PSG မှာပဲ ဆက်နေဖို့ဆန္ဒရှိနေပြီး ယူနိုက်တက်ကို ငြင်းဆန်လိုက်တဲ့ ပိုချက်တီနို

အနာဂတ်နဲ့ပတ်သက်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ PSG အသင်းနည်းပြပိုချက်တီနိုဟာ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရာထူးကို ငြင်းဆန်ပြီး

လက်ရှိအသင်းမှာပဲ ဆက်နေဖို့ဆန္ဒရှိနေတယ်လို့သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ယာယီနည်းပြအဖြစ်ခန့်အပ်ထားတဲ့ရန်နစ်ခ်နဲ့

ရာသီကုန်ကျရင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့သူတွေထဲမှာ

ပိုချက်တီနိုလည်းအပါအဝင်ဖြစ်နေပါတယ်။

ဒါပေမဲ့ ပိုချက်တီနိုဟာ PSG အသင်းကိုပဲ ဆက်လက်ကိုင်တွယ်လိုနေပြီး

အသင်းရှေ့ဆက်သွားမယ့်စီမံကိန်းတွေထဲမှာ

သူ့ရဲ့အခန်းကဏ္ဍအခုထက်ပိုပါဝင်ဖို့ဆန္ဒရှိနေတယ်လို့

ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုအနေနဲ့ PSG အသင်းကို အခုထက်ပိုကောင်းတဲ့အသင်းဖြစ်လာအောင်

တည်ဆောက်လိုနေပြီး အသင်းပိုင်ရှင်မျှော်လင့်တကြီးဖြစ်နေတဲ့

ချန်ပီယံလိဂ်ဖလားကို အနာဂတ်မှာရယူပေးချင်နေတာလည်းဖြစ်ပါတယ်။

PSG အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ

လာလီဂါထိပ်သီးရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

ပြိုင်ပွဲကထွက်ခဲ့ပြီး အမြင့်ဆုံးရောက်ရှိခဲ့တာက ၂၀၁၉-၂၀ ရာသီမှာ

ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပဲရှိပါတယ်။

အခုသတင်းက ရာသီကုန်ရင် ပိုချက်တီနိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ပြင်ဆင်နေတဲ့

ယူနိုက်တက်အသင်းအတွက် စိတ်ပျက်စရာဖြစ်ပြီး

ပိုချက်တီနိုကို လက်လွှတ်ရမယ်ဆိုရင် အေဂျက်စ်အသင်းနည်းပြအဲရစ်တန်ဟက်ကို

အာရုံစိုက်ကြိုးပမ်းသွားဖို့ရှိနေပါပြီ။

zawgyi

PSG မွာပဲ ဆက္ေနဖို႔ဆႏၵရွိေနၿပီး ယူႏိုက္တက္ကို ျငင္းဆန္လိုက္တဲ့ ပိုခ်က္တီႏို

အနာဂတ္နဲ႔ပတ္သက္ၿပီး မတည္မၿငိမ္ျဖစ္ေနတဲ့ PSG အသင္းနည္းျပပိုခ်က္တီႏိုဟာ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပရာထူးကို ျငင္းဆန္ၿပီး

လက္ရွိအသင္းမွာပဲ ဆက္ေနဖို႔ဆႏၵရွိေနတယ္လို႔သတင္းထြက္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ယာယီနည္းျပအျဖစ္ခန႔္အပ္ထားတဲ့ရန္နစ္ခ္နဲ႔

ရာသီကုန္က်ရင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး

ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ေရပန္းစားေနတဲ့သူေတြထဲမွာ

ပိုခ်က္တီႏိုလည္းအပါအဝင္ျဖစ္ေနပါတယ္။

ဒါေပမဲ့ ပိုခ်က္တီႏိုဟာ PSG အသင္းကိုပဲ ဆက္လက္ကိုင္တြယ္လိုေနၿပီး

အသင္းေရွ႕ဆက္သြားမယ့္စီမံကိန္းေတြထဲမွာ

သူ႔ရဲ႕အခန္းက႑အခုထက္ပိုပါဝင္ဖို႔ဆႏၵရွိေနတယ္လို႔

ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

ပိုခ်က္တီႏိုအေနနဲ႔ PSG အသင္းကို အခုထက္ပိုေကာင္းတဲ့အသင္းျဖစ္လာေအာင္

တည္ေဆာက္လိုေနၿပီး အသင္းပိုင္ရွင္ေမွ်ာ္လင့္တႀကီးျဖစ္ေနတဲ့

ခ်န္ပီယံလိဂ္ဖလားကို အနာဂတ္မွာရယူေပးခ်င္ေနတာလည္းျဖစ္ပါတယ္။

PSG အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ

လာလီဂါထိပ္သီးရီးယဲလ္အသင္းကို ႏွစ္ေက်ာ့ေပါင္း(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္

ၿပိဳင္ပြဲကထြက္ခဲ့ၿပီး အျမင့္ဆုံးေရာက္ရွိခဲ့တာက ၂၀၁၉-၂၀ ရာသီမွာ

ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ပဲရွိပါတယ္။

အခုသတင္းက ရာသီကုန္ရင္ ပိုခ်က္တီႏိုကို နည္းျပအျဖစ္ခန႔္အပ္ဖို႔ျပင္ဆင္ေနတဲ့

ယူႏိုက္တက္အသင္းအတြက္ စိတ္ပ်က္စရာျဖစ္ၿပီး

ပိုခ်က္တီႏိုကို လက္လႊတ္ရမယ္ဆိုရင္ ေအဂ်က္စ္အသင္းနည္းျပအဲရစ္တန္ဟက္ကို

အာ႐ုံစိုက္ႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။