Sarriball ကစားဟန်ကို တူချယ် ပြန်အသက်သွင်းနေပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လွန်ခဲ့တဲ့ (၃)နှစ်လောက်က ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး ဆာရီကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ နာပိုလီအသင်းနဲ့ ထင်ရှားခဲ့တဲ့ ဆာရီဟာ ၂၀၁၈ ခုနှစ်မှာ ချယ်လ်ဆီးအသင်းနည်းပြထိုင်ခုံပေါ် ရောက်လာပြီး သူ့ရဲ့ မဟာဗျူဟာဖြစ်တဲ့ Possession Game တစ်နည်းပြောရရင် Sarriball ကစားဟန်ကိုပါ ပရိသတ်တွေဆီ ချပြခဲ့တယ်။

ဒါပေမဲ့ အဲဒီပုံစံက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သိပ်အသုံးမတည့်ခဲ့လို့ အသင်းပရိသတ်တွေရဲ့ ဝေဖန်သံတွေ ဆူညံခဲ့သလို ဆာရီလည်း ချယ်လ်ဆီးအသင်းကို တစ်ရာသီသာ ကိုင်ခဲ့ရပြီး ဂျူဗင်တပ်စ်အသင်းဆီ ရွေ့ခဲ့ရတယ်။

တစ်ခုရှိတာက ဆာရီဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၁၉ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တာကြောင့် ဆိုးရွားတဲ့မှတ်တမ်းတွေနဲ့ လမ်းခွဲရတာမျိုးတော့ မဟုတ်ခဲ့ဘူး။

အခုအချိန်မှာ တော့ တစ်ချိန်တုန်းက ဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့ Sarriball လို Possession Game ကစားဟန်ကို ချယ်လ်ဆီးအသင်းမှာ တစ်ကျော့ပြန်မြင်တွေ့နေရပြီ။

ဒီနည်းဗျူဟာကို ပြန်အသက်သွင်းနေတာက ချယ်လ်ဆီးနည်းပြသစ် တူချယ်ပဲဖြစ်ပါတယ်။

အသင်းရဲ့ဂန္ထဝင်ကြီး လမ်းပတ် နည်းပြရာထူးက ထုတ်ပယ်ခံရပြီး သိပ်မကြာခင်မှာပဲ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ တူချယ်ဟာ သူ ပထမဆုံးကိုင်တွယ်တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ အပြောင်းအလဲတွေလုပ်ခဲ့တယ်။

ကစားကွက်ကို အရင်နည်းပြကွန်တီလက်ထက်က အသုံးပြုခဲ့တဲ့ (၃-၄-၃)ပုံစံ ပြန်ပြင်ခဲ့ပြီး လမ်းပတ်လက်ထက်မှာ နေရာပျောက်ခဲ့သူ တချို့ကိုလည်း ပွဲထွက်စေခဲ့တယ်။

ဝုလ်ဗ်နဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ Possession Game ကို ပီပီပြင်ပြင်ကစားနိုင်ခဲ့သလို ပထမပိုင်းမှာ သူတို့ရဲ့ ဘောလုံးပေးပို့မှုက (၄၃၃)ကြိမ်အထိရှိတာကြောင့် ၂၀၀၃-၀၄ ရာသီကစလို့ (၁၇)ရာသီအတွင်း ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။

ပွဲဦးထွက်မှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကစားပုံအပြောင်းအလဲကို မြင်တွေ့ခဲ့ရပြီး ဒုတိယမြောက်ပွဲမှာတော့ ဘန်လေကို (၂)ဂိုးပြတ်အနိုင်ရခဲ့တဲ့အပြင် ပရိသတ်မြင်ကွင်းထဲက ကာလအတော်ကြာပျောက်ကွယ်နေတဲ့ နောက်ခံလူမားကို့စ်အလွန်ဆိုကလည်း သူပထမဆုံးပြန်ကစားရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာက ကျေနပ်စရာလို့ပြောရမယ်။

