်ပက်ထရစ်အီဗရာတို့ဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်တွင်ရှစ်နှစ်ကြာအတူတကွတွဲကစားလာခဲ့ကြတဲ့သူများဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၅ကြိမ်၊ချန်ပီယံလိဂ်ဖလား ၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဆားဘီယားသားနှင့်ပြင်သစ်သားတို့ဟာ အိုးထရက်ဖို့ဒ်မှာအခင်ဆုံးသူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။ဒါပေမယ့် သူတို့အကြားဆက်ဆံရေးကအမြဲတမ်းအဆင်ပြေမနေပါဘူး။သူတို့နှစ်ဦးဟာ စကားများရန်ဖြစ်ခဲ့ကြပြီးသုံးလအထိစကားမပြောဘဲနေခဲ့ကြပါတယ်။ ယင်းနှင့်ပတ်သက်ပြီးအီဗရာက “ကျွန်တော်တို့ကတချိန်တည်းမှာရောက်တယ်။ အတူရုန်းကန်ခဲ့ကြတယ်။ဟိုတယ်တစ်ခုတည်းမှာအတူနေခဲ့ကြတယ်။ မှတ်မိသေးတယ်။အစပိုင်းတုန်းကသူနဲ့ကျွန်တော်နဲ့ကစားတာဆိုးတယ်။ နည်းပြကအရန်အသင်းမှာကစားခဲ့ရတယ်။နည်းပြကရီနီ(မူလန်စတီး)ပါ။ ၄၅မိနစ်ကြာတော့သူကကျွန်တော်တို့ကိုလူစားလဲလိုက်တယ်။အဝတ်အစားလဲခန်း ရောက်တော့ဗီဒါကသူ့အေးဂျင့်ဖုန်းဆက်တယ်၊မော်စကိုသို့ပြန်မယ်လို့ပြောပါတယ်။ ကျွန်တော့်အေးဂျင့်ကလည်းဖုန်းဆက်တယ်။ရိုးမားကစိတ်ဝင်စားနေတယ်လို့ ပြောပါတယ်။တော်တော်ခက်ခဲခဲ့တာပါ။ဒီတော့အတူရုန်းကန်ခဲ့ကြတာပါ။ ဒါကြောင့်လည်းဗီဒါကိုကျွန်တော်အများကြီးလေးစားခဲ့တာပါ”လို့ပြောကြားသွားပါတယ်။ ယင်းနောက်အီဗရာဟာဗီဒစ်နှင့်သူ့အကြားပြဿနာတက်မှုကိုဖွင့်ချလာပါတယ်။ သူတို့နှစ်ဦးဘာအကြောင်းကြောင့်ပြဿနာတက်ခဲ့သလဲဆိုတာကိုတော့မသိရပါဘူး။ ၂၀၁၁ခုနှစ်နိုဝင်ဘာလတုန်းကဆန်းဒါးလန်းကို၁-ဝဂိုးနဲ့အနိုင်ရတဲ့ပွဲမှာဖာဂူဆန်ဟာ ရီယိုဖာဒီနန်ကိုဘယ်ခြမ်းဗဟိုခံစစ်မှာကစားစေပါတယ်။ အီဗရာက “သူနဲ့ကျွန်တော် ရန်ဖြစ်ခဲ့တယ်။သုံးလလောက်စကားမပြောကြဘူး။ […]
သံသယလုံးဝမရှိဘဲကျွန်တော့်အတွက်ရွေးချယ်လာမယ့်သူကတော့ကာရမ်ဘန်ဇီးမားပါ – ရော်နယ်ဒို
October 15, 2021 author ps 0
ရော်နယ်ဒိုဟာယခုနှစ် Ballon d’Or ဆုကို လီယွန်နယ်မက်ဆီကခုနှစ်ကြိမ် မြောက်အဖြစ်ဆွတ်ခူးသင့်တယ်လို့လုံးဝမထင်ပါဘူး။ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးက သူသာဆိုရင် ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကြာထိပ်တန်းအဆင့်မှာဆက်တိုက် ကစားလာခဲ့တဲ့ တိုက်စစ်မှူးကိုဘဲရွေးချယ်မယ်လို့ဆိုလာပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက 2021 Ballon d’Or ဆုအတွက်ဆန်ကာတင် ကစားသမား၃၀ဦးစာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။လီယွန်နယ်မက်ဆီက သူ့ရဲ့ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုအဖြစ်ဆွတ်ခူးရန်ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။ ဒါ့အပြင်မက်ဆီနဲ့အတူအခြားရေပန်းစားနေသူများကတော့ ချဲလ်ဆီးအလယ်တန်းကစားသမားများဖြစ်ကြတဲ့ဂျော်ဂျင်ဟိုနှင့်အန်ဂိုလိုကန်တီတို့ ဖြစ်ပါတယ်။ဒါ့အပြင်နှစ်၅၀ကြာဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကိုရိုက်ချိုးခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီးကလည်းရေပန်းစားသူများထဲမှာပါဝင်ပါတယ်။ […]
ဖာဂူဆန်က အာစင်ဝင်းဂါးရဲ့ တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့မှုမှာ သူ့ရဲ့အိုးထရက်ဖို့ဒ်နည်းပြဘဝရယူခဲ့အောင်မြင်မှုအားလုံးထက်သာလွန်ကြောင်း ဝန်ခံ
