
မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြသစ်ခန့်အပ်ဖို့ပစ်မှတ်ထားနေတဲ့သူတွေထဲမှာ
တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံထားရတဲ့ PSG အသင်းနည်းပြပိုချက်တီနိုက
လက်ရှိအသင်းမှာပဲ နည်းပြအဖြစ်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖွင့်ဟ
ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့
ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးကို(၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း
နှစ်ပွဲဆက် လီဗာပူးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့အပြင်
ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲမှာလည်း (၁)ပွဲသာအနိုင်ရခဲ့တာကြောင့်
ဆိုးလ်ရှားရဲ့အနာဂတ်က လှုပ်ခတ်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဘုတ်အဖွဲ့ကလာမယ့်ပွဲတွေမှာသာ ရလဒ်မကောင်းခဲ့ရင်
ဆိုးလ်ရှားကို ရာထူးကထုတ်ပယ် သွားဖို့ရှိနေပြီး တစ်ချိန်က စိတ်ဝင်စားခဲ့ဖူးတဲ့
ပိုချက်တီနိုကိုကမ်းလှမ်းဖို့ရှိနေတယ်လို့သတင်းထွက်နေတာပါ။
ဒါပေမဲ့လည်း ပိုချက်တီနိုက အသင်းမှာပဲဆက်နေပြီးတော့
နိုင်ပွဲရယူဖို့သာ အာရုံစိုက်ထားတယ်လို့ဆိုခဲ့ပါတယ်။
ပိုချက်တီနိုက “PSG အသင်းမှာ ကျွန်တော့်အတွက် တစ်ခုတည်းသော
ရည်မှန်းချက်က နောက်ပွဲတွေမှာ အနိုင်ရဖို့ပါပဲ။ မဟုတ်ရင် ဖိအားတွေနဲ့ရင်ဆိုင်ရမှာပါ။
PSG အသင်းက,ကမ္ဘာ့ထိပ်သီးအသင်းတစ်သင်းဖြစ်လို့ အသင်းနဲ့အတူနိုင်ပွဲတွေ
ရယူနိုင်ဖို့ကိုပဲ အဓိကအာရုံစိုက်ထားပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။
zawgyi
PSG အသင္းနည္းျပပိုခ်က္တီႏိုက လက္ရွိအသင္းမွာပဲ နည္းျပအျဖစ္ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ဖြင့္ဟ
မန္ခ်က္စတာယူႏိုက္တက္အသင္းက နည္းျပသစ္ခန႔္အပ္ဖို႔ပစ္မွတ္ထားေနတဲ့သူေတြထဲမွာ
တစ္ဦးအပါအဝင္အျဖစ္သတ္မွတ္ခံထားရတဲ့ PSG အသင္းနည္းျပပိုခ်က္တီႏိုက
လက္ရွိအသင္းမွာပဲ နည္းျပအျဖစ္ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ဖြင့္ဟ
ေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲမွာ မန္စီးတီးကို(၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္အိမ္ကြင္း
ႏွစ္ပြဲဆက္ လီဗာပူးလ္၊ မန္စီးတီးတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့တဲ့အျပင္
ပရီးမီးယားလိဂ္ေနာက္ဆုံး(၆)ပြဲမွာလည္း (၁)ပြဲသာအႏိုင္ရခဲ့တာေၾကာင့္
ဆိုးလ္ရွားရဲ႕အနာဂတ္က လႈပ္ခတ္ေနၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဘုတ္အဖြဲ႕က
လာမယ့္ပြဲေတြမွာသာ ရလဒ္မေကာင္းခဲ့ရင္ ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္
သြားဖို႔ရွိေနၿပီး တစ္ခ်ိန္က စိတ္ဝင္စားခဲ့ဖူးတဲ့ ပိုခ်က္တီႏိုကိုကမ္းလွမ္းဖို႔ရွိေနတယ္လို႔
သတင္းထြက္ေနတာပါ။ ဒါေပမဲ့လည္း ပိုခ်က္တီႏိုက အသင္းမွာပဲဆက္ေနၿပီးေတာ့
ႏိုင္ပြဲရယူဖို႔သာ အာ႐ုံစိုက္ထားတယ္လို႔ဆိုခဲ့ပါတယ္။
ပိုခ်က္တီႏိုက “PSG အသင္းမွာ ကြၽန္ေတာ့္အတြက္ တစ္ခုတည္းေသာ
ရည္မွန္းခ်က္က ေနာက္ပြဲေတြမွာ အႏိုင္ရဖို႔ပါပဲ။ မဟုတ္ရင္ ဖိအားေတြနဲ႔ရင္ဆိုင္ရမွာပါ။
PSG အသင္းက,ကမာၻ႔ထိပ္သီးအသင္းတစ္သင္းျဖစ္လို႔ အသင္းနဲ႔အတူႏိုင္ပြဲေတြ
ရယူႏိုင္ဖို႔ကိုပဲ အဓိကအာ႐ုံစိုက္ထားပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။