အမှန်တကယ်လည်း မားကို့စ်အလွန်ဆိုဟာ အရမ်းကြီးခြေကျသွားတာမျိုး မဟုတ်လို့ သူ့ကို ချောင်ထိုးထားခဲ့တဲ့ လမ်းပတ်ရဲ့လုပ်ရပ်ကို သိပ်တော့နားမလည်ခဲ့ဘူး။

(၃-၄-၃)ကစားကွက်မှာ မားကို့စ်အလွန်ဆိုဟာ အကောင်းဆုံးကစားနိုင်တယ်ဆိုတာ ကွန်တီလက်ထက်ကတည်းက သက်သေပြခဲ့ပြီးပါပြီ။

တူချယ်ရဲ့နောက်ထပ် အပြောင်းအလဲတစ်ခုကတော့ တောင်ပံတိုက်စစ်ကစားသမား အိုဒွိုင်းကို Wing Back အဖြစ် ပြောင်းလဲအသုံးပြုနေတာဖြစ်ပြီး ဘန်လေနဲ့ပွဲမှာ တော်တော်လေးခြေစွမ်းပြနိုင်ခဲ့တယ်။ ဒါပေမဲ့ တူချယ်အတွက် အကြီးမားဆုံးပြဿနာကတော့ လမ်းပတ်ကိုယ်တိုင် ရင်ဆိုင်ခဲ့ပြီး လက်မြှောက်အရှုံးပေးခဲ့ရတဲ့ တိုက်စစ်ပြဿနာပါပဲ။

ဗာနာဟာ အခုအထိ အလွဲလွဲအချော်ချော်ဖြစ်နေဆဲ၊ ဟာဗက်ဇ်က တူချယ်လက်ထက်မှာ တက်ရိပ်နည်းနည်းပြလာပေမယ့် အကောင်းဆုံးပုံစံ မဖြစ်သေးဘူး။ နောက်ပြီး ချယ်လ်ဆီးတိုက်စစ်မှာ ဂိုးသွင်းသေချာတဲ့ ကစားသမား မရှိတာကလည်း ပြဿနာပါပဲ။

တူချယ်အတွက် ပြဿနာဖြစ်နိုင်တဲ့ နောက်တစ်ချက်ကတော့ သူ အခုသုံးနေတဲ့ Possession Game ပဲဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်ရင် ဘောလုံးပိုင်ဆိုင်မှု ပိုများလာတယ်၊ Passing တွေ ပိုထွက်လာတယ်ဆိုပေမယ့် အဆိုးဘက်ကပြောရရင်တော့ အဲဒီအနေအထားကနေ ဂိုးမရရင် ဘာမှမထူးပါဘူး။

အခု ချယ်လ်ဆီးကွင်းလယ်မှာက တိုက်စစ်ကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်တဲ့ Attacking Minded Player ထက် ဘောလုံးကိုင်ကစားနိုင်တဲ့သူတွေသာ ပိုများနေတာပါ။ ဂျော်ဂျင်ဟို၊ ကိုဗာစစ်တို့က Holding Midfielder ပုံစံမျိုးဖြစ်ပြီး ကွန်တေကလည်း အခုနောက်ပိုင်း တိုက်စစ်ကို ကူညီတဲ့နေရာမှာ အရင်လို သိပ်မကောင်းတာကိုတွေ့ရတယ်။ အဲဒါကြောင့် ဘောလုံးကိုင်ထားပြီး Possession Game ကစားတာကောင်းပေမယ့် အဲ့လို ဘောလုံးကိုင်ထားတာကြောင့် ပြိုင်ဘက်အသင်းက ခံစစ်အတွက် ပြင်ဆင်ချိန်ရသွားမှာကို သတိထားရမယ်။

