Player of the Year ဆုကို စီရော်နယ်ဒိုရခဲ့သေးပေမယ့် လီဝန်ဒေါစကီး ထံလွှဲပေးခဲ့တယ်လို့ဆို

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီနဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ Dubai Globe Soccer Awards ဆုပေးပွဲမှာ ရာစုနှစ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလိုသူရထားတဲ့ Player of the Year ဆုကိုလည်း လီဝန်ဒေါစကီးထံလွှဲပေးပြီး သူ့ရဲ့သဘောထားကြီးမှုကို ပြသသွားခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

ဒီဆုအတွက် ပရိသတ် တွေက အွန်လိုင်းကနေမဲပေးကြရတာဖြစ်ပြီး အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ Player of the Year ဆုအတွက် မဲရရှိမှုမှာ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး ကိုကျော်ကာမဲအများဆုံးရကာ ထိပ်ဆုံးကနေရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့Tuttosport ရဲ့ဖော်ပြချက်အရ စီရော်နယ်ဒိုနဲ့ သူ့အေးဂျင့် ဂျော့မန်ဒက်စ်တို့ ဟာ Player of the Year ဆုကိုလီဝန်ဒေါစကီး သာရသင့်တယ်လို့ ယူဆပြီး ဆုကိုအဲဒီပိုလန်သားဆီလွှဲပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ သူ့ရဲ့နာမည်ကျော်ကြားမှုကြောင့်သာ မဲအများဆုံးရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတကယ်ခြေစွမ်းပြနိုင်ခဲ့တဲ သူက လီဝန်ဒေါစကီးသာဖြစ်လို့ သူသာဒီဆုကိုရယူလိုက်မယ်ဆိုရင် မမျှတရာကျမယ်လို့ယုံကြည်ပြီး လွှဲပေးလိုက်တာလည်းဖြစ်တယ်လို့ အဲဒီသတင်းစာက ဆိုပါတယ်။

အခုသတင်းကို မီဒီယာတွေကသာဖော်ပြနေကြတာဖြစ်ပြီး ဆုပေးတဲ့အဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ချင်းတော့မရှိသေးပါဘူး။ ဒီသတင်းသာမှန်ခဲ့မယ်ဆိုရင် စီရော်နယ်ဒိုရဲ့ အပြုအမူဟာလေးစားစရာ ဖြစ်သလို တကယ်ရသင့်တဲ့ လီဝန်ဒေါစကီးရသွားတာကြောင့် အားလုံးအတွက်ကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားတွေရရှိခဲ့ရာမှာ အဓိကကျသူဖြစ်ခဲ့ပြီး ၂၀၂၀ အတွင်း ၅၅ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီပိုလန် သားဟာ မကြာသေးခင်ကလည်း ဖီဖာရဲ့အကောင်းဆုံး ဆုကိုရရှိခဲ့ပါသေးတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



