PFA တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ဒီဘရိုင်း အံ့အားသင့်ဖွယ်ရွေးချယ်ခံရ

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ အသင်းဖော်နောက်ခံလူ ဒီယက်စ်နဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ကာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၉-၂၀ ရာသီကလည်း ချန်ပီယံလီဗာပူးနောက် မန်စီးတီးအသင်း ၁၈ မှတ်အထိ ပြတ်ကျန်ခဲ့ပေမယ့် သူကတော့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

ဒီရာသီမှာတော့ အကောင်းဆုံးဆုကို မန်စီးတီးခံစစ်ရဲ့ဦးဆောင်ကစားသမားဖြစ်တဲ့ ဒီယက်စ်နဲ့ ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ်သာ ကွင်းလယ်ဖန်တီးရှင်ဆုပါရရှိခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ထဲက တစ်ဦးဦးရလိမ့်မယ်လို့ သတင်းကြီးခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဒဏ်ရာပြဿနာတွေကြောင့် ဦးစားပေးကစားသမာအဖြစ် ၂၃ပွဲသာ ကစားခွင့်ရရှိခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းက အကောင်းဆုံးဆုရသွားခဲ့ပါတယ်။


ဒီလိုဆုရသွားလို့ ဒီဘရိုင်းဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီနဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမား စီရော်နယ်ဒိုတို့ပြီးနောက် PFA ဆုကို ၂ရာသီဆက် ရရှိတဲ့ တတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ဒီဆုကို ပရော်ဖက်ရှင်နယ်ကစားသမားတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အသက် ၂၉ နှစ်အရွယ်ရှိ ဒီဘရိုင်း ဆုရသွားခြင်းအပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။


”ဟယ်ရီကိန်းရဲ့သွင်းဂိုးပါဝင်ပတ်သက်မှုအရေအတွက်က ဒီဘရိုင်း ပါဝင်ကစားတဲ့ပွဲအရေအတွက်ထက်တောင် ပိုများနေတယ်။ စိတ်ပျက်စရာဆုံးဖြတ်ချက်ပါပဲ”
”ပရီးမီးယားလိဂ်မှာ ဟယ်ရီကိန်းရဲ့သွင်းဂိုးအရေအတွက် (၂၃ဂိုး)က ဒီဘရိုင်းရဲ့ပွဲထွက်အရေအတွက်နဲ့ အတူတူပဲလေ။ နေ့ခင်းကြောင်တောင်ကြီး လုယက်ခံလိုက်ရပါပြီ”


”ဟယ်ရီကိန်းထက် ဒီဘရိုင်း ဆုရသွားတာ ဘယ်လိုဖြစ်လို့လဲ။ ဟယ်ရီကိန်းရသင့်တာ အငြင်းပွားစရာတောင်မဖြစ်သင့်ဘူး။ သွင်းဂိုး ၂၃ဂိုး၊ ဂိုးဖန်တီးမှု ၁၄ကြိမ်နဲ့ ဂိုးသွင်းဘုရင်နဲ့ ကွင်းလယ်ဖန်တီးရှင်ဆုတွေရခဲ့တာလေ။ မယုံနိုင်စရာပဲ”
”ဒီဘရိုင်းက PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရသွားတယ်တဲ့။ ဆာလာက ဆန်ခါတင်စာရင်းထဲမှာတောင် မပါဘူး”


”ဒီဘရိုင်းက အံ့ဖွယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် PFA ဆုအတွက် ဆန်ခါတင် ၅ဦးစာရင်းမှာတောင် မပါသင့်ပါဘူး။ ဒီယက်စ်၊ ဟယ်ရီကိန်းနဲ့ ဖာနန်ဒက်စ်တို့ကိုကျော်ပြီး အကောင်းဆုံးဆုရသွားတာက တကယ့်ကိုဟာသတစ်ပုဒ်ပါပဲ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။


ဒီဘရိုင်းရဲ့မန်စီးတီးအသင်းဖော် ကွင်းလယ်လူ ဖိုဒန်က တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Zawgyi
PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ဒီဘ႐ိုင္း အံ့အားသင့္ဖြယ္ေရြးခ်ယ္ခံရ

မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းဟာ အသင္းေဖာ္ေနာက္ခံလူ ဒီယက္စ္နဲ႔ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းတို႔ကို ေက်ာ္ျဖတ္ကာ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ဒီဘ႐ိုင္းဟာ ၂၀၁၉-၂၀ ရာသီကလည္း ခ်န္ပီယံလီဗာပူးေနာက္ မန္စီးတီးအသင္း ၁၈ မွတ္အထိ ျပတ္က်န္ခဲ့ေပမယ့္ သူကေတာ့ အျငင္းပြားဖြယ္မရွိ အေကာင္းဆုံးကစားသမားဆုရရွိခဲ့ပါတယ္။
ဒီရာသီမွာေတာ့ အေကာင္းဆုံးဆုကို မန္စီးတီးခံစစ္ရဲ႕ဦးေဆာင္ကစားသမားျဖစ္တဲ့ ဒီယက္စ္နဲ႔ ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္သာ ကြင္းလယ္ဖန္တီးရွင္ဆုပါရရွိခဲ့တဲ့ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းတို႔ထဲက တစ္ဦးဦးရလိမ့္မယ္လို႔ သတင္းႀကီးခဲ့တာပါ။
ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ဦးစားေပးကစားသမာအျဖစ္ ၂၃ပြဲသာ ကစားခြင့္ရရွိခဲ့တဲ့ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘ႐ိုင္းက အေကာင္းဆုံးဆုရသြားခဲ့ပါတယ္။
ဒီလိုဆုရသြားလို႔ ဒီဘ႐ိုင္းဟာ အာဆင္နယ္ဂႏၴ၀င္တိုက္စစ္မွဴး အြန္နရီနဲ႔ ယူႏိုက္တက္ဂႏၴ၀င္ကစားသမား စီေရာ္နယ္ဒိုတို႔ၿပီးေနာက္ PFA ဆုကို ၂ရာသီဆက္ ရရွိတဲ့ တတိယေျမာက္ကစားသမားျဖစ္လာပါတယ္။

ဒီဆုကို ပေရာ္ဖက္ရွင္နယ္ကစားသမားေတြက ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ရွိ ဒီဘ႐ိုင္း ဆုရသြားျခင္းအေပၚ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။
”ဟယ္ရီကိန္းရဲ႕သြင္းဂိုးပါ၀င္ပတ္သက္မႈအေရအတြက္က ဒီဘ႐ိုင္း ပါ၀င္ကစားတဲ့ပြဲအေရအတြက္ထက္ေတာင္ ပိုမ်ားေနတယ္။ စိတ္ပ်က္စရာဆုံးျဖတ္ခ်က္ပါပဲ”
”ပရီးမီးယားလိဂ္မွာ ဟယ္ရီကိန္းရဲ႕သြင္းဂိုးအေရအတြက္ (၂၃ဂိုး)က ဒီဘ႐ိုင္းရဲ႕ပြဲထြက္အေရအတြက္နဲ႔ အတူတူပဲေလ။ ေန႔ခင္းေၾကာင္ေတာင္ႀကီး လုယက္ခံလိုက္ရပါၿပီ”
”ဟယ္ရီကိန္းထက္ ဒီဘ႐ိုင္း ဆုရသြားတာ ဘယ္လိုျဖစ္လို႔လဲ။ ဟယ္ရီကိန္းရသင့္တာ အျငင္းပြားစရာေတာင္မျဖစ္သင့္ဘူး။ သြင္းဂိုး ၂၃ဂိုး၊ ဂိုးဖန္တီးမႈ ၁၄ႀကိမ္နဲ႔ ဂိုးသြင္းဘုရင္နဲ႔ ကြင္းလယ္ဖန္တီးရွင္ဆုေတြရခဲ့တာေလ။ မယုံႏိုင္စရာပဲ”
”ဒီဘ႐ိုင္းက PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရသြားတယ္တဲ့။ ဆာလာက ဆန္ခါတင္စာရင္းထဲမွာေတာင္ မပါဘူး”

”ဒီဘ႐ိုင္းက အံ့ဖြယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ PFA ဆုအတြက္ ဆန္ခါတင္ ၅ဦးစာရင္းမွာေတာင္ မပါသင့္ပါဘူး။ ဒီယက္စ္၊ ဟယ္ရီကိန္းနဲ႔ ဖာနန္ဒက္စ္တို႔ကိုေက်ာ္ၿပီး အေကာင္းဆုံးဆုရသြားတာက တကယ့္ကိုဟာသတစ္ပုဒ္ပါပဲ”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
ဒီဘ႐ိုင္းရဲ႕မန္စီးတီးအသင္းေဖာ္ ကြင္းလယ္လူ ဖိုဒန္က တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ ေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။