ဥပမာပြောရရင်တော့ ဝုလ်ဗ်လိုမျိုး ခံစစ်ကို စနစ်တကျတည်ဆောက်ပြီး ထိရောက်တဲ့ Counter တွေကစားနိုင်တဲ့အသင်းဆိုရင် ချယ်လ်ဆီး ပြဿနာရှိနိုင်တယ်။ များသောအားဖြင့် ပရီးမီးယားလိဂ် သာမန်အလယ်အလတ်အသင်းတွေဟာ အခုနောက်ပိုင်း ခံစစ်ကစားပုံကောင်းလာတာ၊ Counter Attacking တွေ မှန်လာတာကိုလည်း တွေ့ရတယ်။

အဲဒီလိုအသင်းမျိုးနဲ့တွေ့ရင် Plan B ဘာလုပ်မလဲဆိုတာ တူချယ် ကြိုတွေးထားဖို့တော့လိုပါပြီ။ အခုလောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းမှာ တူချယ်ရဲ့ နည်းစနစ်အပြောင်းအလဲတွေနဲ့အတူ အရင်ကနဲ့မတူတဲ့ပုံစံမျိုးကို မြင်တွေ့နေရပါပြီ။

တူချယ်အနေနဲ့လည်း ချယ်လ်ဆီးအသင်းကို ဘယ်အဆင့်အထိရောက်အောင် ပို့ဆောင်ပေးနိုင်မလဲဆိုတာ လက်ကျန်ရာသီဝက်မှာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Sarriball ကစားဟန္ကို တူခ်ယ္ ျပန္အသက္သြင္းေနၿပီလား

လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္က ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ခဲ့တဲ့ နည္းျပႀကီး ဆာရီကို ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ နာပိုလီအသင္းနဲ႔ ထင္ရွားခဲ့တဲ့ ဆာရီဟာ ၂၀၁၈ ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္းနည္းျပထိုင္ခုံေပၚ ေရာက္လာၿပီး သူ႔ရဲ႕ မဟာဗ်ဴဟာျဖစ္တဲ့ Possession Game တစ္နည္းေျပာရရင္ Sarriball ကစားဟန္ကိုပါ ပရိသတ္ေတြဆီ ခ်ျပခဲ့တယ္။ ဒါေပမဲ့ အဲဒီပုံစံက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ သိပ္အသုံးမတည့္ခဲ့လို႔ အသင္းပရိသတ္ေတြရဲ႕ ေဝဖန္သံေတြ ဆူညံခဲ့သလို ဆာရီလည္း ခ်ယ္လ္ဆီးအသင္းကို တစ္ရာသီသာ ကိုင္ခဲ့ရၿပီး ဂ်ဴဗင္တပ္စ္အသင္းဆီ ေ႐ြ႕ခဲ့ရတယ္။ တစ္ခုရွိတာက ဆာရီဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ၂၀၁၉ ယူ႐ိုပါလိဂ္ဖလား ရယူေပးခဲ့တာေၾကာင့္ ဆိုး႐ြားတဲ့မွတ္တမ္းေတြနဲ႔ လမ္းခြဲရတာမ်ိဳးေတာ့ မဟုတ္ခဲ့ဘူး။ အခုအခ်ိန္မွာ ေတာ့ တစ္ခ်ိန္တုန္းက ေဝဖန္မႈေတြထြက္ေပၚခဲ့တဲ့ Sarriball လို Possession Game ကစားဟန္ကို ခ်ယ္လ္ဆီးအသင္းမွာ တစ္ေက်ာ့ျပန္ျမင္ေတြ႕ေနရၿပီ။ ဒီနည္းဗ်ဴဟာကို ျပန္အသက္သြင္းေနတာက ခ်ယ္လ္ဆီးနည္းျပသစ္ တူခ်ယ္ပဲျဖစ္ပါတယ္။

