Person Of The Year ဆုရရှိခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

မန်ယူတိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာနွမ်းပါးတဲ့ကလေးများ စာဖတ်နိုင်အောင်

လုပ်ဆောင်ခဲ့မှုကြောင့် Person of the Year ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်၂၄နှစ်ရှိအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာနွမ်းပါးတဲ့ကလေးငယ်များ

စာဖတ်ရှုနိုင်အောင်အတွက်Book Club တည်ထောင်ကာစာတတ်မြောက်ရေး

အတွက်ရှေ့တန်းမှလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။


သူဟာထုတ်လုပ်ရေးကုမ္ပဏီ Macmilllan Children’s Books နှင့်ပူးပေါင်းကာ

စာအုပ်ပေါင်း၅၀၀၀၀လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ယင်းသို့လုပ်ဆောင်မှုနဲ့အတူမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ The Booksellers မဂ္ဂဇင်းရဲ့

FutureBook Person of the Year ဆုကိုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

The Booksellers ကထုတ်ဝေမှုအပိုင်းတွင်လူများကိုကွဲပြားခြားနားအောင်

လုပ်ဆောင်နိုင်မှုအတွက်ရပ်ရှ်ဖို့ဒ်ကိုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းကြေညာသွားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာကိုဗစ်ကာလတုန်းကလည်းနွမ်းပါးတဲ့ကလေးငယ်များ အဟာရပြည့်

အစားအစာများအခမဲ့စားသုံးခွင့်ရရှိရေးအတွက်ရှေ့တန်းမှလုပ်ဆောင်မှုကြောင့်

ဗြိတိန်ဘုရင်မကြီးရဲ့MBE ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။

ဒါ့အပြင်သူဟာမကြာသေးမီတုန်းကလည်းမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်

ပါရဂူဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရကာယင်းဆုကိုဆွတ်ခူးတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

Zawgyi