October 15, 2021 author ps 0
ဆာအဲလက်စ်ဖာဂူဆန်ကအာစင်ဝင်းဂါးရဲ့အာဆင်နယ်အသင်းနှင့်အတူ တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့မှုမှာသူ့ရဲ့ အိုးထရက်ဖို့ဒ် နည်းပြဘဝရယူခဲ့အောင်မြင်မှုအားလုံးထက်သာလွန်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အသက်၇၉နှစ်ရှိဖာဂူဆန်နှင့်အာစင်ဝင်းဂါးတို့ဟာ ပရီးမီးယားလိဂ်တွင် ၁၇နှစ်ရာသီတိုင်တိုင်ပြင်းထန်တဲ့ပြိုင်ဘက်များအဖြစ် ပြိုင်ဆိုင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်ခန့်တုန်းက ဦးနှောက်သွေးယိုမှုကြောင့်အသက်ဆုံးရှုံးရလုနီးပါးအထိဖြစ်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ဟာ Amazon Prime ကရိုက်ကူးတဲ့ အာစင်ဝင်းဂါးအကြောင်းမှတ်တမ်းရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာအိုးထရက်ဖို့ဒ်တွင်ဆယ်စုနှစ်သုံးခုနီးပါး တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း၁၉၉၈-၉၉ခုနှစ်တုန်းကအရေးပါတဲ့ ဆုဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၂ကြိမ်နှင့် ပရီးမီးယားလိဂ်ဖလား၁၃ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ တစ်ဖက်တွင်အာစင်ဝင်းဂါးဟာလည်း၂၀၀၃-၀၄ရာသီတုန်းက တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ကာ ၁၈၈၈-၈၉ရာသီတုန်းကပရက်စ်တန်နောက်ပိုင်းတစ်ရာသီရှုံးပွဲမရှိဖြင့် အဆင့်မြင့်တန်းဖလားဆွတ်ခူးနိုင်တဲ့ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။ […]
ဘက်ပေ၊ ပေါ့ဘာနှင့် အန်တိုနီယိုရူဒီဂါတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် တပြိုင်တည်းခေါ်ဖို့ စိုင်းပြင်းနေတဲ့ မက်ဒရစ်
October 14, 2021 author ps 0
ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားသုံးဦးကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့စိုင်းပြင်းလုပ်ဆောင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေး၊မန်ယူစတားပေါလ်ပေါ့ဘာနှင့် ချဲလ်ဆီးစတားအန်တိုနီယိုရူဒီဂါတို့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စီစဉ်နေပါတယ်။ ကိုင်လီယန်ဘက်ပေးဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်ရဲ့အကြိမ်ကြိမ် ကမ်းလှမ်းမှုရရှိခဲ့ပေမယ့်ပီအက်စ်ဂျီသို့ပယ်ချမှုကြောင့်အသင်း မပြောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။သူဟာယခုရာသီအကုန်မှာပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘဲထွက်ခွာမယ်လို့ တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကလာမယ့်ဇန်နဝါရီတွင် ဘက်ပေးကိုအကြိုစာချုပ်ချုပ်ဆိုနိုင်ရေးကြိုးစားသွားမယ်လို့တရားဝင် ထုတ်ဖော်ပြောကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ပေးအပြင် သူ့ရဲ့ပြင်သစ်လက်ရွေးစင်ကစားဖော်ပေါ့ဘာကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်မျှော်လင့်နေပါတယ်။ပေါ့ဘာဟာရီးရဲလ်မက်ဒရစ်ရဲ့ကာလရှည်ကြာ ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။ပေါ့ဘာဟာလည်းယခုရာသီအကုန်တွင်မန် ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ နွေရာသီတုန်းကမန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ပေါ့ဘာဟာ အစောပိုင်းတုန်းကမန်ယူတွင်မပျော်ပေမယ့်ယခုအခါမန်ယူတွင်ပျော်ရွှင်နေပြီး ခရစ္စမတ်မတိုင်မီစာချုပ်သစ်ချုပ်ဆိုမယ်လို့သတင်းထွက်နေပါတယ်။ မန်ယူဟာဗာရိန်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ရှိနေမှုကြောင့်ပေါ့ဘာကို အသင်းတွင်ဆက်ကစားရန်ဆွဲဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။ တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ […]