အသင္းရဲ႕ဂႏၴဝင္ႀကီး လမ္းပတ္ နည္းျပရာထူးက ထုတ္ပယ္ခံရၿပီး သိပ္မၾကာခင္မွာပဲ နည္းျပသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ တူခ်ယ္ဟာ သူ ပထမဆုံးကိုင္တြယ္တဲ့ ဝုလ္ဗ္နဲ႔ပြဲမွာ အေျပာင္းအလဲေတြလုပ္ခဲ့တယ္။ ကစားကြက္ကို အရင္နည္းျပကြန္တီလက္ထက္က အသုံးျပဳခဲ့တဲ့ (၃-၄-၃)ပုံစံ ျပန္ျပင္ခဲ့ၿပီး လမ္းပတ္လက္ထက္မွာ ေနရာေပ်ာက္ခဲ့သူ တခ်ိဳ႕ကိုလည္း ပြဲထြက္ေစခဲ့တယ္။ ဝုလ္ဗ္နဲ႔ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ Possession Game ကို ပီပီျပင္ျပင္ကစားႏိုင္ခဲ့သလို ပထမပိုင္းမွာ သူတို႔ရဲ႕ ေဘာလုံးေပးပို႔မႈက (၄၃၃)ႀကိမ္အထိရွိတာေၾကာင့္ ၂၀၀၃-၀၄ ရာသီကစလို႔ (၁၇)ရာသီအတြင္း ခ်ယ္လ္ဆီးအသင္းရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ ပြဲဦးထြက္မွာ ဂိုးမရွိသေရက်ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားပုံအေျပာင္းအလဲကို ျမင္ေတြ႕ခဲ့ရၿပီး ဒုတိယေျမာက္ပြဲမွာေတာ့ ဘန္ေလကို (၂)ဂိုးျပတ္အႏိုင္ရခဲ့တဲ့အျပင္ ပရိသတ္ျမင္ကြင္းထဲက ကာလအေတာ္ၾကာေပ်ာက္ကြယ္ေနတဲ့ ေနာက္ခံလူမားကို႔စ္အလြန္ဆိုကလည္း သူပထမဆုံးျပန္ကစားရတဲ့ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာက ေက်နပ္စရာလို႔ေျပာရမယ္။

အမွန္တကယ္လည္း မားကို႔စ္အလြန္ဆိုဟာ အရမ္းႀကီးေျခက်သြားတာမ်ိဳး မဟုတ္လို႔ သူ႔ကို ေခ်ာင္ထိုးထားခဲ့တဲ့ လမ္းပတ္ရဲ႕လုပ္ရပ္ကို သိပ္ေတာ့နားမလည္ခဲ့ဘူး။ (၃-၄-၃)ကစားကြက္မွာ မားကို႔စ္အလြန္ဆိုဟာ အေကာင္းဆုံးကစားႏိုင္တယ္ဆိုတာ ကြန္တီလက္ထက္ကတည္းက သက္ေသျပခဲ့ၿပီးပါၿပီ။ တူခ်ယ္ရဲ႕ေနာက္ထပ္ အေျပာင္းအလဲတစ္ခုကေတာ့ ေတာင္ပံတိုက္စစ္ကစားသမား အိုဒြိဳင္းကို Wing Back အျဖစ္ ေျပာင္းလဲအသုံးျပဳေနတာျဖစ္ၿပီး ဘန္ေလနဲ႔ပြဲမွာ ေတာ္ေတာ္ေလးေျခစြမ္းျပႏိုင္ခဲ့တယ္။ ဒါေပမဲ့ တူခ်ယ္အတြက္ အႀကီးမားဆုံးျပႆနာကေတာ့ လမ္းပတ္ကိုယ္တိုင္ ရင္ဆိုင္ခဲ့ၿပီး လက္ေျမႇာက္အရႈံးေပးခဲ့ရတဲ့ တိုက္စစ္ျပႆနာပါပဲ။ ဗာနာဟာ အခုအထိ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနဆဲ၊ ဟာဗက္ဇ္က တူခ်ယ္လက္ထက္မွာ တက္ရိပ္နည္းနည္းျပလာေပမယ့္ အေကာင္းဆုံးပုံစံ မျဖစ္ေသးဘူး။ ေနာက္ၿပီး ခ်ယ္လ္ဆီးတိုက္စစ္မွာ ဂိုးသြင္းေသခ်ာတဲ့ ကစားသမား မရွိတာကလည္း ျပႆနာပါပဲ။