ဘရိုက်တန်ကွင်းလယ်ကစားသမားဘစ်ဆူမာ အာမခံဖြင့်ပြန်လွတ်
October 14, 2021 author ps 0
မက်ဂွိုင်းယားမပါဘဲ ယူနိုက်တက်တို့ ပွဲကြပ်ကာလကို ဘယ်လို ကျော်ဖြတ်မလဲ
October 14, 2021 author ps 0
မန်ယူဟာယခုအပတ်အကုန်လက်စတာနှင့်ပရီးမီးယားလိဂ်အဝေးကွင်းအတွက် ခံစစ်ပိုင်း ကစားသမားရွေးချယ်ဖို့အလွန်နည်းပါးနေပါတယ်။မှတ်တမ်းများအရ မန်ယူဟာအခြေအနေဆိုးရွားသထက်ဆိုးရွားလာနိုင်ကြောင်းတွေ့နေရပြန်ပါတယ်။ လက်ရှိအချိန်မှာအသင်းခေါင်းဆောင်မက်ဂွိုင်းယားကခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတုန်းဖြစ်ပါတယ်။တစ်ဖက်တွင်ပြင်သစ်နောက်ခံလူရာဖေးလ်ဗာရိန်းက စပိန်နှင့်ပွဲမှာပေါင်ခြံကြွက်သားဒဏ်ရာရရှိလို့အနားယူရပါဦးမယ်။ မက်ဂွိုင်းယားကမကြာခင်ပြန်ကစားနိုင်ဖို့ရှိပေမယ့်ဗာရိန်းကတော့ရက်သတ္တပတ် အနည်းငယ်ကြာအနားယူရပါမယ်။ ဒါကြောင့်လည်းမန်ယူနည်းပြဆိုးလ်ရှားဟာ လက်စတာနှင့်ပွဲစဉ်မှာဗစ်တာလင်ဒီလော့ဖ်နှင့်အဲရစ်ဘိုင်လီကိုဗဟိုခံစစ်ကြောင်းကို အသုံးပြုလာရပါတော့မယ်။ သူတို့နှစ်ဦးတွဲကစားခဲ့တဲ့သမိုင်းကြောင်းကိုလိုက်ကြည့်ရင် မန်ယူရဲ့ခံစစ်ပိုင်းကဆိုးရွားနေတာတွေ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာမက်ဂွိုင်းယား မန်ယူသို့ပေါင်၈၅သန်းဖြင့်ရောက်လာပြီးနောက်ပိုင်းမှာ အဲရစ်ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ဟာ၁၈ကြိမ်တိုင်တိုင်တွဲကစားခဲ့ဖူးပါတယ်။ ယင်း၁၈ပွဲမှာတစ်ပွဲပျမ်းမျှ၁.၃၉ဂိုးပေးရပြီးဂိုးမပေးရတဲ့ရာခိုင်နှုန်း၂၂ရာခိုင်နှုန်းဘဲ ရှိကာအနိုင်ရာခိုင်နှုန်းကလည်း၄၄ရာခိုင်နှုန်းဘဲရှိပါတယ်။ ဒါပေမယ့်မက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ်တွဲကစားချိန်မှာတော့မန်ယူဟာတစ်ပွဲပျမ်းမျှ ၁.၀၂ဂိုးနှုန်းသာပေးရတာတွေ့ရပါတယ်။မက်ဂွိုင်းယားနှင့်ဘိုင်လီတို့တွဲကစားချိန်မှာ တစ်ပွဲပျမ်းမျှပေးဂိုး၁ဂိုးဘဲရှိပါတယ်။ တစ်ဖက်တွင်မက်ဂွိုင်းယားနှင့်ဘိုင်လီတို့ တွဲကစားခဲ့တဲ့၁၉ပွဲမှာ၅၃ရာခိုင်နှုန်းဂိုးမပေးရပါဘူး။မက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ် တွဲကစားတဲ့အခါမှာတော့၃၆ရာခိုင်နှုန်းပဲဂိုးမပေးရပါဘူး။၎င်းတို့နှစ်ဦးဟာ၈၄ပွဲအထိ […]
အာဂျင်တီးနားနဲ့ ဘရာဇီးကို ယုံကြည်လိုက်
October 14, 2021 author ps 0
ဘိုလီးဗီးယား 🆚 ပါရာဂွေး ပီရူးကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစစ်ပွဲတစ်လျောက် ပထမဆုံးပေးဂိုးမရှိပွဲကို ဘိုလီးဗီးယား ရခဲ့တယ်။ ပါရာဂွေးကိုလည်း အိမ်ကွင်းနောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားတယ်။ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်အတွက် ဒီအိမ်ကွင်း ပွဲက အရေးပါနေတယ်။ ပါရာဂွေးက ကိုလံဘီယာနဲ့အတူ ဒီခြေစစ်ပွဲမှာ သရေပွဲကစားဆုံးအသင်း (၆ပွဲ) ဖြစ်နေတယ်။ […]