တူခ်ယ္အတြက္ ျပႆနာျဖစ္ႏိုင္တဲ့ ေနာက္တစ္ခ်က္ကေတာ့ သူ အခုသုံးေနတဲ့ Possession Game ပဲျဖစ္ပါတယ္။ အေကာင္းဘက္ကၾကည့္ရင္ ေဘာလုံးပိုင္ဆိုင္မႈ ပိုမ်ားလာတယ္၊ Passing ေတြ ပိုထြက္လာတယ္ဆိုေပမယ့္ အဆိုးဘက္ကေျပာရရင္ေတာ့ အဲဒီအေနအထားကေန ဂိုးမရရင္ ဘာမွမထူးပါဘူး။ အခု ခ်ယ္လ္ဆီးကြင္းလယ္မွာက တိုက္စစ္ကို ထိထိေရာက္ေရာက္ပံ့ပိုးေပးႏိုင္တဲ့ Attacking Minded Player ထက္ ေဘာလုံးကိုင္ကစားႏိုင္တဲ့သူေတြသာ ပိုမ်ားေနတာပါ။ ေဂ်ာ္ဂ်င္ဟို၊ ကိုဗာစစ္တို႔က Holding Midfielder ပုံစံမ်ိဳးျဖစ္ၿပီး ကြန္ေတကလည္း အခုေနာက္ပိုင္း တိုက္စစ္ကို ကူညီတဲ့ေနရာမွာ အရင္လို သိပ္မေကာင္းတာကိုေတြ႕ရတယ္။ အဲဒါေၾကာင့္ ေဘာလုံးကိုင္ထားၿပီး Possession Game ကစားတာေကာင္းေပမယ့္ အဲ့လို ေဘာလုံးကိုင္ထားတာေၾကာင့္ ၿပိဳင္ဘက္အသင္းက ခံစစ္အတြက္ ျပင္ဆင္ခ်ိန္ရသြားမွာကို သတိထားရမယ္။ ဥပမာေျပာရရင္ေတာ့ ဝုလ္ဗ္လိုမ်ိဳး ခံစစ္ကို စနစ္တက်တည္ေဆာက္ၿပီး ထိေရာက္တဲ့ Counter ေတြကစားႏိုင္တဲ့အသင္းဆိုရင္ ခ်ယ္လ္ဆီး ျပႆနာရွိႏိုင္တယ္။ မ်ားေသာအားျဖင့္ ပရီးမီးယားလိဂ္ သာမန္အလယ္အလတ္အသင္းေတြဟာ အခုေနာက္ပိုင္း ခံစစ္ကစားပုံေကာင္းလာတာ၊ Counter Attacking ေတြ မွန္လာတာကိုလည္း ေတြ႕ရတယ္။ အဲဒီလိုအသင္းမ်ိဳးနဲ႔ေတြ႕ရင္ Plan B ဘာလုပ္မလဲဆိုတာ တူခ်ယ္ ႀကိဳေတြးထားဖို႔ေတာ့လိုပါၿပီ။ အခုေလာေလာဆယ္မွာေတာ့ ခ်ယ္လ္ဆီးအသင္းမွာ တူခ်ယ္ရဲ႕ နည္းစနစ္အေျပာင္းအလဲေတြနဲ႔အတူ အရင္ကနဲ႔မတူတဲ့ပုံစံမ်ိဳးကို ျမင္ေတြ႕ေနရပါၿပီ။ တူခ်ယ္အေနနဲ႔လည္း ခ်ယ္လ္ဆီးအသင္းကို ဘယ္အဆင့္အထိေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္မလဲဆိုတာ လက္က်န္ရာသီဝက္မွာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္။